ရာမို့စ်၊ ဟာဇက်နဲ့ ဂါရတ်ဘေးလ်တို့နဲ့ ဘောင်ချာစုတ်ရမယ့် အန်ဆယ်လော့တီ

အဲဗာတန်အသင်းကနေ ထွက်ခွာပြီး ရီးရြလ်မက်ဒရစ်အသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်မယ့် ဝါရင့်နည်းပြကြီး အန်ဆယ်လော့တီက

အသင်းမှာရှိတဲ့ လတ်တလော အနာဂါတ်မငြိမ်သေးတဲ့ အသင်းခေါင်းဆောင်ရာမို့စ်အပါအဝင် နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဟာဇက်၊ ဂါရတ်ဘေးလ် တို့ရဲ့ အနေအထားတွေနဲ့ ပတ်သတ်ပြီး မီဒီယာတွေကို ရှင်းလင်းပြောကြားသွားပါတယ်။

အန်ဆယ်လော့တီ က “ကျွန်တော် ဒီနေရာကို ရောက်ရှိလာပါပြီ။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ရာမို့စ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ စကားပြောဆိုဖို့ လိုပါတယ်။‌

ဂါရတ်ဘေးလ်၊ အစ္စကိုနဲ့ မာဆယ်လို တို့ကို ချစ်မြတ်နိုးနေဆဲပါပဲ။ သူတို့ဟာ ရီးရဲလ်အသင်းအတွက် ကစားနိုင်သေးတယ်ဆိုတာကို ပြသဖို့ အတွက် လှုံဆော်မှုတွေ ပြုလုပ်ရပါလိမ့်မယ်။

ဟာဇတ် က ထိပ်တန်းကစားသမားဖြစ်ပြီး သူ့ရဲ့ကျွမ်းကျင်မှုကို ပြရပါလိမ့်မယ်။

ဟာဇတ်နဲ့ ‌ဘေးလ် တို့ဟာ ကျွန်တော်တို့ အတွက် အလွန်အရေးပါတဲ့သူတွေဖြစ်ပါလိမ့်မယ်။

 

ရာမို့စ်က အလွန်အရေးကြီးတဲ့ ကစားသမားဖြစ်ပါတယ်။ စာချုပ်ကိစ္စက သူတို့တွေဆွေးနွေးမှုတွေပြုလုပ်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ မသိပါဘူး။

ရာမို့စ် ရဲ့အနာဂတ်ကို ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါ”လို့ ဆိုပါတယ်။

ရာမို့စ်နဲ့ ရီးရဲလ် တို့အကြား စာချုပ်သက်တမ်းဟာ ဒီလအကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် အန်ဆယ်လော့တီ အနေနဲ့ အသင်းခေါင်းဆောင်ကို ထိန်းသိမ်းဖို့ ခပ်မြန်မြန် လုပ်ဆောင်ရဖို့ရှိပါတယ်။၏

ရီးရဲလ် ကစားသမားတွေဖြစ်တဲ့ ရာမို့စ်၊ ဂါရတ်ဘေးလ် နဲ့ ဟာဇတ် တို့ဟာ အသင်းမှာ အနာဂတ် မရေမရာဖြစ်နေကြတာပါ။

ရာမို့စ်ဟာ ရီးရယ်လ် အသင်းနဲ့ စာချုပ်ကိစ္စ အခုအချိန်ထိသဘောတူညီမှုမရသေးဘဲ ဟာဇတ်ကလည်း ရီးရဲလ်အသင်းမှာ ၂ရာသီ ကြာကစားထားပေမယ့်

ကစားရတဲ့ ပွဲအရေအတွက်ထက် ဒဏ်ရာကြောင့် အနားယူနေရတာက ပိုပြီးများနေတာပါ။

ဂါရတ်ဘေးလ် ကတော့ စပါးအသင်းမှာ အငှားနဲ့ သွားကစားပြီး ရီးရဲလ်ကိုပြန်ရောက်လာတာဖြစ်ပြီး ယူရိုပြိုင်ပွဲပြီးရင် ဘောလုံးသမားဘဝက အနားယူပြီး ဂေါ့ဖ်ကစားမယ်လို့ ပြောထားဖူးပါတယ်…

Zawgyi

ရာမို႔စ္၊ ဟာဇက္နဲ႔ ဂါရတ္ေဘးလ္တို႔နဲ႔ ေဘာင္ခ်ာစုတ္ရမယ့္ အန္ဆယ္ေလာ့တီ

အဲဗာတန္အသင္းကေန ထြက္ခြာၿပီး ရီးျရလ္မက္ဒရစ္အသင္းကို ဒုတိယအႀကိမ္ေျမာက္ ကိုင္တြယ္မယ့္ ဝါရင့္နည္းျပႀကီး အန္ဆယ္ေလာ့တီက

အသင္းမွာရွိတဲ့ လတ္တေလာ အနာဂါတ္မၿငိမ္ေသးတဲ့ အသင္းေခါင္းေဆာင္ရာမို႔စ္အပါအဝင္ နာမည္ႀကီး ကစားသမားေတြျဖစ္တဲ့ ဟာဇက္၊ ဂါရတ္ေဘးလ္ တို႔ရဲ႕ အေနအထားေတြနဲ႔ ပတ္သတ္ၿပီး မီဒီယာေတြကို ရွင္းလင္းေျပာၾကားသြားပါတယ္။

အန္ဆယ္ေလာ့တီ က “ကြၽန္ေတာ္ ဒီေနရာကို ေရာက္ရွိလာပါၿပီ။ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ရာမို႔စ္နဲ႔ ပတ္သက္ၿပီး အသင္းနဲ႔ စကားေျပာဆိုဖို႔ လိုပါတယ္။‌

ဂါရတ္ေဘးလ္၊ အစၥကိုနဲ႔ မာဆယ္လို တို႔ကို ခ်စ္ျမတ္ႏိုးေနဆဲပါပဲ။ သူတို႔ဟာ ရီးရဲလ္အသင္းအတြက္ ကစားႏိုင္ေသးတယ္ဆိုတာကို ျပသဖို႔ အတြက္ လႈံေဆာ္မႈေတြ ျပဳလုပ္ရပါလိမ့္မယ္။

ဟာဇတ္ က ထိပ္တန္းကစားသမားျဖစ္ၿပီး သူ႔ရဲ႕ကြၽမ္းက်င္မႈကို ျပရပါလိမ့္မယ္။

ဟာဇတ္နဲ႔ ‌ေဘးလ္ တို႔ဟာ ကြၽန္ေတာ္တို႔ အတြက္ အလြန္အေရးပါတဲ့သူေတြျဖစ္ပါလိမ့္မယ္။

ရာမို႔စ္က အလြန္အေရးႀကီးတဲ့ ကစားသမားျဖစ္ပါတယ္။ စာခ်ဳပ္ကိစၥက သူတို႔ေတြေဆြးေႏြးမႈေတြျပဳလုပ္တယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္။ ဒါေပမယ့္ အေသးစိတ္ေတာ့ မသိပါဘူး။

ရာမို႔စ္ ရဲ႕အနာဂတ္ကို ကလပ္အသင္းနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္သြားမွာပါ”လို႔ ဆိုပါတယ္။

ရာမို႔စ္နဲ႔ ရီးရဲလ္ တို႔အၾကား စာခ်ဳပ္သက္တမ္းဟာ ဒီလအကုန္မွာ ကုန္ဆုံးမွာျဖစ္တာေၾကာင့္ အန္ဆယ္ေလာ့တီ အေနနဲ႔ အသင္းေခါင္းေဆာင္ကို ထိန္းသိမ္းဖို႔ ခပ္ျမန္ျမန္ လုပ္ေဆာင္ရဖို႔ရွိပါတယ္။

ရီးရဲလ္ ကစားသမားေတြျဖစ္တဲ့ ရာမို႔စ္၊ ဂါရတ္ေဘးလ္ နဲ႔ ဟာဇတ္ တို႔ဟာ အသင္းမွာ အနာဂတ္ မေရမရာျဖစ္ေနၾကတာပါ။

ရာမို႔စ္ဟာ ရီးရယ္လ္ အသင္းနဲ႔ စာခ်ဳပ္ကိစၥ အခုအခ်ိန္ထိသေဘာတူညီမႈမရေသးဘဲ ဟာဇတ္ကလည္း ရီးရဲလ္အသင္းမွာ ၂ရာသီ ၾကာကစားထားေပမယ့္

ကစားရတဲ့ ပြဲအေရအတြက္ထက္ ဒဏ္ရာေၾကာင့္ အနားယူေနရတာက ပိုၿပီးမ်ားေနတာပါ။

ဂါရတ္ေဘးလ္ ကေတာ့ စပါးအသင္းမွာ အငွားနဲ႔ သြားကစားၿပီး ရီးရဲလ္ကိုျပန္ေရာက္လာတာျဖစ္ၿပီး ယူ႐ိုၿပိဳင္ပြဲၿပီးရင္ ေဘာလုံးသမားဘဝက အနားယူၿပီး ေဂါ့ဖ္ကစားမယ္လို႔ ေျပာထားဖူးပါတယ္