အာဆင်ဝင်းဂါးက ယူရိုပြိုင်ပွဲမှာ ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ သုံးသပ်

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ရှုံးထွက်ပွဲစဉ်တွေ ကိုတော့ ဇွန်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ နောက်လ ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက် နေ့တွေမှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင်ရမှာပါ။

ဇူလိုင်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ၊ ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ယူရို ၂၀၂၀ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက အခုလို သုံးသပ်ပြောဆိုထားပါတယ်။ “ပြင်သစ်ဟာ အကြောင်းအရင်း များစွာကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ တအား ရေပန်းစားနေတာ ဖြစ်ပါတယ်။”

“အဓိက အကြောင်းရင်း တစ်ခု ကတော့ သူတို့ဟာ ရုရှားမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်နဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင် ခဲ့လို့ ဖြစ်ပါတယ်။ပြင်သစ်ရဲ့ တိုက်စစ်ကို ကြည့်လိုက်ပါ။ အမ်ဘာပေ ၊ ဘန်ဇီးမား ၊ ဂရစ်မန်း တို့အပြင် ကိုးမန်းနဲ့ အခြား ကစားသမားတွေလည်း ရှိနေပါတယ်။”

“သူတို့ရဲ့ ပထမဦးစားပေး တိုက်စစ် အတွဲအဖက်ဟာ တအားကို ကောင်းနေရုံတင် မကပါဘူး။ အရန်ခုံက သူတို့ရဲ့ တိုက်စစ် အင်အား ကလည်း လုံး၀ အခြေအနေကောင်းပါတယ်။ ပြင်သစ်အသင်းရဲ့ အရန်ခုံက ကစားသမား တွေဟာ နေရာစုံ ကစားနိုင်စွမ်း ရှိကြသူတွေပါ။”

“ပြင်သစ်ရဲ့ နောက်မှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေကတော့ ဘယ်ဂျီယံ ၊ အင်္ဂလန်၊ နယ်သာလန်တို့ပါ။ပြင်သစ်အသင်းက တာဝန်ရှိသူတွေ သိထားဖို့ လိုတာ ကတော့ ၂၀၀၀ ခုနှစ်က အသင်းဟာ ကျွန်တော့် အတွက်တော့ တအား ကောင်းတဲ့ အသင်း ဖြစ်ပါတယ်။ အခုလက်ရှိအသင်းရဲ့ အနေအထားဟာ အဲဒီတုန်းက အခြေအနေကိုရောက်အောင် ကြိုးစားဖို့လိုပါတယ်”ဆိုပြီး ပြောထားပါတယ်။

zawgyi

အာဆင္ဝင္းဂါးက ယူ႐ိုၿပိဳင္ပြဲမွာ ဘယ္အသင္း ဗိုလ္စြဲမလဲဆိုတာ သုံးသပ္

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ရႈံးထြက္ပြဲစဥ္ေတြ ကို​ေတာ့ ဇြန္လ ၂၆ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ၿပီးရင္​ေတာ့ ​ေနာက္လ ဇူလိုင္လ ၂ ရက္နဲ႔ ၃ ရက္ ေန႔ေတြမွာေတာ့ ကြာတားဖိုင္နယ္ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္ရမွာပါ။ဇူလိုင္လ ၆ ရက္နဲ႔ ၇ ရက္ေန႔ေတြမွာေတာ့ ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္ေတြ ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး ၊ ဇူလိုင္လ ၁၁ ရက္ေန႔မွာေတာ့ ဗိုလ္လုပြဲကို အဂၤလန္ႏိုင္ငံ ဝင္ဘေလကြင္းမွာ ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး နည္းျပ​ေဟာင္းႀကီး အာဆင္၀င္းဂါးက အခုလို သုံးသပ္​ေျပာဆိုထားပါတယ္။ “ျပင္သစ္ဟာ အေၾကာင္းအရင္း မ်ားစြာေၾကာင့္ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ တအား ေရပန္းစားေနတာ ျဖစ္ပါတယ္။”“အဓိက အေၾကာင္းရင္း တစ္ခု ကေတာ့ သူတို႔ဟာ ႐ုရွားမွာ ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္နဲ႔ အတူ ကမာၻ႔ဖလားကို ဆြတ္ခူးထားႏိုင္ ခဲ့လို႔ ျဖစ္ပါတယ္။ျပင္သစ္ရဲ႕ တိုက္စစ္ကို ၾကည့္လိုက္ပါ။ အမ္ဘာေပ ၊ ဘန္ဇီးမား ၊ ဂရစ္မန္း တို႔အျပင္ ကိုးမန္းနဲ႔ အျခား ကစားသမားေတြလည္း ရွိေနပါတယ္။”

”သူတို႔ရဲ႕ ပထမဦးစားေပး တိုက္စစ္ အတြဲအဖက္ဟာ တအားကို ေကာင္းေန႐ုံတင္ မကပါဘူး။ အရန္ခုံက သူတို႔ရဲ႕ တိုက္စစ္ အင္အား ကလည္း လုံး၀ အ​ေျခအ​ေန​ေကာင္းပါတယ္။ ျပင္သစ္အသင္းရဲ႕ အရန္ခုံက ကစားသမား ေတြဟာ ေနရာစုံ ကစားႏိုင္စြမ္း ရွိၾကသူေတြပါ။”“ျပင္သစ္ရဲ႕ ​ေနာက္မွာ ဗိုလ္စြဲႏိုင္​ေျခရွိတဲ့ အသင္း​ေတြက​ေတာ့ ဘယ္ဂ်ီယံ ၊ အဂၤလန္၊ နယ္သာလန္တို႔ပါ။ျပင္သစ္အသင္းက တာ၀န္ရွိသူ​ေတြ သိထားဖို႔ လိုတာ ကေတာ့ ၂၀၀၀ ခုႏွစ္က အသင္းဟာ ကြၽန္ေတာ့္ အတြက္ေတာ့ တအား ေကာင္းတဲ့ အသင္း ျဖစ္ပါတယ္။ အခုလက္ရွိအသင္းရဲ႕ အ​ေနအထားဟာ အဲဒီတုန္းက အ​ေျခအ​ေနကို​ေရာက္​ေအာင္ ႀကိဳးစားဖို႔လိုပါတယ္”ဆိုၿပီး ​ေျပာထားပါတယ္။