မိသားစုကို အရမ်းတန်ဖိုးထားတတ်တဲ့ ဘရူနို

ယူနိုက်တက်ပရိတ်သတ်တွေရဲ့ အချစ်တော် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၂၀ယူရိုပြိုင်ပွဲဝင်ရန် ပေါ်တူဂီလက်ရွေးစင်အသင်းတွင် ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။

ဘရူနိုဟာ သူ့ရဲ့မိသားစုကို အရမ်းတန်ဖိုးထားတတ်သူဖြစ်ပါတယ်။ ၁၆ နှစ်အရွယ်ကတည်းက တွဲလာတဲ့အန်ပင်ဟိုဟာ သူ့ရဲ့ပထမဆုံးနဲ့ တစ်ဦးတည်းသောချစ်သူဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ဂိုးသွင်းပြီးတဲ့ အချိန်တိုင်း နားရွက်နှစ်ဖက်ကို လက်နဲ့အုပ်ပြီး အောင်ပွဲခံလေ့ရှိကာ အဲဒါကလည်း သူ့သမီးလေးကို ရည်ရွယ်ပြီး အောင်ပွဲခံတာ ဖြစ်ပါတယ်။

အခုအခါမှာလည်း သူဝတ်ဆင်ကစားသွားမယ့် ဘောကန်ဖိနပ်ရဲ့ တစ်ဖက်စီမှာ သူ့ကလေးနှစ်ဦးဖြစ်တဲ့ Gonçalo နှင့် Matilde တို့၏နာမည်ကို ရေးထိုးထားလိုက်ပါပြီ။ သမီးကို 2017မှာ မွေးခဲ့ပြီး ‌သားလေးကိုတော့ မနှစ်က ‌မွေးခဲ့တာဖြစ်ပါတယ်။ ချစ်တတ်တဲ့ ဖခင်ကြီး ဘရူနိုဟာ ပေါ်တူဂီအသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေပြသချိန်မှာ သားနဲ့ သမီးကိုပါ ကွင်းထဲမှာ အတူရှိအောင် လုပ်ဆောင်လိုက်တဲ့ သဘောပါ။

နန်ဒက်စ် ဟာ ဒီရာသီ အသင်းအတွက် အထူးပုံစံကောင်း ပြသထားနိုင်ခဲ့ပြီး အဆင့် 2 နေရာမှာ ရာသီ ပိတ်သိမ်းအောင် ကူညီပေးထားနိုင်ခဲ့တဲ့ အတွက် ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ မှာ 28 ဂိုး သွင်းယူ ၊ 18 ကြိမ်ထိ ဂိုးဖန်တီး ပေးထားနိုင်ခဲ့ကာ ၊ ယူနိုက်တက် ပရိသတ်တွေ ရွေးချယ်ပေးတဲ့ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ရာသီဆက် ဆွတ်ခူးထားပါသေးတယ်။

zawgyi

မိသားစုကို အရမ္းတန္ဖိုးထားတတ္တဲ့ ဘ႐ူႏို

ယူႏိုက္တက္ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၂၀၂၀ယူ႐ိုၿပိဳင္ပြဲဝင္ရန္ ေပၚတူဂီလက္ေ႐ြးစင္အသင္းတြင္ ပူးေပါင္းခဲ့ၿပီျဖစ္ပါတယ္။

ဘ႐ူႏိုဟာ သူ႔ရဲ႕မိသားစုကို အရမ္းတန္ဖိုးထားတတ္သူျဖစ္ပါတယ္။ ၁၆ ႏွစ္အ႐ြယ္ကတည္းက တြဲလာတဲ့အန္ပင္ဟိုဟာ သူ႔ရဲ႕ပထမဆုံးနဲ႔ တစ္ဦးတည္းေသာခ်စ္သူျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဂိုးသြင္းၿပီးတဲ့ အခ်ိန္တိုင္း နား႐ြက္ႏွစ္ဖက္ကို လက္နဲ႔အုပ္ၿပီး ေအာင္ပြဲခံေလ့ရွိကာ အဲဒါကလည္း သူ႔သမီးေလးကို ရည္႐ြယ္ၿပီး ​ေအာင္ပြဲခံတာ ျဖစ္ပါတယ္။

အခုအခါမွာလည္း သူဝတ္ဆင္ကစားသြားမယ့္ ေဘာကန္ဖိနပ္ရဲ႕ တစ္ဖက္စီမွာ သူ႔ကေလးႏွစ္ဦးျဖစ္တဲ့ Gonçalo ႏွင့္ Matilde တို႔၏နာမည္ကို ေရးထိုးထားလိုက္ပါၿပီ။ သမီးကို 2017မွာ ေမြးခဲ့ၿပီး ‌သားေလးကိုေတာ့ မႏွစ္က ‌ေမြးခဲ့တာျဖစ္ပါတယ္။ ခ်စ္တတ္တဲ့ ဖခင္ႀကီး ဘ႐ူႏိုဟာ ေပၚတူဂီအသင္းနဲ႔ အတူ ေျခစြမ္းေကာင္းေတြျပသခ်ိန္မွာ သားနဲ႔ သမီးကိုပါ ကြင္းထဲမွာ အတူရွိ​ေအာင္ လုပ္​ေဆာင္လိုက္တဲ့ သ​ေဘာပါပဲ။

ဖာနန္ဒက္စ္ ဟာ ဒီရာသီ အသင္းအတြက္ အထူးပုံစံေကာင္း ျပသထားႏိုင္ခဲ့ၿပီး အဆင့္ 2 ေနရာမွာ ရာသီ ပိတ္သိမ္းေအာင္ ကူညီေပးထားႏိုင္ခဲ့တဲ့ အတြက္ ပရီးမီးယားလိဂ္ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆု ဆန္ခါတင္ စာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ယူႏိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ မွာ 28 ဂိုး သြင္းယူ ၊ 18 ႀကိမ္ထိ ဂိုးဖန္တီး ေပးထားႏိုင္ခဲ့ကာ ၊ ယူႏိုက္တက္ ပရိသတ္ေတြ ေ႐ြးခ်ယ္ေပးတဲ့ အသင္းရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကိုလည္း ႏွစ္ရာသီဆက္ ဆြတ္ခူးထားပါေသးတယ္။