ယူရိုပြိုင်ပွဲမှာ နှစ်ကြိမ်ဆက်ဗိုလ်စွဲချင်နေတဲ့ စီရော်နယ်လ်ဒို

ပေါ်တူဂီအသင်းရဲ့နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ လာမယ့်ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရယူပြီး ယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားနေပါပြီ။

စီရော်နယ်လ်ဒိုဟာ ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပေမယ့် ပြင်သစ်အသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ဗိုလ်လုပွဲမှာ ပွဲအစ(၂၅)မိနစ်မှာပဲ ပြိုင်ဘက်ကစားသမားပါယက်နဲ့ ထိခိုက်မိခဲ့တာကနေ ဒဏ်ရာရရှိခဲ့လို့ပွဲဆက်လက်မကစားနိုင်တာကြောင့် ကွင်းထဲက ဝမ်းနည်းတကြီးငိုကြွေးပြီးထွက်သွားခဲ့ရတဲ့မြင်ကွင်းကို အခုအချိန်အထိပရိသတ်တွေအမှတ်ရနေဆဲပါပဲ။

ခုအချိန်မှာတော့ စီရော်နယ်လ်ဒိုက ယူရိုပြိုင်ပွဲလက်ရှိချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ဖို့အတွက် ပေါ်တူဂီအသင်းကို ဆက်လက်ဦးဆောင်မှာဖြစ်ပြီး ၂၀၀၈၊ ၂၀၁၂ ပြိုင်ပွဲနှစ်ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့ စပိန်အသင်းလိုမျိုးအောင်မြင်မှုရရှိအောင် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုက “ယူရိုချန်ပီယံဖလားရယူနိုင်ခဲ့တဲ့အခိုက်အတန့်က ပေါ်တူဂီအသင်းအတွက်ရော၊ နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ အရင်တုန်းကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်။


ချန်ပီယံဆုဖလားကို ကိုယ့်နိုင်ငံဆီ ယူဆောင်ခွင့်ရရှိခဲ့လို့ အရမ်းကိုဂုဏ်ယူမိသလို စိတ်လည်းလှုပ်ရှားခဲ့ရပါတယ်။
ယူရိုချန်ပီယံဆုကို နောက်ထပ်ဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ဒါဟာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့အောင်ပွဲဖြစ်သွားမှာပါ။

လာမယ့်ယူရိုပြိုင်ပွဲမှာ အဲဒီရည်မှန်းချက်နဲ့ ကျွန်တော်တို့တွေ ယှဉ်ပြိုင်သွားမယ်ဆိုတာ အသေအချာပါပဲ”လို့ပြောကြားခဲ့ပါတယ်။
အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ကလပ်အသင်းကစားသမားဘဝမှာ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်အသင်းတို့နဲ့အတူ

ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလားတွေအများကြီးရယူနိုင်ခဲ့ပေမယ့် သူ့အတွက် အဓိကအကျဆုံးက ယူရို-၂၀၁၆ ချန်ပီယံဆုရရှိခဲ့တာပဲဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ စီရော်နယ်လ်ဒိုက “ယူရို-၂၀၁၆ ပြိုင်ပွဲအစပိုင်းမှာ ကျွန်တော့်အတွက် အားလုံးအဆင်ပြေခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာရခဲ့တာကတော့ တကယ့်ကိုစိတ်ပျက်ဝမ်းနည်းစရာပါပဲ။

ဒါပေမဲ့ အဲဒီပွဲအပြီးမှာတော့ ကျွန်တော်ဟာ ဝမ်းသာစိတ်ကြောင့် မျက်ရည်ကျမိတာပါ။
ယူရိုဖလားဟာ ကျွန်တော့်ဘဝတစ်လျှောက်ရခဲ့ဖူးတဲ့ ဆုဖလားတွေထဲမှာ အဓိကအရေးပါဆုံးဆုဖလားလို့ ယူဆနိုင်ပါတယ်”ဆိုပြီးပြောကြားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ စပိန်အသင်းကလွဲလို့ ပြိုင်ပွဲနှစ်ကြိမ်ဆက်ဗိုလ်စွဲခဲ့တဲ့အသင်းမရှိဘဲ အခု ပေါ်တူဂီအသင်းကို နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်အောင် စီရော်နယ်လ်ဒို ဦးဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ…

Zawgyi

ယူ႐ိုၿပိဳင္ပြဲမွာ ႏွစ္ႀကိမ္ဆက္ဗိုလ္စြဲခ်င္ေနတဲ့ စီေရာ္နယ္လ္ဒို

ေပၚတူဂီအသင္းရဲ႕နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ လာမယ့္ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ခ်န္ပီယံဆုဖလားရယူၿပီး ယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ဗိုလ္စြဲႏိုင္ဖို႔ ပစ္မွတ္ထားေနပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲတုန္းက ေပၚတူဂီအသင္းနဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ျပင္သစ္အသင္းကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ဗိုလ္လုပြဲမွာ ပြဲအစ(၂၅)မိနစ္မွာပဲ ၿပိဳင္ဘက္ကစားသမားပါယက္နဲ႔ ထိခိုက္မိခဲ့တာကေန ဒဏ္ရာရရွိခဲ့လို႔
ပြဲဆက္လက္မကစားႏိုင္တာေၾကာင့္ ကြင္းထဲက ဝမ္းနည္းတႀကီးငိုေႂကြးၿပီးထြက္သြားခဲ့ရတဲ့ျမင္ကြင္းကို အခုအခ်ိန္အထိပရိသတ္ေတြအမွတ္ရေနဆဲပါပဲ။

အခုအခ်ိန္မွာေတာ့ စီေရာ္နယ္လ္ဒိုက ယူ႐ိုၿပိဳင္ပြဲလက္ရွိခ်န္ပီယံဘြဲ႕ကို ဆက္ထိန္းႏိုင္ဖို႔အတြက္ ေပၚတူဂီအသင္းကို ဆက္လက္ဦးေဆာင္မွာျဖစ္ၿပီး ၂၀၀၈၊ ၂၀၁၂ ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ ဗိုလ္စြဲခဲ့တဲ့ စပိန္အသင္းလိုမ်ိဳးေအာင္ျမင္မႈရရွိေအာင္ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုက “ယူ႐ိုခ်န္ပီယံဖလားရယူႏိုင္ခဲ့တဲ့အခိုက္အတန႔္က ေပၚတူဂီအသင္းအတြက္ေရာ၊ ႏိုင္ငံအတြက္ ဘယ္ေလာက္အေရးပါလဲဆိုတာ အရင္တုန္းကလည္း ကြၽန္ေတာ္ေျပာခဲ့ဖူးပါတယ္။
ခ်န္ပီယံဆုဖလားကို ကိုယ့္ႏိုင္ငံဆီ ယူေဆာင္ခြင့္ရရွိခဲ့လို႔ အရမ္းကိုဂုဏ္ယူမိသလို စိတ္လည္းလႈပ္ရွားခဲ့ရပါတယ္။

ယူ႐ိုခ်န္ပီယံဆုကို ေနာက္ထပ္ဆြတ္ခူးႏိုင္မယ္ဆိုရင္ေတာ့ ဒါဟာ အရမ္းကို ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ပြဲျဖစ္သြားမွာပါ။

လာမယ့္ယူ႐ိုၿပိဳင္ပြဲမွာ အဲဒီရည္မွန္းခ်က္နဲ႔ ကြၽန္ေတာ္တို႔ေတြ ယွဥ္ၿပိဳင္သြားမယ္ဆိုတာ အေသအခ်ာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။
အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္လ္ဒိုဟာ ကလပ္အသင္းကစားသမားဘဝမွာ မန္ခ်က္စတာယူႏိုက္တက္၊ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔အတူ

ခ်န္ပီယံလိဂ္အပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီးရယူႏိုင္ခဲ့ေပမယ့္ သူ႔အတြက္ အဓိကအက်ဆုံးက ယူ႐ို-၂၀၁၆ ခ်န္ပီယံဆုရရွိခဲ့တာပဲျဖစ္ပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ စီေရာ္နယ္လ္ဒိုက “ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲအစပိုင္းမွာ ကြၽန္ေတာ့္အတြက္ အားလုံးအဆင္ေျပခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဒဏ္ရာရခဲ့တာကေတာ့ တကယ့္ကိုစိတ္ပ်က္ဝမ္းနည္းစရာပါပဲ။
ဒါေပမဲ့ အဲဒီပြဲအၿပီးမွာေတာ့ ကြၽန္ေတာ္ဟာ ဝမ္းသာစိတ္ေၾကာင့္ မ်က္ရည္က်မိတာပါ။
ယူ႐ိုဖလားဟာ ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္ရခဲ့ဖူးတဲ့ ဆုဖလားေတြထဲမွာ အဓိကအေရးပါဆုံးဆုဖလားလို႔ ယူဆႏိုင္ပါတယ္”ဆိုၿပီးေျပာၾကားခဲ့ပါတယ္။

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္မွာ စပိန္အသင္းကလြဲလို႔ ၿပိဳင္ပြဲႏွစ္ႀကိမ္ဆက္ဗိုလ္စြဲခဲ့တဲ့အသင္းမရွိဘဲ အခု ေပၚတူဂီအသင္းကို ႏွစ္ႀကိမ္ဆက္ဗိုလ္စြဲႏိုင္တဲ့ ဒုတိယေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္ေအာင္ စီေရာ္နယ္လ္ဒို ဦးေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ…