ပေါ်တူဂီယူ-၂၁အသင်းအတွက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံရှစ်ဆုရရှိအောင် ကြိုးပမ်းသွားမယ့် ဒါလော့တ်

၂၀၂၁ ခုနှစ် ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲဟာ အခုဆို ဗိုလ်လုပွဲအဆင့်အထိရောက်ရှိလာပြီဖြစ်ပြီး ဗိုလ်လုပွဲကို ထိပ်သီးနှစ်သင်းဖြစ်တဲ့ ဂျာမနီနဲ့ပေါ်တူဂီအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဒါလော့တ် ပါဝင်ကစားနေတဲ့ ပေါ်တူဂီယူ-၂၁ အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ဒီပြိုင်ပွဲရဲ့ အောင်မြင်မှုအများဆုံးတစ်သင်းအဖြစ် ချန်ပီယံဆု(၅)ကြိမ်အထိ ရယူခဲ့တဲ့ စပိန်အသင်းနဲ့ ဆုံတွေ့ခဲ့ပြီး
ပြိုင်ဘက်ကစားသမား ကူရန်ကာရဲ့ မိနစ်(၈၀)မှာသွင်းယူခဲ့တဲ့ OG ဂိုးကြောင့် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ ၁၉၉၄၊ ၂၀၁၅ ခုနှစ်တွေမှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ခဲ့ပြီး အကြိမ်တိုင်း ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတာကြောင့်
အခု တတိယအကြိမ်မြောက်ဗိုလ်လုပွဲမှာ သူတို့အတွက် ပထမဆုံးချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ဖို့ ဂျာမနီအသင်းကို ကျော်ဖြတ်ရမှာလည်းဖြစ်ပါတယ်။

ပြိုင်ပွဲသမိုင်းတစ်လျှောက် ၂၀၀၉၊ ၂၀၁၇ ခုနှစ်တွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၉ ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ဂျာမနီအသင်းဟာ အစဉ်အလာရှိတဲ့ နယ်သာလန်အသင်းကို ဆီမီးဖိုင်နယ်မှာ (၂-၁)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်အသင်းဟာ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ(၂)ကြိမ်ရရှိခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ဗိုလ်လုပွဲအဆင့်ကို ပြန်လည်တက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျာမနီလူငယ်ကွင်းလယ်တိုက်စစ်ကစားသမား ရစ်ချတ်ဝေါ့ဇ်ရဲ့ ပွဲအစပိုင်းသွင်းဂိုးတွေကြောင့် (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။

ဂျာမနီအသင်းဟာ ပြိုင်ပွဲနှစ်ကြိမ်ဆက်ဗိုလ်လုပွဲအဆင့်အထိတက်ရောက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ဗိုလ်လုပွဲတုန်းက စပိန်အသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနဲ့ကျေနပ်ခဲ့ရပေမယ့် အခုတစ်ကြိမ်မှာ (၃)ကြိမ်မြောက်ချန်ပီယံဆု ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဂျာမနီနဲ့ပေါ်တူဂီတို့ရဲ့ ဗိုလ်လုပွဲကို အခုလာမယ့်တနင်္ဂနွေနေ့ကျရင် အိမ်ရှင်ဆလိုဗေးနီးယားနိုင်ငံက Ljubljana မြို့မှာရှိတဲ့ Stožice Stadium ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဥရောပယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲကို ၁၉၇၂ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး အဲဒီအချိန်တုန်းက ယူ-၂၃ ချန်ပီရှစ်ပြိုင်ပွဲအဖြစ် ကျင်းပခဲ့တာဖြစ်ပေမယ့် ၁၉၇၈ မှာတော့
ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲအဖြစ်ပြောင်းလဲခဲ့ပြီး အခုအချိန်အထိ အဲဒီအတိုင်းကျင်းပနေတာပါ။

ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ စပိန်နဲ့ အီတလီအသင်းတို့က စုစုပေါင်းချန်ပီယံ(၅)ကြိမ်နဲ့ အောင်မြင်မှုအများဆုံးအသင်းတွေအဖြစ် ရပ်တည်နေပြီး
သူတို့နောက်မှာတော့ ဂျာမနီ၊ အင်္ဂလန်၊ နယ်သာလန်၊ ဆိုဗီယက်ယူနီယံ(အခုရုရှား)တို့က (၂)ကြိမ်စီ၊ ပြင်သစ်၊ ဆွီဒင်၊ ချက်၊ ယူဂိုဆလားဗီးယားတို့က (၁)ကြိမ်စီရရှိခဲ့ကြပါတယ်။

ပြိုင်ပွဲတစ်လျှောက် အောင်မြင်မှုအများဆုံးအသင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ အင်္ဂလန်ယူ-၂၁ အသင်းဟာ
ဒီနှစ်ပြိုင်ပွဲမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အုပ်စုအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

Zawgyi

ေပၚတူဂီယူ-၂၁အသင္းအတြက္ ပထမဆုံးအႀကိမ္ ဥေရာပခ်န္ပီယံရွစ္ဆုရရွိေအာင္ ႀကိဳးပမ္းသြားမယ့္ ဒါေလာ့တ္

၂၀၂၁ ခုႏွစ္ ဥေရာပယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲဟာ အခုဆို ဗိုလ္လုပြဲအဆင့္အထိေရာက္ရွိလာၿပီျဖစ္ၿပီး ဗိုလ္လုပြဲကို ထိပ္သီးႏွစ္သင္းျဖစ္တဲ့ ဂ်ာမနီနဲ႔ေပၚတူဂီအသင္းေတြ တက္ေရာက္ခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့တ္ ပါဝင္ကစားေနတဲ့ ေပၚတူဂီယူ-၂၁ အသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ဒီၿပိဳင္ပြဲရဲ႕ ေအာင္ျမင္မႈအမ်ားဆုံးတစ္သင္းအျဖစ္ ခ်န္ပီယံဆု(၅)ႀကိမ္အထိ ရယူခဲ့တဲ့ စပိန္အသင္းနဲ႔ ဆုံေတြ႕ခဲ့ၿပီး
ၿပိဳင္ဘက္ကစားသမား ကူရန္ကာရဲ႕ မိနစ္(၈၀)မွာသြင္းယူခဲ့တဲ့ OG ဂိုးေၾကာင့္ ဗိုလ္လုပြဲတက္ေရာက္ခြင့္ရရွိခဲ့တာပါ။

ေပၚတူဂီအသင္းဟာ ၁၉၉၄၊ ၂၀၁၅ ခုႏွစ္ေတြမွာ ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ခဲ့ၿပီး အႀကိမ္တိုင္း ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရတာေၾကာင့္
အခု တတိယအႀကိမ္ေျမာက္ဗိုလ္လုပြဲမွာ သူတို႔အတြက္ ပထမဆုံးခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ႏိုင္ဖို႔ ဂ်ာမနီအသင္းကို ေက်ာ္ျဖတ္ရမွာလည္းျဖစ္ပါတယ္။

ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၂၀၀၉၊ ၂၀၁၇ ခုႏွစ္ေတြမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ၂၀၁၉ ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ခဲ့တဲ့ ဂ်ာမနီအသင္းဟာ အစဥ္အလာရွိတဲ့ နယ္သာလန္အသင္းကို ဆီမီးဖိုင္နယ္မွာ (၂-၁)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

နယ္သာလန္အသင္းဟာ ဥေရာပ ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ခ်န္ပီယံ(၂)ႀကိမ္ရရွိခဲ့ဖူးၿပီး ၂၀၀၇ ခုႏွစ္ေနာက္ပိုင္းေဝးကြာေနတဲ့ ဗိုလ္လုပြဲအဆင့္ကို ျပန္လည္တက္ေရာက္ႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂ်ာမနီလူငယ္ကြင္းလယ္တိုက္စစ္ကစားသမား ရစ္ခ်တ္ေဝါ့ဇ္ရဲ႕ ပြဲအစပိုင္းသြင္းဂိုးေတြေၾကာင့္ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာပါ။

ဂ်ာမနီအသင္းဟာ ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ဗိုလ္လုပြဲအဆင့္အထိတက္ေရာက္ခဲ့တာျဖစ္ၿပီး ၂၀၁၉ ဗိုလ္လုပြဲတုန္းက စပိန္အသင္းကို ရႈံးနိမ့္ခဲ့လို႔ ဒုတိယနဲ႔ေက်နပ္ခဲ့ရေပမယ့္ အခုတစ္ႀကိမ္မွာ (၃)ႀကိမ္ေျမာက္ခ်န္ပီယံဆု ရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဂ်ာမနီနဲ႔ေပၚတူဂီတို႔ရဲ႕ ဗိုလ္လုပြဲကို အခုလာမယ့္တနဂၤေႏြေန႔က်ရင္ အိမ္ရွင္ဆလိုေဗးနီးယားႏိုင္ငံက Ljubljana ၿမိဳ႕မွာရွိတဲ့ Stožice Stadium ကြင္းမွာ က်င္းပသြားမွာျဖစ္ပါတယ္။

ဥေရာပယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို ၁၉၇၂ ခုႏွစ္ကစတင္က်င္းပခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ယူ-၂၃ ခ်န္ပီရွစ္ၿပိဳင္ပြဲအျဖစ္ က်င္းပခဲ့တာျဖစ္ေပမယ့္ ၁၉၇၈ မွာေတာ့

ယူ-၂၁ ခ်န္ပီယံရွစ္ၿပိဳင္ပြဲအျဖစ္ေျပာင္းလဲခဲ့ၿပီး အခုအခ်ိန္အထိ အဲဒီအတိုင္းက်င္းပေနတာပါ။

ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ စပိန္နဲ႔ အီတလီအသင္းတို႔က စုစုေပါင္းခ်န္ပီယံ(၅)ႀကိမ္နဲ႔ ေအာင္ျမင္မႈအမ်ားဆုံးအသင္းေတြအျဖစ္ ရပ္တည္ေနၿပီး
သူတို႔ေနာက္မွာေတာ့ ဂ်ာမနီ၊ အဂၤလန္၊ နယ္သာလန္၊ ဆိုဗီယက္ယူနီယံ(အခု႐ုရွား)တို႔က (၂)ႀကိမ္စီ၊ ျပင္သစ္၊ ဆြီဒင္၊ ခ်က္၊ ယူဂိုဆလားဗီးယားတို႔က (၁)ႀကိမ္စီရရွိခဲ့ၾကပါတယ္။

ၿပိဳင္ပြဲတစ္ေလွ်ာက္ ေအာင္ျမင္မႈအမ်ားဆုံးအသင္းထဲမွာ တစ္သင္းအပါအဝင္ျဖစ္တဲ့ အဂၤလန္ယူ-၂၁ အသင္းဟာ
ဒီႏွစ္ၿပိဳင္ပြဲမွာ ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး အုပ္စုအဆင့္ကိုေတာင္ မေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။