PFA ဆန်ကာတင်စာရင်းထဲ ဖိုလ်ဒန်က ပါနေလို့ လီဗာပူးပရိသတ်တွေ ပေါက်ကွဲ …

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ PFA ရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမား ဆန်ကာတင်စာရင်းမှာ

အသင်းတိုက်စစ်မှုးဆာလက် မပါဝင်တာနဲ့ ပတ်သတ်ပြီး လီဗာပူးအသင်း ပရိသတ်တွေ ပေါက်ကွဲနေကြပါတယ်။

လီဗာပူးအသင်းတိုက်စစ်မှုး ဆာလက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဖြစ်သွားတဲ့ ဟာရီကိန်းရဲ့နောက်မှာ

၂၂ဂိုး သွင်းယူပြီး ဒုတိယသွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် မပါဝင်တဲ့ အတွက် ဆိုရှယ်မီဒီယာပေါ်မှာ ပေါက်ကွဲနေကြပါတယ်။

လီဗာပူးအသင်း ပရိသတ်တွေက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ပွဲ မှာ ၁၇ပွဲ သာ ပွဲထွက်ခဲ့ရတဲ့ မန်စီးတီးအသင်းက ဖိုလ်ဒန် က ဒီစာရင်းမှာ ဆာလက်ကို ကျော်ပြီးပါဝင်တာကို ပိုပြီးဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ မန်စီးတီးအသင်းက ဒီဘရိုင်း၊ ဖိုဒန်၊ ရူဘင်ဒက်ဇ် နဲ့

ဂန်ဒိုဂန်၊ ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်နဲ့ စပါးအသင်းတိုက်စစ်မှုး ဟာရီကိန်းတို့ ပါဝင်နေတာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တစ်ဦးက ဒီစာရင်းမှာ ဆာလက် မပါဝင်တာကို လုံးဝမယုံကြည်နိုင်ဖွယ်ဖြစ်နေပြီး အင်္ဂလိပ်လူမျိုးတွေကို ဘက်လိုက်မှုဟာ အမှန်ပဲလို့ဆိုပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ဆာလက်ရဲ့သွင်းဂိုးဟာ ဖိုလ်ဒန် ပွဲထွက်ကစားတဲ့ ပွဲအရေအတွက်ထက်တောင် ပိုတယ်လို့ ရေးသားထားပါတယ်။

ဆာလက် ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၇ပွဲ ကစားပြီး ၂၂ဂိုး သွင်းယူနိုင်ခဲ့သလို ၅ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အချက်အလက် မှတ်တမ်းတွေအရ အရမ်းကောင်းတဲ့ အခွင့်အရေးဖန်တီးမှု ၁၂ကြိမ်၊ အရေးပါတဲ့ ဘောလုံးပေးပို့မှု ၅၄ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာပါ။

မန်စီးတီးက ဖိုလ်ဒန် ကတော့ အမှတ်ပေးပွဲ၂၈ပွဲ သာပါဝင်ကစားခဲ့ရပြီး ၉ဂိုး သွင်း ၅ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

အရမ်းကောင်းတဲ့ အခွင့်အရေးဖန်တီးမှု ၅ကြိမ် နဲ့ အရေးပါတဲ့ပေးပို့မှု ၃၄ကြိမ် ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။

ဆာလက် ဟာ ၂၀၁၇-၁၈ ရာသီက PFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဒီနှစ်အတွက် PFA ဆုကိုတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူထားတဲ့ မန်စီးတီး ကစားသမားတွေထဲကပဲ ရယူသွားဖို့ ရှိနေပြီး

နောက်ခံလူ ရူဘင်ဒက်ဇ် က ဆုရဖို့ ရေပန်းအစားဖြစ်နေပြီး ဂန်ဒိုဂန်က ရေပန်းစားမှု အနည်းဆုံး ဖြစ်နေတာလည်းဖြစ်ပါတယ်။

Zawgyi

ဆာလက္ေလာက္ မေကာင္းတဲ့ ဖိုလ္ဒန္က PFA ဆန္ကာတင္စာရင္းထဲပါေနလို႔ လီဗာပူးပရိသတ္ေတြ ေပါက္ကြဲ

၂၀၂၀-၂၁ ပရီးမီးယားလိဂ္ေဘာလုံးရာသီရဲ႕ PFA ရဲ႕တစ္ႏွစ္တာ အေကာင္းဆုံးကစားသမား ဆန္ကာတင္စာရင္းမွာ အသင္းတိုက္စစ္မႈးဆာလက္ မပါဝင္တာနဲ႔ ပတ္သတ္ၿပီး

လီဗာပူးအသင္း ပရိသတ္ေတြ ေပါက္ကြဲေနၾကပါတယ္။

လီဗာပူးအသင္းတိုက္စစ္မႈး ဆာလက္ဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဂိုးသြင္းဘုရင္ျဖစ္သြားတဲ့ ဟာရီကိန္းရဲ႕ေနာက္မွာ ၂၂ဂိုး သြင္းယူၿပီး

ဒုတိယသြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္ခဲ့ေပမယ့္ မပါဝင္တဲ့ အတြက္ ဆိုရွယ္မီဒီယာေပၚမွာ ေပါက္ကြဲေနၾကပါတယ္။

လီဗာပူးအသင္း ပရိသတ္ေတြက ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၈ပြဲ မွာ ၁၇ပြဲ သာ ပြဲထြက္ခဲ့ရတဲ့ မန္စီးတီးအသင္းက ဖိုလ္ဒန္ က

ဒီစာရင္းမွာ ဆာလက္ကို ေက်ာ္ၿပီးပါဝင္တာကို ပိုၿပီးေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

PFA တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းမွာ မန္စီးတီးအသင္းက ဒီဘ႐ိုင္း၊ ဖိုဒန္၊ ႐ူဘင္ဒက္ဇ္ နဲ႔

ဂန္ဒိုဂန္၊ ယူႏိုက္တက္အသင္းက ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ စပါးအသင္းတိုက္စစ္မႈး ဟာရီကိန္းတို႔ ပါဝင္ေနတာျဖစ္ပါတယ္။

လီဗာပူးပရိသတ္တစ္ဦးက ဒီစာရင္းမွာ ဆာလက္ မပါဝင္တာကို လုံးဝမယုံၾကည္ႏိုင္ဖြယ္ျဖစ္ေနၿပီး

အဂၤလိပ္လူမ်ိဳးေတြကို ဘက္လိုက္မႈဟာ အမွန္ပဲလို႔ဆိုပါတယ္။ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း ဆာလက္ရဲ႕သြင္းဂိုးဟာ ဖိုလ္ဒန္ ပြဲထြက္ကစားတဲ့ ပြဲအေရအတြက္ထက္ေတာင္ ပိုတယ္လို႔ ေရးသားထားပါတယ္။

လက္ ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၃၇ပြဲ ကစားၿပီး

၂၂ဂိုး သြင္းယူႏိုင္ခဲ့သလို ၅ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ အခ်က္အလက္ မွတ္တမ္းေတြအရ အရမ္းေကာင္းတဲ့ အခြင့္အေရးဖန္တီးမႈ ၁၂ႀကိမ္၊ အေရးပါတဲ့ ေဘာလုံးေပးပို႔မႈ ၅၄ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာပါ။

မန္စီးတီးက ဖိုလ္ဒန္ ကေတာ့ အမွတ္ေပးပြဲ၂၈ပြဲ သာပါဝင္ကစားခဲ့ရၿပီး

၉ဂိုး သြင္း ၅ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

အရမ္းေကာင္းတဲ့ အခြင့္အေရးဖန္တီးမႈ ၅ႀကိမ္ နဲ႔ အေရးပါတဲ့ေပးပို႔မႈ ၃၄ႀကိမ္ ျပဳလုပ္ထားတာလည္းျဖစ္ပါတယ္။

ဆာလက္ ဟာ ၂၀၁၇-၁၈ ရာသီက PFA တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။

ဒီႏွစ္အတြက္ PFA ဆုကိုေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ရယူထားတဲ့ မန္စီးတီး ကစားသမားေတြထဲကပဲ ရယူသြားဖို႔ ရွိေနၿပီး

ေနာက္ခံလူ ႐ူဘင္ဒက္ဇ္ က ဆုရဖို႔ ေရပန္းအစားျဖစ္ေနၿပီး ဂန္ဒိုဂန္က ေရပန္းစားမႈ အနည္းဆုံး ျဖစ္ေနတာလည္းျဖစ္ပါတယ္။