စီရော်နယ်ဒိုဟာ ယူရိုပွဲစဉ်အများဆုံးကစားထားတဲ့ ကစားသမားစံချိန်ကို ဆက်လက်ပြီးထိန်းသိမ်းနိုင်ဖို့ရှိနေ

ပေါ်တူဂီရဲ့ ခြေစမ်းပွဲစဉ် မတိုင်ခင်မှာ ဒိုလေးကတော့ လာမယ့် ယူရိုပွဲအတွက် အတော့်ကို အားခဲထားတာပါ။ နိုင်ငံအတွက် ခြေစွမ်းပြချင်တဲ့ စီရော်နယ်ဒိုဟာ ယူရိုပွဲစဉ်အများဆုံးကစားထားတဲ့ ကစားသမားစံချိန်ကို ဆက်လက်ပြီးထိန်းသိမ်းနိုင်ဖို့ရှိနေပါတယ်။

အသက် ၃၆ နှစ် အရွယ် စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၃၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး စီးရီးအေမှာလည်း သွင်းဂိုး ၂၉ ဂိုးနဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဂျူဗီတိုက်စစ်မှူးဟာ လက်ရှိမှာ ယူရိုပွဲပေါင်း ၂၁ပွဲအထိ ကစားထားကာ ဒုတိယနေရာက ကစားသမားထက် ၃ ပွဲအထိ အသာစီးရရှိထားတာဖြစ်ပါတယ်။

မကြာမီ လာတော့မယ့် ယူရိုပွဲကြီးမှာ ရော်နယ်ဒိုဟာ ပွဲအရေအတွက်ကို နောက်ထပ်တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ပေါ်တူဂီ နည်းပြအနေနဲ့ ဂျူဗီကြယ်ပွင့်ကြီးကိုမှ ပွဲထုတ်မသုံးရင် မိုက်လိုက်တာ သားရယ် ဖြစ်သွားပါမယ်။ အခြားကစားသမားတွေအနေနဲ့ စီရော်နယ်ဒိုရဲ့စံချိန်မှတ်တမ်းကိုလိုက်မီဖို့အတွက်ကတော့ တော်တော်လေးကိုကြိုးစားရမှာဖြစ်ပါတယ်။

ရော်နယ်ဒိုကို အနီးကပ်ဆုံး ဖိအားပေးနိုင်ခဲ့သူ ကတော့ ကစားသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ ဂျာမနီကွင်းလယ်လူရှဝိန်းစတိုင်ဂါဖြစ်ပြီး ၁၈ ပွဲကစားထားတာဖြစ်ပါတယ်။ အဲဒီနောက် ဘတ်ဖွန်က ၁၇ ပွဲ၊ ဗန်ဒါဆား၊ သူရမ်၊ အင်နီယေစတာ၊ ဖာဘရီဂတ်စ်တို့က ၁၆ ပွဲစီ ရှိနေကြပြီး ပေါ်တူဂီအသင်းဖော်တွေဖြစ်တဲ့ ပီပီနဲ့ နာနီတို့ကတော့ ၁၅ ပွဲစီသာရှိပါသေးတယ်။

၂၀၀၄ ယူရိုပြိုင်ပွဲမှာ စတင်ကစားခဲ့တဲ့ ရော်နယ်ဒိုဟာ လေးကြိမ်ဆက်တိုက်၊ နှစ်ပေါင်းအားဖြင့် ၁၂ နှစ်ဆက်တိုက်ကစားပေးခဲ့ပြီး ဒီနှစ်ကတော့ ငါးကြိမ်မြောက် နဲ့ ၁၇ နှစ်မြောက် လက်ရွေးစင်အသင်းအတွက် ကစားပေးရမှာလည်းဖြစ်ပါတယ်။ ဒိုလေးဟာ အခုနှစ်မှာဖလားရဖို့လည်း မျှော်မှန်းထားပါတယ်။

zawgyi

စီ​ေရာ္နယ္ဒိုဟာ ယူ႐ိုပြဲစဥ္အမ်ားဆုံးကစားထားတဲ့ ကစားသမားစံခ်ိန္ကို ဆက္လက္ၿပီးထိန္းသိမ္းႏိုင္ဖို႔ရွိေန

​ေပၚတူဂီရဲ႕ ​ေျခစမ္းပြဲစဥ္ မတိုင္ခင္မွာ ဒို​ေလးက​ေတာ့ လာမယ့္ ယူ႐ိုပြဲအတြက္ အ​ေတာ့္ကို အားခဲထားတာပါ။ ႏိုင္ငံအတြက္ ​ေျခစြမ္းျပခ်င္တဲ့ စီ​ေရာ္နယ္ဒိုဟာ ယူ႐ိုပြဲစဥ္အမ်ားဆုံးကစားထားတဲ့ ကစားသမားစံခ်ိန္ကို ဆက္လက္ၿပီးထိန္းသိမ္းႏိုင္ဖို႔ရွိေနပါတယ္။

အသက္ ၃၆ ႏွစ္ အ႐ြယ္ စီေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အတြက္ ၿပိဳင္ပြဲစုံ ၄၄ ပြဲမွာ ၃၆ ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး စီးရီးေအမွာလည္း သြင္းဂိုး ၂၉ ဂိုးနဲ႔အတူ ဂိုးသြင္းအမ်ားဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။ ဂ်ဴဗီတိုက္စစ္မႉးဟာ လက္ရွိမွာ ယူ႐ိုပြဲေပါင္း ၂၁ပြဲအထိ ကစားထားကာ ဒုတိယေနရာက ကစားသမားထက္ ၃ ပြဲအထိ အသာစီးရရွိထားတာျဖစ္ပါတယ္။

မၾကာမီ လာ​ေတာ့မယ့္ ယူ႐ိုပြဲႀကီးမွာ ေရာ္နယ္ဒိုဟာ ပြဲအေရအတြက္ကို ေနာက္ထပ္တိုးျမႇင့္ႏိုင္မွာျဖစ္ပါတယ္။ ​ေပၚတူဂီ နည္းျပအ​ေနနဲ႔ ဂ်ဴဗီၾကယ္ပြင့္ႀကီးကိုမွ ပြဲထုတ္မသုံးရင္ မိုက္လိုက္တာ သားရယ္ ျဖစ္သြားပါမယ္။ အျခားကစားသမားေတြအ​ေနနဲ႔ စီ​ေရာ္နယ္ဒိုရဲ႕စံခ်ိန္မွတ္တမ္းကိုလိုက္မီဖို႔အတြက္ကေတာ့ ေတာ္ေတာ္ေလးကိုႀကိဳးစားရမွာျဖစ္ပါတယ္။

ေရာ္နယ္ဒိုကို အနီးကပ္ဆုံး ဖိအား​ေပးႏိုင္ခဲ့သူ ကေတာ့ ကစားသမားဘဝက အနားယူသြားခဲ့ၿပီျဖစ္တဲ့ ဂ်ာမနီကြင္းလယ္လူရွဝိန္းစတိုင္ဂါျဖစ္ၿပီး ၁၈ ပြဲကစားထားတာျဖစ္ပါတယ္။ အဲဒီ​ေနာက္ ဘတ္ဖြန္က ၁၇ ပြဲ၊ ဗန္ဒါဆား၊ သူရမ္၊ အင္နီေယစတာ၊ ဖာဘရီဂတ္စ္တို႔က ၁၆ ပြဲစီ ရွိေနၾကၿပီး ေပၚတူဂီအသင္းေဖာ္ေတြျဖစ္တဲ့ ပီပီနဲ႔ နာနီတို႔က​ေတာ့ ၁၅ ပြဲစီသာရွိပါ​ေသးတယ္။

၂၀၀၄ ယူ႐ိုၿပိဳင္ပြဲမွာ စတင္ကစားခဲ့တဲ့ ေရာ္နယ္ဒိုဟာ ေလးႀကိမ္ဆက္တိုက္၊ ႏွစ္ေပါင္းအားျဖင့္ ၁၂ ႏွစ္ဆက္တိုက္ကစားေပးခဲ့ၿပီး ဒီႏွစ္ကေတာ့ ငါးႀကိမ္​ေျမာက္ နဲ႔ ၁၇ ႏွစ္​ေျမာက္ လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးရမွာလည္းျဖစ္ပါတယ္။ ဒို​ေလးဟာ အခုႏွစ္မွာဖလားရဖို႔လည္း ​ေမွ်ာ္မွန္းထားပါတယ္။