ယူနိုက်တက်က ရီးရဲမက်ဒရစ်ကစားသမား ရာဖေးလ်ဗာရန်းကို ခေါ်ယူနိုင်ဖို့ ( ၅ ) နှစ်စာချုပ် ကမ်းလှမ်းထား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်ခံစစ်ကစားသမား ရာဖေးလ် ဗာရန်းကို ခေါ်ယူနိုင်ဖို့ ( ၅ ) နှစ်စာချုပ် ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေရှိနေပြီး ချဲလ်ဆီး ၊ မန်စီးတီး နှင့် လီဗာပူးအသင်းတွေကလည်း ကစားသမားကို စောင့်ကြည့်လျက်ရှိပါတယ်။

ABC သတင်းဌာနအရ အကြိမ် (၂၀ ) မြောက် ပရီးမီးယားလိဂ် ချန်ပီယံဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြောင်းရွေ့ကြေး သဘောတူညီမှု မရရှိသေးပေမယ့် ဗာရန်းကို ( ၅ ) နှစ်စာချုပ် ကမ်းလှမ်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သတင်းအရ ကားလို့စ် အန်ဆလော့တီရဲ့ အသင်းဟာ ပြင်သစ်နောက်ခံလူကို ရောင်းချဖို့ စီစဉ်ထားပေမယ့် ပြောင်းရွေ့ကြေး ယူရို သန်း ( ၇၀ ) အောက် လျော့နည်းပါက အဓိကကစားသမားကို လက်လွတ်ဖွယ်မရှိကြောင်း သိရပါတယ်။

ဗာရန်းက လက်ရှိမှာ ယူရိုပြိုင်ပွဲအတွက် အာရုံစိုက်နေပြီး အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လိုခြင်းမရှိသေးကြောင်း မကြာသေးမီက ဆိုထားပါတယ်။

zawgyi

ယူႏိုက္တက္က ရီးရဲမက္ဒရစ္ကစားသမား ရာေဖးလ္ဗာရန္းကို ေခၚယူႏိုင္ဖို႔ ( ၅ ) ႏွစ္စာခ်ဳပ္ ကမ္းလွမ္းထား

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ယခုေႏြရာသီမွာ ရီးရဲမက္ဒရစ္ခံစစ္ကစားသမား ရာေဖးလ္ ဗာရန္းကို ေခၚယူႏိုင္ဖို႔ ( ၅ ) ႏွစ္စာခ်ဳပ္ ကမ္းလွမ္းထားတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားခ်န္ပီယံနဲ႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈေတြရွိေနၿပီး ခ်ဲလ္ဆီး ၊ မန္စီးတီး ႏွင့္ လီဗာပူးအသင္းေတြကလည္း ကစားသမားကို ေစာင့္ၾကည့္လ်က္ရွိပါတယ္။

ABC သတင္္းဌာနအရ အႀကိမ္ (၂၀ ) ေျမာက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဟာ ရီးရဲမက္ဒရစ္အသင္းနဲ႔ ေျပာင္းေ႐ြ႕ေၾကး သေဘာတူညီမႈ မရရွိေသးေပမယ့္ ဗာရန္းကို ( ၅ ) ႏွစ္စာခ်ဳပ္ ကမ္းလွမ္းထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ သတင္းအရ ကားလို႔စ္ အန္ဆေလာ့တီရဲ႕ အသင္းဟာ ျပင္သစ္ေနာက္ခံလူကို ေရာင္းခ်ဖို႔ စီစဥ္ထားေပမယ့္ ေျပာင္းေရြ႕ေၾကး ယူ႐ို သန္း ( ၇၀ ) ေအာက္ ေလ်ာ့နည္းပါက အဓိကကစားသမားကို လက္လြတ္ဖြယ္မရိွေၾကာင္း သိရပါတယ္။

ဗာရန္းက လက္ရွိမွာ ယူ႐ိုၿပိဳင္ပြဲအတြက္ အာ႐ုံစိုက္ေနၿပီး အနာဂတ္အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္လိုျခင္းမရွိေသးေၾကာင္း မၾကာေသးမီက ဆိုထားပါတယ္။