ကိုင်းလ်ဟားဗက်ဇ်ဟာ ကန်တီကို ပြိုင်ဘက်အဖြစ် ရင်မဆိုင်ချင်ဘူးတဲ့..

အသက်(၃၀)အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကန်တီနဲ့ပတ်သက်ပြီး ချီးကျူးပြောဆိုမှုတွေအများကြီးရှိပါတယ်။

သူ့ရဲ့အသင်းဖော် ဂျာမန်ကြယ်ပွင့် ကစားသမား ကိုင်းလ်ဟားဗက်ဇ်ကလည်း အခုလို ချီးကျူးထားပါတယ်။

ဟားဗက်ဇ် က”ကန်တီကို မြင်လိုက်ရပြီဆိုရင် အလိုလို ပြုံးရယ်မိမှာပါ။ သူက ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အလွန်တော်တဲ့ လူတစ်ယောက်ပါ။”

“ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် သူ့ကို ကွင်းထဲမှာ တွေ့မြင်နေရချိန်ဆို ကျွန်တော်ပျော်ရွှင်နေရတယ်။

အသင်းဖော်တွေဖက်ကအမှားကြောင့် ဘောလုံး ပြိုင်ဘက်ဆီ ရောက်သွားရင်လည်း အဲဒီဘောလုံးကို ရအောင်ပြန်ဆယ်ယူပေးနိုင်ပါတယ်”

“သူက လျင်မြန်၊ ဖျတ်လတ်ပေါ့ပါးတယ်။ ဘောလုံးကို လည်း သူ့ခြေထောက်ထဲမှာ မြဲနေအောင် ထားတတ်တယ်။

ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ သူနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာက တကယ့်ကို မလွယ်ကူလှပါဘူး” ဆိုပြီး ပြောထားပါတယ်။

မန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီအက်သလက်တီကိုအား၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အပြင်ရီးရဲလ်မက်ဒရစ်နှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှစ်ကျော့လုံးတို့တွင်

Man Of The Match ဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ ကန်တီဟာ ဘလွန်းဒီအောဆု အတွက်လည်း ရေပန်းစားနေပါတယ်။

တွစ်တာတွင် 2021 ဘလွန်းဒီအော ဆုကို ဘယ်သူဆွတ်ခူးသင့်သလဲဆိုပြီးစစ်တမ်းကောက်ယူမှုတစ်ခုပြုလုပ်ခဲ့ရာပရိသတ်၁၅၅၀၀၀ကျော်တို့ပါဝင်ခဲ့ကြပါတယ်။

ကန်တီဟာမဲ၄၂.၈ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပါတယ်။

ဟားဗက်ဇ်ရဲ့ ဂျာမနီအသင်းနဲ့ ကန်တီရဲ့ ပြင်သစ်အသင်းတို့ဟာ လာမယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ အုပ်စု(F) တွင်ပေါ်တူဂီ၊ ဟန်ဂေရီအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်လို့နေပါတယ်။

Zawgyi

ကိုင္းလ္ဟားဗက္ဇ္ဟာ ကန္တီကို ၿပိဳင္ဘက္အျဖစ္ ရင္မဆိုင္ခ်င္ဘူးတဲ့..

အသက္(၃၀)အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမားကန္တီနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြအမ်ားႀကီးရွိပါတယ္။သူ႔ရဲ႕အသင္းေဖာ္ ဂ်ာမန္ၾကယ္ပြင့္ ကစားသမား ကိုင္းလ္ဟားဗက္ဇ္ကလည္း အခုလို ခ်ီးက်ဴးထားပါတယ္။

ဟားဗက္ဇ္ က”ကန္တီကို ျမင္လိုက္ရၿပီဆိုရင္ အလိုလို ၿပဳံးရယ္မိမွာပါ။ သူက ေပါင္းသင္းဆက္ဆံေရးပိုင္းမွာ အလြန္ေတာ္တဲ့ လူတစ္ေယာက္ပါ။”

“ကြင္းလယ္တိုက္စစ္ကစားသမားတစ္ေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ သူ႔ကို ကြင္းထဲမွာ ေတြ႕ျမင္ေနရခ်ိန္ဆို ကြၽန္ေတာ္ေပ်ာ္႐ႊင္ေနရတယ္။အသင္းေဖာ္ေတြဖက္ကအမွားေၾကာင့္ ေဘာလုံး ၿပိဳင္ဘက္ဆီ ေရာက္သြားရင္လည္း အဲဒီေဘာလုံးကို ရေအာင္ျပန္ဆယ္ယူေပးႏိုင္ပါတယ္”

“သူက လ်င္ျမန္၊ ဖ်တ္လတ္ေပါ့ပါးတယ္။ ေဘာလုံးကို လည္း သူ႔ေျခေထာက္ထဲမွာ ၿမဲေနေအာင္ ထားတတ္တယ္။ယူ႐ိုၿပိဳင္ပြဲရဲ႕ အဖြင့္ပြဲစဥ္မွာ သူနဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရမွာက တကယ့္ကို မလြယ္ကူလွပါဘူး” ဆိုၿပီး ေျပာထားပါတယ္။

မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမတိုင္မီအက္သလက္တီကိုအား၁-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္အျပင္ရီးရဲလ္မက္ဒရစ္ႏွင့္ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ႏွစ္ေက်ာ့လုံးတို႔တြင္ Man Of The Match ဆုကိုဆြတ္ခူးႏိုင္ခဲ့တဲ့ ကန္တီဟာ ဘလြန္းဒီေအာဆု အတြက္လည္း ေရပန္းစားေနပါတယ္။

တြစ္တာတြင္ 2021 ဘလြန္းဒီေအာ ဆုကို ဘယ္သူဆြတ္ခူးသင့္သလဲဆိုၿပီးစစ္တမ္းေကာက္ယူမႈတစ္ခုျပဳလုပ္ခဲ့ရာပရိသတ္၁၅၅၀၀၀ေက်ာ္တို႔ပါဝင္ခဲ့ၾကပါတယ္။ကန္တီဟာမဲ၄၂.၈ရာခိုင္ႏႈန္းျဖင့္ထိပ္ဆုံးတြင္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဟားဗက္ဇ္ရဲ႕ ဂ်ာမနီအသင္းနဲ႔ ကန္တီရဲ႕ ျပင္သစ္အသင္းတို႔ဟာ လာမယ့္ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲႀကီးမွာ အုပ္စု(F) တြင္ေပၚတူဂီ၊ ဟန္ေဂရီအသင္းေတြနဲ႔ တစ္အုပ္စုတည္း က်ေရာက္လို႔ေနပါတယ္။