စီရော်နယ်ဒို မက်ဒရစ်မြို့ကိုပြန်ချိန်မှာ ပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုတာကို မခံခဲ့ရ

ယူရိုပြိုင်ပွဲအကြိုအဖြစ် စပိန်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ စပိန်ပရိသတ်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ သောကြာနေ့က မက်ဒရစ်မြို့ကိုပြန်ချိန်မှ ာပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုတာကို မခံရဘူးလို့ စပိန်မီဒီယာတွေကဖော်ပြပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းပိုင်ကွင်းဖြစ်တဲ့ Estadio Wanda Metropolitano အားကစားကွင်းကိုလာရောက်တဲ့ ပရိသတ်တွေဟာစီရော်နယ်ဒိုကို ပစ်မှတ်ထားလှောင်ပြောင်တာမျိုးတွေရှိခဲ့ကြောင်း၊ ပရိသတ်တွေဟာ ကွင်းအတွင်းသွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ စီရော်နယ်ဒိုဘောလုံးထိချိန်မှာ အော်ဟစ်လှောင်ပြောင်တာမျိုးတွေလုပ်ခဲ့တာဖြစ်ကြောင်း စပိန်မီဒီယာတွေကဖော်ပြပါတယ်။မက်ဒရစ်မှာကစားခဲ့တဲ့ အဆိုပါပွဲက ဂိုးမရှိသရေဖြစ်ခဲ့ပြီး ရော်နယ်ဒို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်းဟာ ဂိုးပေါက်တည့်မှုတစ်ကြိမ်တည်းသာရှိခဲ့ပြီး လာပေါ့တ်ရဲ့ စပိန်ပွဲဦးထွက်ပွဲစဉ်ကတော့ ပေးဂိုးမရှိတဲ့ပွဲဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒို တစ်ယောက် ဘောလုံးထိချိန်တိုင်းနဲ့ ပြေးလွှားကစားချိန်တိုင်းမှာ ပရိသတ်တွေက “boo” လို့ အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်မှာလည်း ဝီစိမှုတ်ကာ လှောင်ပြောင်ခဲ့ကြပါတယ်။ မနေ့က ရော်နယ်ဒို ဟာ သူတစ်ယောက်တည်းလှောင်ပြောင်ခံရတာမဟုတ်ဘဲ သူ့ရဲ့ဂျူဗီအသင်းဖော်၊ စပိန်တိုက်စစ်မှူးမိုရာတာနဲ့ နည်းပြအင်းနရစ်တို့လည်း လှောင်ပြောင်ခံခဲ့ရပါတယ်။

စီရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ မြို့ခံပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းမှာနှစ်အတန်ကြာ ပါဝင်ကစားခဲ့သူဖြစ်တာကြောင့် အက်သလက်တီကို မက်ဒရစ်ကွင်းကို တစ်ကျော့ပြန်ရောက်ရှိချိန်မှာပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင် အော်ဟစ်ခဲ့တာဖြစ်ဖွယ်ရှိတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

zawgyi

စီေရာ္နယ္ဒို မက္ဒရစ္ၿမိဳ႕ကိုျပန္ခ်ိန္မွာ ပရိသတ္ေတြရဲ႕ေႏြးေထြးစြာႀကိဳဆိုတာကို မခံခဲ့ရ

ယူ႐ိုၿပိဳင္ပြဲအႀကိဳအျဖစ္ စပိန္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာေတာ့ ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ စပိန္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္တာကို ခံခဲ့ရပါတယ္။

ဂ်ဴဗင္တပ္တိုက္စစ္မႉးစီေရာ္နယ္ဒိုဟာ ေသာၾကာေန႔က မက္ဒရစ္ၿမိဳ႕ကိုျပန္ခ်ိန္မွ ာပရိသတ္ေတြရဲ႕ေႏြးေထြးစြာႀကိဳဆိုတာကို မခံရဘူးလို႔ စပိန္မီဒီယာေတြကေဖာ္ျပပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းပိုင္ကြင္းျဖစ္တဲ့ Estadio Wanda Metropolitano အားကစားကြင္းကိုလာေရာက္တဲ့ ပရိသတ္ေတြဟာစီေရာ္နယ္ဒိုကို ပစ္မွတ္ထားေလွာင္ေျပာင္တာမ်ိဳးေတြရွိခဲ့ေၾကာင္း၊ ပရိသတ္ေတြဟာ ကြင္းအတြင္းေသြးပူေလ့က်င့္ခန္းလုပ္ေနတဲ့ စီေရာ္နယ္ဒိုေဘာလုံးထိခ်ိန္မွာ ေအာ္ဟစ္ေလွာင္ေျပာင္တာမ်ိဳးေတြလုပ္ခဲ့တာျဖစ္ေၾကာင္း စပိန္မီဒီယာေတြကေဖာ္ျပပါတယ္။

မက္ဒရစ္မွာကစားခဲ့တဲ့ အဆိုပါပြဲက ဂိုးမရွိသေရျဖစ္ခဲ့ၿပီး ေရာ္နယ္ဒို ပြဲခ်ိန္ျပည့္ပါဝင္ကစားခဲ့ေပမယ့္လည္း ေပၚတူဂီအသင္းဟာ ဂိုးေပါက္တည့္မႈတစ္ႀကိမ္တည္းသာရွိခဲ့ၿပီး လာေပါ့တ္ရဲ႕ စပိန္ပြဲဦးထြက္ပြဲစဥ္ကေတာ့ ေပးဂိုးမရွိတဲ့ပြဲျဖစ္လာခဲ့ပါတယ္။

ေရာ္နယ္ဒို တစ္ေယာက္ ေဘာလုံးထိခ်ိန္တိုင္းနဲ႔ ေျပးလႊားကစားခ်ိန္တိုင္းမွာ ပရိသတ္ေတြက “boo” လို႔ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး ေသြးပူေလ့က်င့္ခန္းျပဳလုပ္ေနခ်ိန္မွာလည္း ဝီစိမႈတ္ကာ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ မေန႔က ေရာ္နယ္ဒို ဟာ သူတစ္ေယာက္တည္းေလွာင္ေျပာင္ခံရတာမဟုတ္ဘဲ သူ႔ရဲ႕ဂ်ဴဗီအသင္းေဖာ္၊ စပိန္တိုက္စစ္မႉးမိုရာတာနဲ႔ နည္းျပအင္းနရစ္တို႔လည္း ေလွာင္ေျပာင္ခံခဲ့ရပါတယ္။

စီေရာ္နယ္ဒိုဟာ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ရီးရဲလ္မက္ဒရစ္အသင္းမွာႏွစ္အတန္ၾကာ ပါဝင္ကစားခဲ့သူျဖစ္တာေၾကာင့္ အက္သလက္တီကို မက္ဒရစ္ကြင္းကို တစ္ေက်ာ့ျပန္ေရာက္ရွိခ်ိန္မွာၿပိဳင္ဘက္ပရိသတ္ေတြက ေလွာင္ေျပာင္ ေအာ္ဟစ္ခဲ့တာျဖစ္ဖြယ္ရွိတယ္လို႔ သတင္းေတြကေဖာ္ျပပါတယ္။