ဘရာဇီးကစားသမားတွေ မကျေနပ်တဲ့ ကိုပါပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံလိုက်တဲ့ကိစ္စ

အစောပိုင်းတုန်းက ကိုလံဘီယာနဲ့ အာဂျင်တီးနားနိုင်ငံတို့မှာ ပူးတွဲကျင်းပဖို့ စီစဉ်ထားတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ကိုလံဘီယာရဲ့နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုနဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ကိုဗစ်ရောဂါပိုး မထိန်းချုပ်သေးတာတွေကြောင့် ဘရာဇီး နိုင်ငံက ကမန်းကတန်း အိမ်ရှင်လုပ်လိုက်ရတာပါ။

ဒါပေမယ့် အခု လက်ခံကျင်းပဖို့ သဘောတူထားတဲ့ ဘရာဇီးနိုင်ငံဟာလည်း ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ တတိယ အများဆုံး နိုင်ငံ ဖြစ်ပြီး စီးပွားရေး ကျပ်တည်းမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ် ။

ဒါကြောင့် ဘရာဇီးလက်ရွေးစင် အသင်းသားတစ်ချို့ဟာ နိုင်ငံ ကျပ်တည်းနေချိန်မှာ ကိုပါအမေရိကဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်နေကြပြီး ဘောလုံးအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အလိုရှိနေကြပါတယ်။

အသင်းခေါင်းဆောင် ကာစီမီရို တစ်ယောက်ကတော့ သူ့ရဲ့ မကျေနပ်တဲ့ သဘောထားကို ပြသတဲ့အနေနဲ့ အီကွေဒေါနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့် ဘရာဇီး အသင်း နည်းပြ တီတီ ကတော့ ကက်စ်မဲရိုး မတက်ရောက်တဲ့ အပေါ် ကာကွယ်ပြောကြားခဲ့တာပါ။

သူက ” ကျွန်တော်တို့ကတော့ အီကွေဒေါ နဲ့ ပွဲကိုပဲ အာရုံစိုက်ထားကြဖို့ ကစားသမားတွေကို ပြောထားပါတယ်။

နောက်ပြီး ကစားသမားတွေဘက်က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ တိုက်ရိုက်စကားပြောခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

အရာအားလုံးက ပွင့်ပွင့်လင်းလင်း ရှိတဲ့ စကားဝိုင်းဆွေးနွေးမှုပါပဲ၊

ကစားသမားတွေရဲ့ ရပ်တည်ချက်ကလည်း လုံးဝကို ရှင်းရှင်းလင်းလင်းပါပဲ၊

ဘာတွေပြောခဲ့ကြသလဲဆိုတာတော့ အခု အချိန်မှာ ထုတ်ပြောလို့ မရနိုင်သေးပါဘူး။

ကျွန်တော်တို့ အနေနဲ့ အခုအချိန်မှာ အီကွေဒေါ နဲ့ပွဲမှာ ကစားပုံကောင်းဖို့ နဲ့ အနိုင်ရဖို့ကိုပဲ အာရုံ စိုက်ထားပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ နောက်ပိုင်းကျရင် အခြေအနေတွေကို သေသေချာချာ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်လို့ နားလည်ထားပါတယ်။

ကစားသမားတွေဆီမှာလည်း အကြံဉာဏ်တွေ ရှိပါတယ်၊သူတို့ ဖြစ်စေချင်တာကို ဥက္ကဋ္ဌကို ပြောပြခဲ့ပြီးပါပြီ၊

အချိန်တန်ရင် လူထုကိုလည်း ပြောပြပါလိမ့်မယ်၊

ဒါကြောင့် ဒီနေ့ အင်တာဗျူး အစီအစဉ်မှာ အသင်းခေါင်းဆောင် ကာစီမီရိုကို မတွေ့ရတာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် စနေနံနက် ၇ နာရီမှာ အီကွေဒေါ အသင်း နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲကို ဘရာဇီးအသင်းမှာ နေမာအပါအဝင် နာမည်ကြီး ကစားသမားတွေကို ရွေးချယ်ထားပြီး အာဂျင်တီးနားနဲ့အတူ ဗီုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်နေပါတယ်။

Zawgyi

ဘရာဇီးကစားသမားေတြ မေက်နပ္တဲ့ ကိုပါၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ လက္ခံလိုက္တဲ့ကိစၥ

အေစာပိုင္းတုန္းက ကိုလံဘီယာနဲ႔ အာဂ်င္တီးနားႏိုင္ငံတို႔မွာ ပူးတြဲက်င္းပဖို႔ စီစဥ္ထားတဲ့ကိုပါအေမရိကဖလားၿပိဳင္ပြဲဟာ ကိုလံဘီယာရဲ႕ ႏိုင္ငံေရး အေျခအေန မတည္ၿငိမ္မႈနဲ႔ အာဂ်င္တီးနားႏိုင္ငံရဲ႕ ကိုဗစ္ေရာဂါပိုး မထိန္းခ်ဳပ္ေသးတာေတြေၾကာင့္ ဘရာဇီး ႏိုင္ငံက ကမန္းကတန္း အိမ္ရွင္လုပ္လိုက္ရတာပါ။ဒါေပမယ့္ အခု လက္ခံက်င္းပဖို႔ သေဘာတူထားတဲ့ ဘရာဇီးႏိုင္ငံဟာလည္း ကမာၻေပၚမွာ ကိုဗစ္ေရာဂါ တတိယ အမ်ားဆုံး ႏိုင္ငံ ျဖစ္ၿပီး စီးပြားေရး က်ပ္တည္းမႈေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

ဒါေၾကာင့္ ဘရာဇီးလက္ေ႐ြးစင္ အသင္းသားတစ္ခ်ိဳ႕ဟာ ႏိုင္ငံ က်ပ္တည္းေနခ်ိန္မွာ ကိုပါအေမရိကဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ဆုံးျဖတ္ခ်က္အေပၚ မေက်မနပ္ ျဖစ္ေနၾကၿပီး ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈလုပ္ဖို႔ အလိုရွိေနၾကပါတယ္။ အသင္းေခါင္းေဆာင္ ကာစီမီ႐ို တစ္ေယာက္ကေတာ့ သူ႔ရဲ႕ မေက်နပ္တဲ့ သေဘာထားကို ျပသတဲ့အေနနဲ႔ အီေကြေဒါနဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲကို တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ဘရာဇီး အသင္း နည္းျပ တီတီ ကေတာ့ ကက္စ္မဲ႐ိုး မတက္ေရာက္တဲ့ အေပၚ ကာကြယ္ေျပာၾကားခဲ့တာပါ။

သူက ” ကြၽန္ေတာ္တို႔ကေတာ့ အီေကြေဒါ နဲ႔ ပြဲကိုပဲ အာ႐ုံစိုက္ထားၾကဖို႔ ကစားသမားေတြကို ေျပာထားပါတယ္။ေနာက္ၿပီး ကစားသမားေတြဘက္က ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠ႒နဲ႔ တိုက္႐ိုက္စကားေျပာခြင့္ရဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အရာအားလုံးက ပြင့္ပြင့္လင္းလင္း ရွိတဲ့ စကားဝိုင္းေဆြးေႏြးမႈပါပဲ၊ကစားသမားေတြရဲ႕ ရပ္တည္ခ်က္ကလည္း လုံးဝကို ရွင္းရွင္းလင္းလင္းပါပဲ၊ဘာေတြေျပာခဲ့ၾကသလဲဆိုတာေတာ့ အခု အခ်ိန္မွာ ထုတ္ေျပာလို႔ မရႏိုင္ေသးပါဘူး။

ကြၽန္ေတာ္တို႔ အေနနဲ႔ အခုအခ်ိန္မွာ အီေကြေဒါ နဲ႔ပြဲမွာ ကစားပုံေကာင္းဖို႔ နဲ႔ အႏိုင္ရဖို႔ကိုပဲ အာ႐ုံ စိုက္ထားပါတယ္။ႏိုင္ငံတကာပြဲစဥ္ေတြ ေနာက္ပိုင္းက်ရင္ အေျခအေနေတြကို ေသေသခ်ာခ်ာ ရွင္းရွင္းလင္းလင္း သိရလိမ့္မယ္လို႔ နားလည္ထားပါတယ္။ကစားသမားေတြဆီမွာလည္း အႀကံဉာဏ္ေတြ ရွိပါတယ္၊ သူတို႔ ျဖစ္ေစခ်င္တာကို ဥကၠ႒ကို ေျပာျပခဲ့ၿပီးပါၿပီ ၊အခ်ိန္တန္ရင္ လူထုကိုလည္း ေျပာျပပါလိမ့္မယ္၊ ဒါေၾကာင့္ ဒီေန႔ အင္တာဗ်ဴး အစီအစဥ္မွာ အသင္းေခါင္းေဆာင္ ကာစီမီ႐ိုကို မေတြ႕ရတာပါ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဘရာဇီးအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲအျဖစ္စေနနံနက္ ၇ နာရီမွာ အီေကြေဒါ အသင္း နဲ႔ ကစားရမွာ ျဖစ္ပါတယ္။ကိုပါအေမရိကဖလားၿပိဳင္ပြဲကို ဘရာဇီးအသင္းမွာ ေနမာအပါအဝင္ နာမည္ႀကီး ကစားသမားေတြကို ေ႐ြးခ်ယ္ထားၿပီး အာဂ်င္တီးနားနဲ႔အတူ ဗီုလ္စြဲဖို႔ ေရပန္းအစားဆုံး အသင္းျဖစ္ေနပါတယ္။