အင်္ဂလန်အသင်းနဲ့ နံပါတ် (၇)

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲဝင်ကစားသမားတွေဝတ်ဆင်ကစားမယ့် ကျောနံပါတ်တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး အသင်းရဲ့ဂန္ထဝင်နံပါတ်လို့သတ်မှတ်ထားတဲ့ ကျောနံပါတ်(၇)ကို အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရေးလစ်ရှ် ဝတ်ဆင်ကစားခွင့်ရရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲကစတင်ပြီး အခု ယူရို-၂၀၂၀ ပြိုင်ပွဲအထိ နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ကျောနံပါတ်(၇) ဝတ္ဆင်ကစားခွင့်ရခဲ့တာက အခု ဂရေးလစ်ရှ်အပါအဝင် နှစ်ပေါင်း(၇၀)နီးပါးအတွင်း (၁၅)ဦးသာရှိခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ နံပါတ်(၇)ကို နှစ်အကြာဆုံးဝတ်ဆင်ကစားခွင့်ရခဲ့တာက နာမည်ကျော်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်ပဲဖြစ်ပြီး ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၀၊ ၂၀၀၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၀၄၊ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဝတ်ဆင်ခွင့်ရရှိခဲ့တာပါ။

နံပါတ်(၇)ကစားသမားတွေထဲမှာ အောင်မြင်မှုအများဆုံးလို့သတ်မှတ်ရမှာက ဂန္ထဝင်ကစားသမားဟောင်း အလန်ဘောဖြစ်ပြီး အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ဂန္ထဝင်ကစားသမားတွေဖြစ်ကြတဲ့ ဆာစတန်လေမက်သယူး၊ ကယ်ဗင်ကီးဂန်း၊ ဘရိုင်ယန်ရော့ဘ်ဆင်တို့ဟာလည်း နံပါတ်(၇)ဂျာစီ ဝတ်ဆင်ခဲ့ဖူးပါတယ်။

အံ့အားသင့်စရာကောင်းတာက ဘက်ခမ်နောက်ပိုင်း အင်္ဂလန်အသင်းရဲ့ ကျောနံပါတ်(၇)ပိုင်ရှင်က အပြောင်းအလဲမကြာခဏဖြစ်ခဲ့ပြီး
၂၀၁၀ ကမ္ဘာ့ဖလားမှာ လန်နွန်၊ ယူရို-၂၀၁၂ မှာ ဝေါလ်ကော့၊

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဝဲလ်ရှိုင်းယား၊ ယူရို-၂၀၁၆ မှာ စတာလင်၊

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လင်ဂတ်နဲ့ အခု ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဂရေးလစ်ရှ်အထိ စုစုပေါင်း(၆)ဦးအပြောင်းအလဲဖြစ်ခဲ့ပါတယ်။

ဂရေးလစ်ရှ်မတိုင်ခင် နံပါတ်(၇)ပိုင်ရှင် (၅)ဦးထဲမှာ လင်ဂတ်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ၁၉၉၀ နောက်ပိုင်းပထမဆုံးအကြိမ် အသင်းနဲ့အတူ ဆီမီးဖိုင်နယ်တက်ခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ ကြီးကြီးမားမားအောင်မြင်မှု မရခဲ့ပါဘူး။

အခု ကျောနံပါတ်(၇)ပိုင်ရှင်သစ်ဖြစ်လာသူ ဂရေးလစ်ရှ်ဟာ ဗုဒ္ဓဟူးနေ့က သြစတြီးယားကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာ နံပါတ်(၁၀)ဂျာစီ ဝတ်ဆင်ကစားခဲ့ပြီး

သူက ဘောလုံးသမားတွေထဲမှာ လေးစားအားအကျရဆုံး ဒေးဗစ်ဘက်ခမ်လို ထင်ရှားတဲ့ နံပါတ်(၇)ကစားသမားဖြစ်အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။

ဂရေးလစ်ရှ်က “ဒေးဗစ်ဘက်ခမ်ဆိုတာက လူငယ်ဘောလုံးသမားတိုင်း လေးစားအားကျရတဲ့ ကစားသမားတစ်ဦးပါ။

ဘက်ခမ်လို ကစားသမားဘဝအောင်မြင်မှုမျိုး တစ်ဝက်လောက်သာ ပိုင်ဆိုင်ခွင့်ရရင် ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်လာပါလိမ့်မယ်။

သူဟာ ကြီးကျယ်ခမ်းနားတဲ့အခိုက်အတန့်တွေကို ဖန်တီးနိုင်ခဲ့ပြီး အကြိုက်ဆုံးကတော့ ဂရိနဲ့ပွဲတုန်းက ဖရီးကစ်ကနေဂိုးသွင်းပြီး အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တာပါပဲ။

လူငယ်ဘောလုံးသမားတွေဟာ ဘက်ခမ်ကို လေးစားအားကျစိတ်နဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပြီး ကျွန်တော်လည်း အဲဒီထဲမှာတစ်ဦးအပါအဝင်ဖြစ်ပါတယ်။

နံပါတ်(၇)ဆိုတာက အင်္ဂလန်အသင်းရဲ့ ဂန္ထဝင်နံပါတ်လို့သတ်မှတ်ရမှာဖြစ်သလို တကယ့်ထိတ်ထိတ်ကြဲကစားသမားတွေဟာ အဲဒီနံပါတ်ကို ဝတ်ဆင်ကစားခဲ့ကြတာဖြစ်ပါတယ်။

ကျွန်တော်လည်း အဲဒီကစားသမားတွေရဲ့ခြေရာနင်းနိုင်ပြီး အသင်းအတွက်အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

Zawgyi

အဂၤလန္အသင္းနဲ႔ နံပါတ္ (၇)

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲဝင္ကစားသမားေတြဝတ္ဆင္ကစားမယ့္ ေက်ာနံပါတ္ေတြကို ထုတ္ျပန္ေၾကညာခဲ့ၿပီး အသင္းရဲ႕ဂႏၴဝင္နံပါတ္လို႔သတ္မွတ္ထားတဲ့ ေက်ာနံပါတ္(၇)ကို အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂေရးလစ္ရွ္ ဝတ္ဆင္ကစားခြင့္ရရွိခဲ့ပါတယ္။

အဂၤလန္အသင္းသမိုင္းတစ္ေလွ်ာက္ ၁၉၅၄ ကမာၻ႔ဖလားၿပိဳင္ပြဲကစတင္ၿပီး အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအထိ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ေက်ာနံပါတ္(၇) ဝတၦင္ကစားခြင့္ရခဲ့တာက အခု ဂေရးလစ္ရွ္အပါအဝင္ ႏွစ္ေပါင္း(၇၀)နီးပါးအတြင္း (၁၅)ဦးသာရွိခဲ့ပါတယ္။

အဂၤလန္အသင္းမွာ နံပါတ္(၇)ကို ႏွစ္အၾကာဆုံးဝတ္ဆင္ကစားခြင့္ရခဲ့တာက နာမည္ေက်ာ္ကစားသမားေဟာင္း ေဒးဗစ္ဘက္ခမ္ပဲျဖစ္ၿပီး ၁၉၉၈ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၀၀၊ ၂၀၀၂ ကမာၻ႔ဖလား၊ ယူ႐ို-၂၀၀၄၊ ၂၀၀၆ ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဝတ္ဆင္ခြင့္ရရွိခဲ့တာပါ။

ပါတ္(၇)ကစားသမားေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးလို႔သတ္မွတ္ရမွာက ဂႏၴဝင္ကစားသမားေဟာင္း အလန္ေဘာျဖစ္ၿပီး အိမ္ရွင္အျဖစ္က်င္းပခဲ့တဲ့ ၁၉၆၆ ခုႏွစ္မွာ ကမာၻ႔ဖလားခ်န္ပီယံဆု ရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အဂၤလန္အသင္းရဲ႕ဂႏၴဝင္ကစားသမားေတြျဖစ္ၾကတဲ့ ဆာစတန္ေလမက္သယူး၊ ကယ္ဗင္ကီးဂန္း၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္တို႔ဟာလည္း နံပါတ္(၇)ဂ်ာစီ ဝတ္ဆင္ခဲ့ဖူးပါတယ္။

အံ့အားသင့္စရာေကာင္းတာက ဘက္ခမ္ေနာက္ပိုင္း အဂၤလန္အသင္းရဲ႕ ေက်ာနံပါတ္(၇)ပိုင္ရွင္က အေျပာင္းအလဲမၾကာခဏျဖစ္ခဲ့ၿပီး

၂၀၁၀ ကမာၻ႔ဖလားမွာ လန္ႏြန္၊ ယူ႐ို-၂၀၁၂ မွာ ေဝါလ္ေကာ့၊ ၂၀၁၄ ကမာၻ႔ဖလားမွာ ဝဲလ္ရႈိင္းယား၊ ယူ႐ို-၂၀၁၆ မွာ စတာလင္၊

၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လင္ဂတ္နဲ႔ အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဂေရးလစ္ရွ္အထိ စုစုေပါင္း(၆)ဦးအေျပာင္းအလဲျဖစ္ခဲ့ပါတယ္။

ဂေရးလစ္ရွ္မတိုင္ခင္ နံပါတ္(၇)ပိုင္ရွင္ (၅)ဦးထဲမွာ လင္ဂတ္က ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ၁၉၉၀ ေနာက္ပိုင္းပထမဆုံးအႀကိမ္ အသင္းနဲ႔အတူ ဆီမီးဖိုင္နယ္တက္ခဲ့ေပမယ့္ က်န္တဲ့သူေတြကေတာ့ ႀကီးႀကီးမားမားေအာင္ျမင္မႈ မရခဲ့ပါဘူး။

အခု ေက်ာနံပါတ္(၇)ပိုင္ရွင္သစ္ျဖစ္လာသူ ဂေရးလစ္ရွ္ဟာ ဗုဒၶဟူးေန႔က ၾသစႀတီးယားကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ နံပါတ္(၁၀)ဂ်ာစီ ဝတ္ဆင္ကစားခဲ့ၿပီး

သူက ေဘာလုံးသမားေတြထဲမွာ ေလးစားအားအက်ရဆုံး ေဒးဗစ္ဘက္ခမ္လို ထင္ရွားတဲ့ နံပါတ္(၇)ကစားသမားျဖစ္ေအာင္ ႀကိဳးစားသြားမယ္လို႔ ႀကဳံးဝါးေျပာဆိုခဲ့ပါတယ္။

ဂေရးလစ္ရွ္က “ေဒးဗစ္ဘက္ခမ္ဆိုတာက လူငယ္ေဘာလုံးသမားတိုင္း ေလးစားအားက်ရတဲ့ ကစားသမားတစ္ဦးပါ။

ဘက္ခမ္လို ကစားသမားဘဝေအာင္ျမင္မႈမ်ိဳး တစ္ဝက္ေလာက္သာ ပိုင္ဆိုင္ခြင့္ရရင္ ကြၽန္ေတာ္ဟာ ကမာၻေပၚမွာ အေပ်ာ္ဆုံးလူသားျဖစ္လာပါလိမ့္မယ္။

သူဟာ ႀကီးက်ယ္ခမ္းနားတဲ့အခိုက္အတန႔္ေတြကို ဖန္တီးႏိုင္ခဲ့ၿပီး အႀကိဳက္ဆုံးကေတာ့ ဂရိနဲ႔ပြဲတုန္းက ဖရီးကစ္ကေနဂိုးသြင္းၿပီး အဂၤလန္အသင္းကို ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္ စြမ္းေဆာင္ခဲ့တာပါပဲ။

လူငယ္ေဘာလုံးသမားေတြဟာ ဘက္ခမ္ကို ေလးစားအားက်စိတ္နဲ႔ ႀကီးျပင္းလာခဲ့တာျဖစ္ၿပီး ကြၽန္ေတာ္လည္း အဲဒီထဲမွာတစ္ဦးအပါအဝင္ျဖစ္ပါတယ္။

နံပါတ္(၇)ဆိုတာက အဂၤလန္အသင္းရဲ႕ ဂႏၴဝင္နံပါတ္လို႔သတ္မွတ္ရမွာျဖစ္သလို တကယ့္ထိတ္ထိတ္ႀကဲကစားသမားေတြဟာ အဲဒီနံပါတ္ကို ဝတ္ဆင္ကစားခဲ့ၾကတာျဖစ္ပါတယ္။

ကြၽန္ေတာ္လည္း အဲဒီကစားသမားေတြရဲ႕ေျခရာနင္းႏိုင္ၿပီး အသင္းအတြက္အေကာင္းဆုံးကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။