အာဆင္နယ္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆာကာ ရရွိ

အာဆင်နယ်တောင်ပံကစားသမား ဆာကာဟာ ၂၀၂၀-၂၁ ရာသီအတွက် အသင်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ ဆာကာဟာ မကြာသေးခင်ကမှ အင်္ဂလန်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုရာသီအတွင်း နေရာစုံမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ဝက်ဘ်ဆိုက်ဒ်ကနေ ထုတ်ပြန်ကြေညာချက်အရ ဆာကာဟာ အာဆင်နယ်ပရိသတ်တွေရဲ့မဲပေးမှု ၅၁ ရာခိုင်နှုန်းအထိရရှိခဲ့တယ်လို့ သိရပါတယ်။

တောင်ပံကစားသမား ပီပီက ၁၅ရာခိုင်နှုန်း၊ ဘယ်နောက်ခံလူ တီယာနေးက ၁၄ ရာခိုင်နှုန်းနဲ့ နောက်မှာ ရပ်တည်နေတာကို ကြည့်ရင် ဆာကာရဲ့အနေအထားကို မှန်းဆနိုင်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အဆင့် ၈နေရာသာရရှိခဲ့ပြီးနောက် ရာသီသစ်မှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါပေမဲ့ ဆာကာအတွက်တော့ တစ်ဦးချင်းအနေအထားအရ တောက်ပတဲ့ရာသီဖြစ်ခဲ့ပါတယ်။

ဆာကာဟာ အဓိကအားဖြင့် ညာတောင်ပံမှာကစားလေ့ရှိပေမယ့် နည်းပြအာတီတာ စိတ်ကြိုက် နေရာစုံမှာ ကစားနိုင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၄၆ပွဲအနက် ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဆာကာဟာ အင်္ဂါနေ့က ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ပီအက်ဖ်အေလူငယ်အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။


ဒါ့အပြင် တစ်ရက်အကြာ ဗုဒ္ဓဟူးညမှာ သြစတြီးယားဘက်ကို တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူကာ အင်္ဂလန်အတွက်

ဂိုးဈေးဦးပေါက်ခဲ့ပြီး ပရီးမီးယားလိဂ်လူငယ်ကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။

Zawgyi

အာဆင္နယ္အသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆာကာ ရရွိ

အာဆင္နယ္ေတာင္ပံကစားသမား ဆာကာဟာ ၂၀၂၀-၂၁ ရာသီအတြက္ အသင္းရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ရွိ ဆာကာဟာ မၾကာေသးခင္ကမွ အဂၤလန္အသင္းအတြက္ ပထမဆုံးဂိုး သြင္းယူႏိုင္ခဲ့ၿပီး ယခုရာသီအတြင္း ေနရာစုံမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ဝက္ဘ္ဆိုက္ဒ္ကေန ထုတ္ျပန္ေၾကညာခ်က္အရ ဆာကာဟာ အာဆင္နယ္ပရိသတ္ေတြရဲ႕မဲေပးမႈ ၅၁ ရာခိုင္ႏႈန္းအထိရရွိခဲ့တယ္လို႔ သိရပါတယ္။

ေတာင္ပံကစားသမား ပီပီက ၁၅ရာခိုင္ႏႈန္း၊ ဘယ္ေနာက္ခံလူ တီယာေနးက ၁၄ ရာခိုင္ႏႈန္းနဲ႔ ေနာက္မွာ ရပ္တည္ေနတာကို ၾကည့္ရင္ ဆာကာရဲ႕အေနအထားကို မွန္းဆႏိုင္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ အဆင့္ ၈ေနရာသာရရွိခဲ့ၿပီးေနာက္ ရာသီသစ္မွာ ဥေရာပဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဒါေပမဲ့ ဆာကာအတြက္ေတာ့ တစ္ဦးခ်င္းအေနအထားအရ ေတာက္ပတဲ့ရာသီျဖစ္ခဲ့ပါတယ္။

ဆာကာဟာ အဓိကအားျဖင့္ ညာေတာင္ပံမွာကစားေလ့ရွိေပမယ့္ နည္းျပအာတီတာ စိတ္ႀကိဳက္ ေနရာစုံမွာ ကစားႏိုင္ခဲ့ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၄၆ပြဲအနက္ ၇ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

ဆာကာဟာ အဂၤါေန႔က ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ပီအက္ဖ္ေအလူငယ္အေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာလည္း ပါဝင္ခဲ့ပါတယ္။

ဒါ့အျပင္ တစ္ရက္အၾကာ ဗုဒၶဟူးညမွာ ၾသစႀတီးယားဘက္ကို တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူကာ အဂၤလန္အတြက္ ဂိုးေဈးဦးေပါက္ခဲ့ၿပီး ပရီးမီးယားလိဂ္လူငယ္ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္ခြင့္ရခဲ့ပါတယ္။