ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုဆိုတာ

မန်စီးတီးအသင်းရဲ့ ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ဟာ ၂၀၂၀-၂၁ ရာသီ၏ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် ရူဘင်ဒီယက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပရီးမီယားလိဂ်(၃၂)ပွဲကစားကာ အသင်းရဲ့ ခံစစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ နောက်ခံလူ ရူဘင်ဒီယက်စ်ကို မခေါ်ခင်အချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလားနဲ့ လိဂ်ဖလားရရှိခဲ့ပါတယ်။

အဲဒီနောက် မန်စီးတီးအသင်းဟာ နောက်ခံလူ ရူဘင်ဒီယက်စ်ကို ခေါ်ယူပြီးနောက်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဖလားနဲ့ လိဂ်ဖလားကို ရရှိခဲ့ပြန်ပါတယ်။

ရူဘင်ဒီယက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၃၂ပွဲကစားခဲ့တဲ့အနက် ၁၅ ပွဲ Clean Sheets ရယူနိုင်ခဲ့သလို ကိုယ်တိုင်လည်း ၁ဂိုးသွင်းယူပြီး အသင်းနဲ့အတူ အောင်မြင်မှု အချို့ ရရှိခဲ့ပါတယ်။

သူဟာ မန်စီးတီးအသင်းဖော် ဒီဘရိုင်းနဲ့ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းတို့ကို ကျော်ဖြတ်ကာ အဆိုပါဆုကိုရရှိခဲ့တာပါ။

ရူဘင်ဒီယက်စ်ဟာ မန်စီးတီးအသင်းနှင့် ပထမဆုံး ရာသီမှာပင် အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု၊ လိဂ်ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်တွင်လည်း ဗိုလ်လုပွဲကို ရောက်ရှိခဲ့ပါတယ်။