အာနိုးလ်ရဲ့ ဒဏ်ရာရရှိမှုက လင်ဂတ်အတွက် အခွင့်အရေးဖြစ်လေမလား

အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ယူရို ( ၂၀၂၀ ) ပြိုင်ပွဲဝင်မယ့်အသင်းအတွက်- ညာနောက်ခံလူ ( ၄ ) ယောက်ထိရွေးချယ်ခဲ့ပါတယ်။
ဒါကြောင့် ဂျေစီလင်ဂတ်ဟာလည်း အသင်းလူစာရင်းကနေ ချန်လှပ်ခြင်းခံရတဲ့ ကွင်းလယ်ကစားသမားတွေထဲ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးနောက်ခံလူ အာနိုးက သြစတြီးယားနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိသွားတဲ့အတွက် လင်ဂတ်အနေနဲ့ ယူရို ( ၂၀၂၀ ) ကစားခွင့်ဖို့ အနည်းငယ်မျှော်လင့်နိုင်တာဖြစ်ပါတယ်။


မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဂျေစီလင်ဂတ်ဟာ အင်္ဂလန်ရဲ့ အပြီးသတ် ( ၂၆ ) ဦး စာရင်းကနေ ချန်လှပ်ခြင်းခံထားရပေမယ့်

အဆိုပါ ခြေစမ်းပွဲစဉ်မှာတော့ ပွဲထွက်ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။

လင်ဂတ်ဟာ အင်္ဂလန်က ( ၁-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဘာကာယို ဆာကာရဲ့ အနိုင်ဂိုးမှာလည်း ပါဝင်ပတ်သက်မှုရှိခဲ့ပါတယ်။
အပြီးသတ် ( ၂၆ ) ဦးထဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ယူနိုက်တက်ကစားသမားတွေကတော့ အဆိုပါ ခြေစမ်းပွဲမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

ဟယ်ရီ မက်ဂွဲယား နှင့် မားကတ်ရက်ဖို့ဒ်တို့က ဒဏ်ရာပြဿနာ ရုန်းကန်နေရသလို ဂိုးသမားနေရာမှာလည်း

ဒီး ဟန်ဒါဆန်အစား ဂျော်ဒန် ပစ်ဖို့ဒ်ကို အသုံးပြုခဲ့ပါတယ်။၊
ဘယ်နောက်ခံလူ လုခ်ရှောကိုလည်း အနားပေးခဲ့ပါတယ်။


အင်္ဂလန်အသင်းဟာ ‌နောက်ထပ်ခြေစမ်းပွဲအဖြစ် လာမယ့် တနင်္ဂ‌နွေနေ့မှာ ရိုမေးနီးယားအသင်းနဲ့ ကစားသွားဖို့ရှိနေပါတယ်။

Zawgyi

အာႏိုးလ္ရဲ႕ ဒဏ္ရာရရွိမႈက လင္ဂတ္အတြက္ အခြင့္အေရးျဖစ္ေလမလား

အဂၤလန္ နည္းျပ ေဆာက္ဂိတ္က ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲဝင္မယ့္အသင္းအတြက္- ညာေနာက္ခံလူ ( ၄ ) ေယာက္ထိေ႐ြးခ်ယ္ခဲ့ပါတယ္။
ဒါေၾကာင့္ ေဂ်စီလင္ဂတ္ဟာလည္း အသင္းလူစာရင္းကေန ခ်န္လွပ္ျခင္းခံရတဲ့ ကြင္းလယ္ကစားသမားေတြထဲ ပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ လီဗာပူးေနာက္ခံလူ အာႏိုးက ၾသစႀတီးယားနဲ႔ ေျခစမ္းပြဲမွာ ဒဏ္ရာရရွိသြားတဲ့အတြက္ လင္ဂတ္အေနနဲ႔ ယူ႐ို ( ၂၀၂၀ ) ကစားခြင့္ဖို႔ အနည္းငယ္ေမွ်ာ္လင့္ႏိုင္တာျဖစ္ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္ကစားသမား ေဂ်စီလင္ဂတ္ဟာ အဂၤလန္ရဲ႕ အၿပီးသတ္ ( ၂၆ ) ဦး စာရင္းကေန ခ်န္လွပ္ျခင္းခံထားရေပမယ့္ အဆိုပါ ေျခစမ္းပြဲစဥ္မွာေတာ့ ပြဲထြက္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရခဲ့ပါတယ္။

လင္ဂတ္ဟာ အဂၤလန္က ( ၁-၀ ) အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အေကာင္းဆုံး ကစားႏိုင္ခဲ့ၿပီး ဘာကာယို ဆာကာရဲ႕ အႏိုင္ဂိုးမွာလည္း ပါဝင္ပတ္သက္မႈရွိခဲ့ပါတယ္။
အၿပီးသတ္ ( ၂၆ ) ဦးထဲမွာ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ယူႏိုက္တက္ကစားသမားေတြကေတာ့ အဆိုပါ ေျခစမ္းပြဲမွာ ပါဝင္ခြင့္မရခဲ့ပါဘူး။

ဟယ္ရီ မက္ဂြဲယား ႏွင့္ မားကတ္ရက္ဖို႔ဒ္တို႔က ဒဏ္ရာျပႆနာ ႐ုန္းကန္ေနရသလို ဂိုးသမားေနရာမွာလည္း ဒီး ဟန္ဒါဆန္အစား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ကို အသုံးျပဳခဲ့ပါတယ္။၊
ဘယ္ေနာက္ခံလူ လုခ္ေရွာကိုလည္း အနားေပးခဲ့ပါတယ္။
အဂၤလန္အသင္းဟာ ‌ေနာက္ထပ္ေျခစမ္းပြဲအျဖစ္ လာမယ့္ တနဂၤ‌ေႏြေန႔မွာ ႐ိုေမးနီးယားအသင္းနဲ႔ ကစားသြားဖို႔ရွိေနပါတယ္။