ယူနိက်တက်တို့ကို သင်ခန်းစာပေးလိုက်တဲ့ ဘိုင်ယန်မြူးနစ်

အပြောင်းအရွှေ့ဈေးကွက်မှာ လက်နှေးနေတဲ့ ယူနိက်တက်အသင်းအတွက် နောက်ထပ် ယူလို့မကုန်သေးတဲ့ သင်ခန်းစာနောက်ထပ်တစ်ခုလို့ပဲ ဆိုရမှာပါပဲ။

အသင်းရဲ့အပြောင်းအရွှေ့မှာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ ယူနိုက်တက်အသင်းရဲ့ စီမံခန့်ခွဲမှုတွေဟာ ဒီနှစ်မှာလည်း ဆက်လက်ပြီးနှေးကွေးနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ယူနိုက်တက်အသင်းနဲ့ ချိတ်ဆက်မှုတွေလုပ်ခဲ့တဲ့

အက်သလက်တီကိုကြယ်ပွင့် ဆော နီဂက် ကတော့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖြစ်ဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ဆော နီဂက် ကိုခေါ်ယူမှုဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်ကိုပြောင်းရွှေ့သွားခဲ့တဲ့ တီယေဂို အယ်ကန်တာရာ နေရာအတွက်အစားထိုးနိုင်ဖို့လည်းဖြစ်ပါတယ်။

သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆော နီဂက် ကို ဈေးကွက်ပေါက်ဈေးထက် ပိုများတဲ့ ပေါင် ၆၈သန်းနဲ့ကမ်းလှမ်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါကြောင့်လည်း ဒီကမ်းလှမ်းချက်ကို အက်သလက်တီကိုဘက်က သဘောတူလိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ကစားသမား ဘက်ကတော့ သူဟာ အိုးထရက်ဖို့မှာ ကစားချင်တယ်ဆိုပြီး ပြောဆိုထားခဲ့ပေမယ့်

ဘိုင်ယန်မြူးနစ်က မက်လောက်စရာငွေကြေးနဲ့ ကမ်းလှမ်းလာတာအပြင် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ စီမံနေတဲ့သူတွေရဲ့ ဈေးကွက်အပေါ်မှာ ဆုံးဖြတ်ချက် မပြတ်သားမှုတွေကြောင့် လက်လွှတ်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။

အခုအခါမှာလည်း မနှစ်ကတည်းက ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ဒေါ့မွန်ကဆန်ချိုကိစ္စကိုပဲ ယူနိက်တက်က ဦးစားပေးပစ်မှတ်ထားနေပြန်ပါတယ်။

CMF DMFနှစ်မျိုးလုံးလောက်ကစားနိုင်တဲ့ ဆော နီဂက် ကို ဘိုင်ယန်အသင်းဆီ ရောင်းချဖို့သဘောတူပြီးချိန်မှာ

အက်သလက်တီကိုက အူဒီနီစ် အသင်းရဲ့ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမား ရိုဒရီဂို ဒီပေါလ်ကို ပေါင် ၃၄သန်းနဲ့ခေါ်ယူဖို့ကမ်းလှမ်းထားလိုက်ပါတယ်။

လက်နှေးတဲ့ယူနိက်တက်တို့ကတော့ ဒီတစ်ခါမှာလည်း ချိန်ပါဖြစ်ခဲ့ပြန်ပါပြီ။

Zawgyi













