နိုင်ငံအတွက် တစ်ကျော့ပြန်ကစားခွင့်ရခဲ့ပေမယ့် ပထမဆုံးပွဲမှာပဲ ပင်နယ်တီလွဲခဲ့တဲ့ ဘန်ဇီမာ

ပြင်သစ်လက်ရွေးစင်အသင်းမှာ ကစားဖို့ တစ်ကြော့ပြန်ရွေးချယ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာကတော့ ပထမဆုံးပွဲမှာပဲ ပင်နယ်တီလွဲချော်သွားခဲ့ရပါတယ်။

လွန်ခဲ့တဲ့ (၆)နှစ်ခန့်တုန်းက ဖောင်းဒိုင်းဇာတ်လမ်းခွေ ထွက်ပေါ်ခဲ့မှုကနေ ပြင်သစ်လက်ရွေးစင်အသင်းကနေပါ ဖယ်ရှားခံခဲ့ရတဲ့ တိုက်စစ်မှူး ဘန်ဇီမာဟာ သူ့ရဲ့အမှားတစ်ခုကြောင့် ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ကိုပါ လက်လွတ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဘန်ဇီမာဟာ လက်ရွေးစင်အသင်းနဲ့အတူ ယူရိုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့တော့ အခွင့်အရေး ရှိနေသေးတာဖြစ်ပါတယ်။

ဝေးလ်နဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဘန်ဇီမာ က ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပြီး ပြင်သစ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်

ဘန်ဇီမာအတွက်တော့ လက်ရွေးစင်သွင်းဂိုးပြန်ရမယ့် အကောင်းဆုံးအခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ကစားသမားတစ်ယောက်လျော့နေတဲ့ ဝေးလ်စ်အသင်းကို ဘာပေ ဂရီးဇ်မန်း ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပြီ

း ပွဲကစားချိန် ၂၇ မိနစ်မှာပင်နယ်တီ လွဲချော်သွားခဲ့တဲ့ ဘန်ဇီမာကတော့ ဘာပေနေရာမှာ ဝင်ရောက်ကစားခဲ့တဲ့ ဒမ်ဘီလီရဲ့သွင်းဂိုးကို ဖန်တီးပေးသွားခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြင်သစ်အတွက် ပွဲပေါင်း ၈၁ ပွဲကစားပေးထားပြီး ၂၇ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။


မနေ့ကပွဲကတော့ ၈၂ ပွဲမြောက်ဖြစ်ပြီး ၆ နှစ်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ကစားပေးခွင့်ရတာဖြစ်ပါတယ်။

Zawgyi

ႏိုင္ငံအတြက္ တစ္ေက်ာ့ျပန္ကစားခြင့္ရခဲ့ေပမယ့္ ပထမဆုံးပြဲမွာပဲ ပင္နယ္တီလြဲခဲ့တဲ့ ဘန္ဇီမာ

ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ ကစားဖို႔ တစ္ေၾကာ့ျပန္ေ႐ြးခ်ယ္ခံထားရတဲ့ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဘန္ဇီမာကေတာ့ ပထမဆုံးပြဲမွာပဲ ပင္နယ္တီလြဲေခ်ာ္သြားခဲ့ရပါတယ္။

လြန္ခဲ့တဲ့ (၆)ႏွစ္ခန႔္တုန္းက ေဖာင္းဒိုင္းဇာတ္လမ္းေခြ ထြက္ေပၚခဲ့မႈကေန ျပင္သစ္လက္ေ႐ြးစင္အသင္းကေနပါ ဖယ္ရွားခံခဲ့ရတဲ့ တိုက္စစ္မႉး ဘန္ဇီမာဟာ သူ႔ရဲ႕အမွားတစ္ခုေၾကာင့္ ျပင္သစ္အသင္းနဲ႔အတူ ကမာၻ႔ဖလားကိုင္ေျမႇာက္ခြင့္ကိုပါ လက္လြတ္ခဲ့ရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဘန္ဇီမာဟာ လက္ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ိုဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ဖို႔ေတာ့ အခြင့္အေရး ရွိေနေသးတာျဖစ္ပါတယ္။

ေဝးလ္နဲ႔ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဘန္ဇီမာ က ပင္နယ္တီလြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ျပင္သစ္က ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ဘန္ဇီမာအတြက္ေတာ့ လက္ေ႐ြးစင္သြင္းဂိုးျပန္ရမယ့္ အေကာင္းဆုံးအခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ကစားသမားတစ္ေယာက္ေလ်ာ့ေနတဲ့ ေဝးလ္စ္အသင္းကို ဘာေပ ဂရီးဇ္မန္း ဒမ္ဘီလီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရသြားခဲ့ၿပီး ပြဲကစားခ်ိန္ ၂၇ မိနစ္မွာပင္နယ္တီ လြဲေခ်ာ္သြားခဲ့တဲ့ ဘန္ဇီမာကေတာ့ ဘာေပေနရာမွာ ဝင္ေရာက္ကစားခဲ့တဲ့ ဒမ္ဘီလီရဲ႕သြင္းဂိုးကို ဖန္တီးေပးသြားခဲ့ပါတယ္။

ဘန္ဇီမာဟာ ျပင္သစ္အတြက္ ပြဲေပါင္း ၈၁ ပြဲကစားေပးထားၿပီး ၂၇ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။

မေန႔ကပြဲကေတာ့ ၈၂ ပြဲေျမာက္ျဖစ္ၿပီး ၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ျပန္လည္ကစားေပးခြင့္ရတာျဖစ္ပါတယ္။