စီရော်နယ်ဒိုပေးတဲ့ တစ်လစာမုန့်ဖိုးဟာ ဂျော်ဂျီနာအတွက် ဖိုလ်ဒန်နဲ့ဖာတီရဲ့ လစာထက်များနေ
စီးရီးအေမှာ လုပ်ခလစာ အများဆုံးရရှိတဲ့သူဖြစ်သလို ဂျူဗင်တပ်အသင်းမှာလည်း လစာဝင်ငွေအများဆုံးရရှိတဲ့ စီရော်နယ်ဒိုဟာသူ့ရဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို
တသ်လစာ သုံးချင်တာသုံးဖို့ မုန့်ဖိုးငွေပေါင် ၈၀၀၀၀ ဝန်းကျင်ပေးလေ့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
စီရော်နယ်ဒိုအတွက် ဒီငွေပမာဏဟာ ပါတီပွဲတစ်ခု ဦးဆောင်ပြုလုပ်တာလောက်တောင် မရှိတဲ့ အသေးအဖွဲဖြစ်ပေမယ့်
ဘောလုံးလောကထဲက အတော်အသင့် နာမည်ရနေတဲ့ ကစားသမားတွေရဲ့ လစာငွေထက်တောင် များပြားပြီး
မန်စီးတီးနဲ့အတူ ဒီရာသီမှာ ခြေစွမ်းပြနိုင်ခဲ့လို့ PFA ဆုအတွက် လူကြီးရော
လူငယ် ဆန်ခါတင်စာရင်းမှာ ပါဝင်နေတဲ့ ဖိုလ်ဒန်ရဲ့ လစာငွေထက်တောင် များပြားနေတယ်လို့ Tribuna က ဖော်ပြထားပါတယ်။
စပိန်နိုင်ငံသူဖြစ်တဲ့ ဂျော်ဂျီနာဟာ စီရော်နယ်ဒိုနဲ့ လက်တွဲနေတာ ကြာမြင့်နေပြီဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်သာ ရှိပါသေးတယ်။
စီရော်နယ်ဒိုနဲ့ အသက်အရွယ် ၉ နှစ်တိတိကွာဟပြီး သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်ကတည်းက လက်တွဲခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာတော့
စီရော်နယ်ဒိုနဲ့ ရရှိထားတဲ့ ရင်သွေးလေးအပြင် အခြားကလေး၃ဦး အထိရှိပြီး ဂျော်ဂျီနာကပဲ မိခင်စိတ်ဓတ်အပြည့်နဲ့ ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ အရင်ချစ်သူဟောင်းဖြစ်တဲ့ အိုင်ရီနာရှေးနဲ့
လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းမှာ ကလေးငယ်တွေကို ချစ်ခင်မှုမရှိဘဲ အိမ်ထောင်ရှင်မလုပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အိုင်ရီနာရှေးရဲ့ခံယူချက်ကြောင့်လည်း ပါဝင်ခဲ့ပါတယ်။
ဂျော်ဂျီနာရရှိနေတဲ့ တစ်လတာ ငွေကြေးဟာ မန်စီးတီးက ဖိုလ်ဒန်၊ ဘာစီလိုနာက ဖာတီ၊ အာဆင်နယ်က နယ်လ်ဆင်၊ ဝုလ်နောက်ခံလူ ကိုအာဒီ၊ လက်စတာက ဘားနက်စ်အစရှိတဲ့ကစားသမားတွေထက် များပြားနေတယ်လို့ ဆိုပါတယ်။
ဖိုလ်ဒန်ကတော့ မန်စီးတီးမှာ တစ်လ ပေါင် ၆၈၀၀၀ သာရရှိနေသူဖြစ်ပြီး လက်ရှိ သူပြသနေတဲ့ခြေစွမ်းတွေကြောင့် ယူရိုပြိုင်ပွဲပြီးရင် လစာတိုးမြှင့်ခံစားရဖို့တော့ ရှိနေပါတယ်။
ဖိုလ်ဒန်က ခြေထောက်ရင်းရသလို ဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း ရင်းရတာတွေရှိပါတယ်။ စီရော်နယ်ဒိုရဲ့ အမေအပြင် ယောင်းမတွေနဲ့
တည့်အောင်နေရတာတွေနဲ့ ကိုယ့်သွေးသားမဟုတ်တဲ့ ကလေး ၃ယောက်ကို ပြုစု၈ရုစိုက်ပေးရတာတွေက မလွယ်လှပါဘူး။
စီရော်နယ်ဒိုဟာ ဂျော်ဂျီနာမတိုင်ခင်ကလည်း မိန်းမချော၊မိန်းမလှတွေနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။
လက်ရှိမှာတော့ စီရော်နယ်ဒိုတစ်ယောက် ဂျော်ဂျီနာနဲ့လက်တွဲမြဲနေပြီး သမီးလေးတစ်ဦးပါ ရရှိထားလို့ သူတို့၂ယောက်ဟာ လက်ထပ်ပွဲ ဆင်နွှဲဖို့အထိ ဖြစ်လာနိုင်ခြေရှိနေပါတယ်။
zawgyi
သူ့ရဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို တစ်လစာ သုံးချင်တာသုံးဖို့ မုန့်ဖိုးငွေပေါင် ၈၀၀၀၀ ဝန်းကျင်ပေးလေ့ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။