ယူနိုက်တက်အသင်း လီဗာပူးကို ထပ်မံကျော်ဖြတ်သွားပြီလို့ ဖာဒီနန် ပြောဆို

လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရမှုတွေအတွက် အကြောင်းပြချက်ကောင်းကောင်းရှိပေမယ့် ယူနိုက်တက်ကတော့ သူတို့ကို ထပ်မံကျော်ဖြတ်သွားပြီလို့ ယူနိုက်တက်ဂန္ထဝင် ရီယိုဖာဒီနန်က ပြောပါတယ်။

ပရိသတ်တွေက ပြီးခဲ့တဲ့ရာသီအတွင်း ယူနိုက်တက်ရဲ့တိုးတက်မှုအခြေအနေကို ဖာဒီနန်ဆီ ဆက်သွယ်မေးမြန်းလာတာဖြစ်ပါတယ်။
အဲဒီမှာ ဖာဒီနန်က ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အနေနဲ့ လီဗာပူးထက် ၃၃ မှတ်အထိ လျော့နည်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ပြန်ကျော်တက်နိုင်ခဲ့မှုကို ထောက်ပြခဲ့ပါတယ်။
ပြီးတော့ ငြင်းဆန်လို့မရတဲ့အချက်အလက်တွေကို ကြည့်ပေးပါလို့လည်း ဖာဒီနန်က ပြောပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ရပေမယ့် ဖာဒီနန်ကတော့ ယူနိုက်တက်ရဲ့ယခုရာသီအခြေအနေကို ကျေနပ်နေပြီး စီးတီးကို အမီလိုက်ဖို့ကတော့ ကြီးမားတဲ့စမ်းသပ်မှုဖြစ်လာနိုင်တယ်လို့ ဝန်ခံပါတယ်။

”ပရီးမီးယားလိဂ်မှာ ကိုယ်လိုချင်တဲ့နေရာ ကျွန်တော်တို့ရခဲ့ပြီး ဒါကလည်း တိုးတက်လာမှုပါပဲ”
”ယူနိုက်တက်ဟာ ၂၀၁၉-၂၀ ရာသီက လီဗာပူးထက် အမှတ် ၃၀ ကျော်တောင် လျော့နည်းခဲ့ပြီး အခုတော့ လီဗာပူးက ကျွန်တော်တို့နောက် ရောက်သွားပါပြီ””သူတို့မှာလည်း ဆင်ခြေပေးစရာကောင်းကောင်းရှိပေမယ့် သေချာတဲ့အချက်အလက်တွေအရတော့ သူတို့ထက် ကျွန်တော်တို့အသင်း ရပ်တည်မှုပိုမြင့်ခဲ့တာပါပဲ”
”ဒါက ကျွန်တော်တို့အသင်းတိုးတက်လာတာကို ပြနေတာဖြစ်ပြီး လိဂ်မှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တာလေ”

”ချန်ပီယံမဖြစ်ခဲ့တာမှန်ပေမယ့် ရာသီအစကအခြေအနေနဲ့ဆို အခုလိုဒုတိယနေရာရတာက တိုးတက်မှုလို့ ဆိုနိုင်ပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီအတွင်း ပထမနေရာမှာပါ ရပ်တည်နိုင်ခဲ့ပြီး ရာသီမစခင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ခံခဲ့ရပါတယ်။ ဒီတော့ ဒုတိယနေရာ ရပ်တည်နိုင်တာက အောင်မြင်မှုလို့ ဆိုခဲ့တဲ့ ဖာဒီနန်ရဲ့မှတ်ချက်က မှန်ပေမယ့် ထိပ်ဆုံးနေရာအတွက် စိန်ခေါ်ဖို့ကတော့ ခက်ခဲကြမ်းတမ်းလာနိုင်ပါတယ်။

zawgyi

ယူႏိုက္တက္အသင္း လီဗာပူးကို ထပ္မံေက်ာ္ျဖတ္သြားၿပီလို႔ ဖာဒီနန္ ေျပာဆို
လီဗာပူးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီမွာ ႐ုန္းကန္ခဲ့ရမႈေတြအတြက္ အေၾကာင္းျပခ်က္ေကာင္းေကာင္းရွိေပမယ့္ ယူႏိုက္တက္ကေတာ့ သူတို႔ကို ထပ္မံေက်ာ္ျဖတ္သြားၿပီလို႔ ယူႏိုက္တက္ဂႏၴ၀င္ ရီယိုဖာဒီနန္က ေျပာပါတယ္။
ပရိသတ္ေတြက ၿပီးခဲ့တဲ့ရာသီအတြင္း ယူႏိုက္တက္ရဲ႕တိုးတက္မႈအေျခအေနကို ဖာဒီနန္ဆီ ဆက္သြယ္ေမးျမန္းလာတာျဖစ္ပါတယ္။

အဲဒီမွာ ဖာဒီနန္က ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ္မွာ ယူႏိုက္တက္အေနနဲ႔ လီဗာပူးထက္ ၃၃ မွတ္အထိ ေလ်ာ့နည္းခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီက ျပန္ေက်ာ္တက္ႏိုင္ခဲ့မႈကို ေထာက္ျပခဲ့ပါတယ္။
ၿပီးေတာ့ ျငင္းဆန္လို႔မရတဲ့အခ်က္အလက္ေတြကို ၾကည့္ေပးပါလို႔လည္း ဖာဒီနန္က ေျပာပါတယ္။

ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ရေပမယ့္ ဖာဒီနန္ကေတာ့ ယူႏိုက္တက္ရဲ႕ယခုရာသီအေျခအေနကို ေက်နပ္ေနၿပီး စီးတီးကို အမီလိုက္ဖို႔ကေတာ့ ႀကီးမားတဲ့စမ္းသပ္မႈျဖစ္လာႏိုင္တယ္လို႔ ၀န္ခံပါတယ္။
”ပရီးမီးယားလိဂ္မွာ ကိုယ္လိုခ်င္တဲ့ေနရာ ကၽြန္ေတာ္တို႔ရခဲ့ၿပီး ဒါကလည္း တိုးတက္လာမႈပါပဲ”

”ယူႏိုက္တက္ဟာ ၂၀၁၉-၂၀ ရာသီက လီဗာပူးထက္ အမွတ္ ၃၀ ေက်ာ္ေတာင္ ေလ်ာ့နည္းခဲ့ၿပီး အခုေတာ့ လီဗာပူးက ကၽြန္ေတာ္တို႔ေနာက္ ေရာက္သြားပါၿပီ”
”သူတို႔မွာလည္း ဆင္ေျခေပးစရာေကာင္းေကာင္းရွိေပမယ့္ ေသခ်ာတဲ့အခ်က္အလက္ေတြအရေတာ့ သူတို႔ထက္ ကၽြန္ေတာ္တို႔အသင္း ရပ္တည္မႈပိုျမင့္ခဲ့တာပါပဲ”
”ဒါက ကၽြန္ေတာ္တို႔အသင္းတိုးတက္လာတာကို ျပေနတာျဖစ္ၿပီး လိဂ္မွာ ဒုတိယေနရာ ရပ္တည္ႏိုင္ခဲ့တာေလ”

”ခ်န္ပီယံမျဖစ္ခဲ့တာမွန္ေပမယ့္ ရာသီအစကအေျခအေနနဲ႔ဆို အခုလိုဒုတိယေနရာရတာက တိုးတက္မႈလို႔ ဆိုႏိုင္ပါတယ္”လို႔ ဖာဒီနန္က ေျပာပါတယ္။

ယူႏိုက္တက္ဟာ ယခုရာသီအတြင္း ပထမေနရာမွာပါ ရပ္တည္ႏိုင္ခဲ့ၿပီး ရာသီမစခင္ကေတာ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ေတာင္ ႐ုန္းကန္ရႏိုင္တယ္လို႔ သုံးသပ္ခံခဲ့ရပါတယ္။
ဒီေတာ့ ဒုတိယေနရာ ရပ္တည္ႏိုင္တာက ေအာင္ျမင္မႈလို႔ ဆိုခဲ့တဲ့ ဖာဒီနန္ရဲ႕မွတ္ခ်က္က မွန္ေပမယ့္ ထိပ္ဆုံးေနရာအတြက္ စိန္ေခၚဖို႔ကေတာ့ ခက္ခဲၾကမ္းတမ္းလာႏိုင္ပါတယ္