ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံရ

အိုင်ဗရီကို့စ်နဲ့ ချယ်လ်ဆီးဂန္ထဝင်တိုက်စစ်မှူးဒရော့ဘာဟာ မိခင်နိုင်ငံမှာ ဘောလုံးကဏ္ဍတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီခဲ့သလို အာဖရိကဒေသတွင်းနိုင်ငံတွေမှာလည်း

လူမှုအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့တဲ့တာကြောင့် အိုင်ဗရီကို့စ်တက္ကသိုလ်က သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

ဒရော့ဘာဟာ ကွင်းတွင်းမှာ လက်ရွေးစင်အသင်း၊ ချယ်လ်ဆီးအသင်းတို့နဲ့အတူ အောင်မြင်မှုတွေအများကြီး ရယူနိုင်ခဲ့သလို ကွင်းပြင်ပမှာလည်း လူမှုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး

အထင်ရှားဆုံးကတော့ ၂၀၀၅ ခုနှစ်တုန်းက အိုင်ဗရီကို့စ်ပြည်တွင်းစစ်မီးကို ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခဲ့တာပါပဲ။

ဒါ့အပြင် ဒရော့ဘာဟာ ကစားသမားဘဝတစ်လျှောက်မှာလည်း လှူဒါန်းမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့သလို တစ်ခါတုန်းက အိုင်ဗရီကို့စ်နိုင်ငံမှာ ဆေးရုံတစ်ခုတည်ဆောက်ဖို့အတွက်
Pepsi နဲ့ပူးပေါင်းပြီး ပေါင်(၃)သန်းထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

အသက်(၄၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဒရော့ဘာဟာ ဘောလုံးသမားဘဝကအနားယူပြီးနောက်ပိုင်းမှာလည်း လူမှုအကျိုးပြုကိစ္စတွေကို ဆက်လက်ဆောင်ရွက်နေပြီး

ဘောလုံးကဏ္ဍနဲ့ပတ်သက်လို့ အိုင်ဗရီကို့စ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌရွေးကောက်ပွဲမှာ ရွေးကောက်ခံအဖြစ်ပါဝင်ခဲ့ပေမယ့် ဥက္ကဌအဖြစ်ရွေးချယ်မခံခဲ့ရပါဘူး။

ဒီလိုမျိုး လူမှုရေးအကျိုးပြုကိစ္စတွေကို ဆောင်ရွက်နေတာကြောင့် Réseau des Universités des Sciences et Technologies (RUSTA) တက္ကသိုလ်က ဒရော့ဘာကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

ဒရော့ဘာဟာ အာဖရိကဒေသတွင်းဘောလုံးကဏ္ဍ တိုးတက်စေဖို့အတွက် အားတက်သရောပါဝင်ကူညီပေးခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက

UEFA President’s Award ဆု ချီးမြှင့်ခံခဲ့ရတဲ့အပြင် UEFA ဥက္ကဌဆယ်ဖာရင်က လူသားအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

အဲဒီဆုပေးပွဲအခမ်းအနားမှာ ဒရော့ဘာက “ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဘောလုံးသမားဖြစ်ဖို့တင်မဟုတ်ဘဲ ဆရာဝန်တွေ၊ ဆရာမတွေ၊ အင်ဂျင်နီယာတွေဖြစ်လာဖို့ အလားအလာရှိတဲ့ ကလေးငယ်လေးတွေ အများကြီးရှိနေပါတယ်။

အဲဒါကြောင့် သူတို့လေးတွေရဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်အောင်လို့ ကူညီထောက်ပံ့ပေးဖို့က ကျွန်တော်တို့အတွက် အရေးပါတဲ့ကိစ္စလို့ သတ်မှတ်ရမှာပါ”ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒရော့ဘာဟာ ဘောလုံးသမားဘဝမှာ မာဆေးလ်၊ ချယ်လ်ဆီး၊ ဂါလာတာစာရေးစတဲ့ ဥရောပနာမည်ကျော်ကလပ်အသင်းတွေမှာ ကစားခဲ့သူဖြစ်ပြီး အောင်မြင်မှုအများဆုံး ရယူနိုင်ခဲ့တာက ချယ်လ်ဆီးအသင်းမှာ ပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၄)ကြိမ်၊ FA ဖလား(၄)ကြိမ်၊ လိဂ်ဖလား(၃)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်ရရှိခဲ့ပြီး အသင်းရဲ့ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါ့အပြင် ဒရော့ဘာဟာ အိုင်ဗရီကို့စ်အသင်းအတွက် ၂၀၀၂ ကနေ ၂၀၁၄ ခုနှစ်အထိကစားခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေဖို့ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

Zawgyi

ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉး ဒေရာ့ဘာ ဂုဏ္ထူးေဆာင္ဘြဲ႕ခ်ီးျမႇင့္ခံရ

အိုင္ဗရီကို႔စ္နဲ႔ ခ်ယ္လ္ဆီးဂႏၴဝင္တိုက္စစ္မႉးဒေရာ့ဘာဟာ မိခင္ႏိုင္ငံမွာ ေဘာလုံးက႑တိုးတက္ေရးအတြက္ တစ္ဖက္တစ္လမ္းက ကူညီခဲ့သလို အာဖရိကေဒသတြင္းႏိုင္ငံေတြမွာလည္း

လူမႈအက်ိဳးျပဳလုပ္ငန္းေတြေဆာင္႐ြက္ခဲ့တဲ့တာေၾကာင့္ အိုင္ဗရီကို႔စ္တကၠသိုလ္က သူ႔ကို ဂုဏ္ထူးေဆာင္ဘြဲ႕ ခ်ီးျမႇင့္ေပးအပ္ခဲ့ပါတယ္။

ဒေရာ့ဘာဟာ ကြင္းတြင္းမွာ လက္ေ႐ြးစင္အသင္း၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႔အတူ ေအာင္ျမင္မႈေတြအမ်ားႀကီး ရယူႏိုင္ခဲ့သလို ကြင္းျပင္ပမွာလည္း လူမႈအက်ိဳးျပဳလုပ္ငန္းေတြ ေဆာင္႐ြက္ခဲ့ၿပီး အထင္ရွားဆုံးကေတာ့ ၂၀၀၅ ခုႏွစ္တုန္းက အိုင္ဗရီကို႔စ္ျပည္တြင္းစစ္မီးကို ၿငိမ္းခ်မ္းေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့တာပါပဲ။

ဒါ့အျပင္ ဒေရာ့ဘာဟာ ကစားသမားဘဝတစ္ေလွ်ာက္မွာလည္း လႉဒါန္းမႈေတြအႀကိမ္ႀကိမ္ျပဳလုပ္ခဲ့သလို တစ္ခါတုန္းက အိုင္ဗရီကို႔စ္ႏိုင္ငံမွာ ေဆး႐ုံတစ္ခုတည္ေဆာက္ဖို႔အတြက္
Pepsi နဲ႔ပူးေပါင္းၿပီး ေပါင္(၃)သန္းထည့္ဝင္လႉဒါန္းခဲ့ပါတယ္။

အသက္(၄၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဒေရာ့ဘာဟာ ေဘာလုံးသမားဘဝကအနားယူၿပီးေနာက္ပိုင္းမွာလည္း လူမႈအက်ိဳးျပဳကိစၥေတြကို ဆက္လက္ေဆာင္႐ြက္ေနၿပီး ေဘာလုံးက႑နဲ႔ပတ္သက္လို႔ အိုင္ဗရီကို႔စ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌေ႐ြးေကာက္ပြဲမွာ ေ႐ြးေကာက္ခံအျဖစ္ပါဝင္ခဲ့ေပမယ့္ ဥကၠဌအျဖစ္ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။

ဒီလိုမ်ိဳး လူမႈေရးအက်ိဳးျပဳကိစၥေတြကို ေဆာင္႐ြက္ေနတာေၾကာင့္ Réseau des Universités des Sciences et Technologies (RUSTA) တကၠသိုလ္က ဒေရာ့ဘာကို ဂုဏ္ထူးေဆာင္ဘြဲ႕ ခ်ီးျမႇင့္ခဲ့တာပဲျဖစ္ပါတယ္။

ဒေရာ့ဘာဟာ အာဖရိကေဒသတြင္းေဘာလုံးက႑ တိုးတက္ေစဖို႔အတြက္ အားတက္သေရာပါဝင္ကူညီေပးခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္တုန္းက UEFA President’s Award ဆု ခ်ီးျမႇင့္ခံခဲ့ရတဲ့အျပင္ UEFA ဥကၠဌဆယ္ဖာရင္က လူသားအားလုံးအတြက္ စံျပပုဂၢိဳလ္တစ္ဦးျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

အဲဒီဆုေပးပြဲအခမ္းအနားမွာ ဒေရာ့ဘာက “ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြမွာ ေဘာလုံးသမားျဖစ္ဖို႔တင္မဟုတ္ဘဲ ဆရာဝန္ေတြ၊ ဆရာမေတြ၊ အင္ဂ်င္နီယာေတြျဖစ္လာဖို႔ အလားအလာရွိတဲ့ ကေလးငယ္ေလးေတြ အမ်ားႀကီးရွိေနပါတယ္။

အဲဒါေၾကာင့္ သူတို႔ေလးေတြရဲ႕ စိတ္ကူးအိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ႏိုင္ေအာင္လို႔ ကူညီေထာက္ပံ့ေပးဖို႔က ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ကိစၥလို႔ သတ္မွတ္ရမွာပါ”ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ဒေရာ့ဘာဟာ ေဘာလုံးသမားဘဝမွာ မာေဆးလ္၊ ခ်ယ္လ္ဆီး၊ ဂါလာတာစာေရးစတဲ့ ဥေရာပနာမည္ေက်ာ္ကလပ္အသင္းေတြမွာ ကစားခဲ့သူျဖစ္ၿပီး
ေအာင္ျမင္မႈအမ်ားဆုံးရယူႏိုင္ခဲ့တာက ခ်ယ္လ္ဆီးအသင္းမွာ ပဲျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၄)ႀကိမ္၊ FA ဖလား(၄)ႀကိမ္၊ လိဂ္ဖလား(၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၁)ႀကိမ္ရရွိခဲ့ၿပီး အသင္းရဲ႕ဂႏၴဝင္ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူပါ။

ဒါ့အျပင္ ဒေရာ့ဘာဟာ အိုင္ဗရီကို႔စ္အသင္းအတြက္ ၂၀၀၂ ကေန ၂၀၁၄ ခုႏွစ္အထိကစားခဲ့ၿပီး ၂၀၀၆ ကမာၻ႔ဖလားမွာ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေစဖို႔ ဦးေဆာင္ခဲ့သူျဖစ္ပါတယ္။