ပေါင်ဒဏ်ရာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲကို အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ရဖွယ်ရှိနေတဲ့ အာနိုး

အင်္ဂလန်အသင်းညာနောက်ခံလူ အာနိုးဟာ သြစတြီးယားနဲ့ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းကနေ နုတ်ထွက်ရဖွယ်ရှိနေပါတယ်။
လီဗာပူးအသင်းသား အာနိုးဟာ ၁-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ ပွဲပြီးခါနီးကျမှ ဒဏ်ရာရခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။

အဲဒီဒဏ်ရာကို ဓာတ်မှန်ရိုက်အသေးစိတ်စစ်ဆေးခဲ့ပြီးနောက် အာနိုးအနေနဲ့ ရက်သတ္တပတ် ၆ပတ်ကြာအနားယူရဖွယ်ရှိရာ ယူရိုပြိုင်ပွဲကြီးကို သေချာပေါက်လွဲချော်ရတော့မှာဖြစ်ပါတယ်။
အာနိုးအတွက်တော့ ပြီးခဲ့တဲ့လအနည်းငယ်က လက်ရွေးစင်ကစားသမားဘဝဟာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ပြင်းထန်ခဲ့ပါတယ်။

သူဟာ မတ်လအတွင်းကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ယူရိုမှာပါ ပါဝင်ခွင့်ရဖို့ မသေမချာဖြစ်ခဲ့ပါတယ်။ အာနိုးဟာ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ ပါဝင်လာပေမယ့် အခုတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ရတော့မှာဖြစ်ပါတယ်။

အာနိုးအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်း အင်္ဂလန်အသင်းရဲ့အခြေစိုက်စခန်းကနေ ထွက်ခွာပြီး ရာသီသစ်အတွက် အသင့်ဖြစ်နေဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အာနိုးရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားတစ်ဦး ခေါ်ယူဖွယ်ရှိနေပြီး ညာနောက်ခံလူနေရာအတွက် ၃ဦးရှိထားပြီးဖြစ်ပါတယ်။ ယူရိုအပြီးသတ်လူစာရင်းကနေ လင်ဂတ်၊ ဝက်ကင်းစ်၊ ရမ်းစ်ဒေးလ်၊ ဝက်ပရောက်စ်၊ ဘင်ဝှိုက်နဲ့ ဂေါ့ဖရေးတို့ ချန်လှပ်ခံခဲ့ရပေမယ့် သူတို့ထဲက တစ်ယောက်ယောက်ကို ပြန်ရွေးဖွယ်ရှိနေပါတယ်။

zawgyi

ေပါင္ဒဏ္ရာေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကို အဂၤလန္အသင္း လူစာရင္းကေန ႏုတ္ထြက္ရဖြယ္ရွိေနတဲ့ အာႏိုး
အဂၤလန္အသင္းညာေနာက္ခံလူ အာႏိုးဟာ ၾသစႀတီးယားနဲ႔ေျခစမ္းပြဲမွာ ရရွိခဲ့တဲ့ ေပါင္ဒဏ္ရာေၾကာင့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ၀င္ အဂၤလန္အသင္းလူစာရင္းကေန ႏုတ္ထြက္ရဖြယ္ရွိေနပါတယ္။

လီဗာပူးအသင္းသား အာႏိုးဟာ ၁-၀ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပဲြမွာ ပြဲၿပီးခါနီးက်မွ ဒဏ္ရာရခဲ့တာျဖစ္ၿပီး ကစားသမားကိုယ္တိုင္လည္း စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ရပါတယ္။

အဲဒီဒဏ္ရာကို ဓာတ္မွန္႐ိုက္အေသးစိတ္စစ္ေဆးခဲ့ၿပီးေနာက္ အာႏိုးအေနနဲ႔ ရက္သတၱပတ္ ၆ပတ္ၾကာအနားယူရဖြယ္ရွိရာ ယူ႐ိုၿပိဳင္ပြဲႀကီးကို ေသခ်ာေပါက္လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
အာႏိုးအတြက္ေတာ့ ၿပီးခဲ့တဲ့လအနည္းငယ္က လက္ေရြးစင္ကစားသမားဘ၀ဟာ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ ျပင္းထန္ခဲ့ပါတယ္။
သူဟာ မတ္လအတြင္းကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲေတြအတြက္ အဂၤလန္အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ယူ႐ိုမွာပါ ပါ၀င္ခြင့္ရဖို႔ မေသမခ်ာျဖစ္ခဲ့ပါတယ္။

အာႏိုးဟာ အဂၤလန္အသင္းရဲဲ႕အၿပီးသတ္လူစာရင္းမွာ ပါ၀င္လာေပမယ့္ အခုေတာ့ ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
အာႏိုးအေနနဲ႔ လာမယ့္ရက္ပိုင္းအတြင္း အဂၤလန္အသင္းရဲ႕အေျခစိုက္စခန္းကေန ထြက္ခြာၿပီး ရာသီသစ္အတြက္ အသင့္ျဖစ္ေနဖို႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ရေတာ့မွာျဖစ္ပါတယ္။

အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ဟာ အာႏိုးရဲ႕ေနရာမွာ အစားထိုးဖို႔ ကစားသမားတစ္ဦး ေခၚယူဖြယ္ရွိေနၿပီး ညာေနာက္ခံလူေနရာအတြက္ ၃ဦးရွိထားၿပီးျဖစ္ပါတယ္။
ယူ႐ိုအၿပီးသတ္လူစာရင္းကေန လင္ဂတ္၊ ၀က္ကင္းစ္၊ ရမ္းစ္ေဒးလ္၊ ၀က္ပေရာက္စ္၊ ဘင္ဝိႈက္နဲ႔ ေဂါ့ဖေရးတို႔ ခ်န္လွပ္ခံခဲ့ရေပမယ့္ သူတို႔ထဲက တစ္ေယာက္ေယာက္ကို ျပန္ေရြးဖြယ္ရွိေနပါတယ္။