ကွင်းလယ်လူ ပေါလ်ပေါ့ဘာ နေရာ အစားထိုးဖို့ ပစ်မှတ်တွေကို ရှာဖွေနေတာ

မန်ချက်စတာ ယူနိုက်တက်က ယခုနွေရာသီ အပြောင်းအရွေ့မှာ ဗဟိုကွင်းလယ်ကစားသမားနေရာကို ခေါ်ယူအားဖြည့်ဖို့ မျှော်လင့်နေပါတယ်။ သရဲနီတို့ဟ အပြောင်းအရွေ့သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာ နေရာ အစားထိုးဖို့ ဖြစ်နိုင်ဖွယ် နွေရာသီ ပစ်မှတ်တွေကို ရှာဖွေနေတာဖြစ်ပါတယ်။

သတင်းထောက် ODonnellDale အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကစားသမား ဟယ်ရီ ဝင့်ကို ခေါ်ယူနိုင်ဖို့အတွက် တော့တင်ဟမ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နောက်ပြီး အသင်းနဲ့ နီးစပ်တဲ့ သတင်းတစ်ခုက ယူနိုက်တက်ရဲ့ကစားသမား ခေါ်ယူရေး အဖွဲ့ဟာ အသက် ( ၂၅ ) နှစ်အရွယ် အင်္ဂလန် ကွင်းလယ်လူကို သဘောကျလျက်ရှိတယ်လို့ ဆိုပါတယ်။

ဝင့်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ( ၉ ) ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး လန်ဒန်ကလပ် နဲ့ သူ့ရဲ့ အနာဂတ်က သေချာမှုမရှိ ဖြစ်နေပါတယ်။ တော့တင်ဟမ်ဟော့စပါး ဥက္ကဌ ဒန်နီရယ် လေဗိုင်းက ကစားသမားကို ရောင်းချဖို့ အသင့်ရှိနေပြီး ပေါင် ( ၂၅ ) သန်းဝန်းကျင်နဲ့ ခွင့်ပြုလိမ့်မယ်လို့ ယူနိုက်တက်က နားလည်ထားပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ နောက်ထပ် ကွင်းလယ်ပစ်မှတ်အဖြစ် အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi

ကြင္းလယ္လူ ေပါလ္ေပါ့ဘာ ေနရာ အစားထိုးဖို႔ ပစ္မွတ္ေတြကို ရွာေဖြေနတာ

မန္ခ်က္စတာ ယူႏိုက္တက္က ယခုေႏြရာသီ အေျပာင္းအေရြ႕မွာ ဗဟိုကြင္းလယ္ကစားသမားေနရာကို ေခၚယူအားျဖည့္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ သရဲနီတို႔ဟ အေျပာင္းအေ႐ြ႕သတင္းေတြထြက္ေနတဲ့ ကြင္းလယ္လူ ေပါလ္ေပါ့ဘာ ေနရာ အစားထိုးဖို႔ ျဖစ္ႏိုင္ဖြယ္ ေႏြရာသီ ပစ္မွတ္ေတြကို ရွာေဖြေနတာျဖစ္ပါတယ္။

သတင္းေထာက္ ODonnellDale အရ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ကြင္းလယ္ကစားသမား ဟယ္ရီ ဝင့္ကို ေခၚယူႏိုင္ဖို႔အတြက္ ေတာ့တင္ဟမ္အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ေနာက္ၿပီး အသင္းနဲ႔ နီးစပ္တဲ့ သတင္းတစ္ခုက ယူႏိုက္တက္ရဲ႕ကစားသမား ေခၚယူေရး အဖြဲ႕ဟာ အသက္ ( ၂၅ ) ႏွစ္အ႐ြယ္ အဂၤလန္ ကြင္းလယ္လူကို သေဘာက်လ်က္ရွိတယ္လို႔ ဆိုပါတယ္။

ဝင့္ဟာ ၿပီးခဲ့တဲ့ ရာသီမွာ ပရီးမီးယားလိဂ္ ( ၉ ) ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး လန္ဒန္ကလပ္ နဲ႔ သူ႔ရဲ႕ အနာဂတ္က ေသခ်ာမႈမရွိ ျဖစ္ေနပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါး ဥကၠဌ ဒန္နီရယ္ ေလဗိုင္းက ကစားသမားကို ေရာင္းခ်ဖို႔ အသင့္ရွိေနၿပီး ေပါင္ ( ၂၅ ) သန္းဝန္းက်င္နဲ႔ ခြင့္ျပဳလိမ့္မယ္လို႔ ယူႏိုက္တက္က နားလည္ထားပါတယ္။

ဒါ့အျပင္ ယူႏိုက္တက္ဟာ ေနာက္ထပ္ ကြင္းလယ္ပစ္မွတ္အျဖစ္ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ကိုလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္