့ ရီးရဲလ်ရဲ့ အန်ဆယ်လော့တီနဲ့ တစ်ကျော့ပြန် ပေါင်းစပ်မှု

မကြာသေးခင်ကမှ ဇီဒန်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာတော့ နည်းပြသစ်တစ်ဦး ခန့်ဖို့ လုပ်ဆောင်နေပါပြီ။

နည်းပြသစ် ဆိုပေမယ့် လူဟောင်းပါပဲ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိမှာတော့ အဲဗာတန် မန်နေဂျာ အန်ဆယ်လော့တီကို ခေါ်ယူနိုင်ရန် တအား နီးစပ်နေပြီ ဖြစ်ပါတယ်။သတင်းတွေ အရ အဲဗာတန်နဲ့ အန်ဆယ်လော့တီတို့ဟာ စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပြီး ရီးရဲလ်မက်ဒရစ် ဘက်က မကြာခင် စာချုပ်ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။

အီတလီလူမျိုး နာမည်ကျော် နည်းပြကြီး အန်ဆယ်လော့တီဟာ စီးရီးအေ ထိပ်တန်းကလပ်အသင်းတွေများစွာကို ကိုင်တွယ်ခဲ့ဖူးသလို
ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ၂၀၁၃ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ဇီဒန်းကိုလည်း သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ပါသေးတယ်။
အန်ဆယ်လော့တီဟာ သူ့ရဲ့ ရီးရဲလ်နည်းပြဘဝ ပထမဆုံးရာသီမှာပဲ အသင်းအတွက် ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတို့ကို အရယူဆောင်ပေးနိုင်ခဲ့ပါတယ်။

၎င်းရဲ့ ဒုတိယ ရာသီမှာတော့ ခက်ခဲမှုတွေ ရှိခဲ့ပြီး လာလီဂါမှာ ဒုတိယနေရာ ရခဲ့ပေမယ့် ချန်ပီယံလိဂ်ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ထွက်ခွာ ခဲ့ရတာကြောင့်
ရီးရဲလ်ဟာ ၂၀၁၅ နွေရာသီမှာ ကလပ်ကနေ ထွက်ခွာခွင့် ပြုခဲ့ပါတယ်။

အန်ဆယ်လော့တီ အဲဗာတန်ကို ရောက်လာခဲ့တဲ့ အချိန်မှာ ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၁၅ နေရာကို ရောက်နေပြီး ရုန်းကန် ခဲ့ရပါတယ်။

အီတလီနည်းပြဟာ သူ့ရဲ့ ပထမဦးဆုံး ကိုင်တွယ်တဲ့ ၁၉ ပွဲမှာ ၈ ပွဲနိုင် ၅ ပွဲသရေ ရလဒ် ရယူပေးကာ အသင်းကို ပြန်လည် ဆွဲတင်ပေးခဲ့ပြီး ရာသီကုန်မှာ အဲဗာတန်တို့ အဆင့် ၁၂ နေရာနဲ့ ပန်းဝင်ခဲ့ပါတယ်။

ဒီရာသီမှာတော့ အဲဗာတန်ဟာ ရာသီအစ တာထွက် ကောင်းမွန်ခဲ့ပြီး အန်ဆယ်လော့တီဟာ manager of the month ဆုကို ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ရာသီနှောင်းပိုင်း မှာတော့ အဲဗာတန်တို့ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့ကာ ရာသီကုန်မှာ အဆင့် ၁၀ နေရာသာ ရရှိခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ရီးရဲလ်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ် နာပိုလီနဲ့ အဲဗာတန်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပေမယ့်

လက်ရှိမှာ သူ့ရဲ့အသင်းဟောင်းက သူ့ကို ပြန်လည်အလိုရှိနေချိန်မှာ အဲဗာတန်ကို ကျော့ခိုင်းဖို့ပါ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

မူဟောင်း လူမပြောင်းဆိုတာ တစ်ခါတလေ အဝေးကြီးကို ကြည့်စရာမလိုပါဘူး။

zawgyi

့ ရီးရဲလ္ရဲ႕ အန္ဆယ္ေလာ့တီနဲ႔ တစ္ေက်ာ့ျပန္ ေပါင္းစပ္မႈ
မၾကာေသးခင္ကမွ ဇီဒန္းနဲ႔ လက္တြဲျဖဳတ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းဟာ လက္ရွိမွာေတာ့ နည္းျပသစ္တစ္ဦး ခန႔္ဖို႔ လုပ္ေဆာင္ေနပါၿပီ။

နည္းျပသစ္ ဆိုေပမယ့္ လူေဟာင္းပါပဲ။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ လက္ရွိမွာေတာ့ အဲဗာတန္ မန္ေနဂ်ာ အန္ဆယ္ေလာ့တီကို ေခၚယူႏိုင္ရန္ တအား နီးစပ္ေနၿပီ ျဖစ္ပါတယ္။

သတင္းေတြ အရ အဲဗာတန္နဲ႔ အန္ဆယ္ေလာ့တီတို႔ဟာ စာခ်ဳပ္ဖ်က္သိမ္းရန္ သေဘာတူညီမႈရဖို႔ နီးစပ္ေနၿပီလို႔ သိရၿပီး ရီးရဲလ္မက္ဒရစ္ ဘက္က မၾကာခင္ စာခ်ဳပ္ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။

အီတလီလူမ်ိဳး နာမည္ေက်ာ္ နည္းျပႀကီး အန္ဆယ္ေလာ့တီဟာ စီးရီးေအ ထိပ္တန္းကလပ္အသင္းေတြမ်ားစြာကို ကိုင္တြယ္ခဲ့ဖူးသလို

ရီးရဲလ္မက္ဒရစ္အသင္းကိုလည္း ၂၀၁၃ခုႏွစ္ကေန ၂၀၁၅ခုႏွစ္အထိ ကိုင္တြယ္ခဲ့ဖူးပါတယ္။

ဒါ့အျပင္ ဇီဒန္းကိုလည္း သူ႔ရဲ႕လက္ေထာက္နည္းျပအျဖစ္ ခန႔္အပ္ခဲ့ပါေသးတယ္။

အန္ဆယ္ေလာ့တီဟာ သူ႔ရဲ႕ ရီးရဲလ္နည္းျပဘဝ ပထမဆုံးရာသီမွာပဲ အသင္းအတြက္ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါဆုဖလားတို႔ကို အရယူေဆာင္ေပးႏိုင္ခဲ့ပါတယ္။

၎ရဲ႕ ဒုတိယ ရာသီမွာေတာ့ ခက္ခဲမႈေတြ ရွိခဲ့ၿပီး လာလီဂါမွာ ဒုတိယေနရာ ရခဲ့ေပမယ့္

ခ်န္ပီယံလိဂ္ရဲ႕ ၁၆ သင္း ရႈံးထြက္အဆင့္ ကေန ထြက္ခြာ ခဲ့ရတာေၾကာင့္ ရီးရဲလ္ဟာ ၂၀၁၅ ေႏြရာသီမွာ ကလပ္ကေန ထြက္ခြာခြင့္ ျပဳခဲ့ပါတယ္။

အန္ဆယ္ေလာ့တီ အဲဗာတန္ကို ေရာက္လာခဲ့တဲ့ အခ်ိန္မွာ ကလပ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ ၁၅ ေနရာကို ေရာက္ေနၿပီး ႐ုန္းကန္ ခဲ့ရပါတယ္။

အီတလီနည္းျပဟာ သူ႔ရဲ႕ ပထမဦးဆုံး ကိုင္တြယ္တဲ့ ၁၉ ပြဲမွာ ၈ ပြဲႏိုင္ ၅ ပြဲသေရ ရလဒ္ ရယူေပးကာ အသင္းကို ျပန္လည္ ဆြဲတင္ေပးခဲ့ၿပီး ရာသီကုန္မွာ အဲဗာတန္တို႔ အဆင့္ ၁၂ ေနရာနဲ႔ ပန္းဝင္ခဲ့ပါတယ္။

ဒီရာသီမွာေတာ့ အဲဗာတန္ဟာ ရာသီအစ တာထြက္ ေကာင္းမြန္ခဲ့ၿပီး အန္ဆယ္ေလာ့တီဟာ manager of the month ဆုကို ရရွိခဲ့ပါတယ္။

ဒါေပမယ့္လည္း ရာသီေႏွာင္းပိုင္း မွာေတာ့ အဲဗာတန္တို႔ ပုံစံေကာင္းေတြ ေပ်ာက္ဆုံးခဲ့ကာ ရာသီကုန္မွာ အဆင့္ ၁၀ ေနရာသာ ရရွိခဲ့ပါတယ္။

အန္ဆယ္ေလာ့တီဟာ ရီးရဲလ္ကေန ထြက္ခြာခဲ့ၿပီးေနာက္ပိုင္းမွာ ဘိုင္ယန္ျမဴးနစ္ နာပိုလီနဲ႔ အဲဗာတန္အသင္းေတြမွာ နည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ေပမယ့္

လက္ရွိမွာ သူ႔ရဲ႕အသင္းေဟာင္းက သူ႔ကို ျပန္လည္အလိုရွိေနခ်ိန္မွာ အဲဗာတန္ကို ေက်ာ့ခိုင္းဖို႔ပါ စဥ္းစားလာခဲ့တာျဖစ္ပါတယ္။

မူေဟာင္း လူမေျပာင္းဆိုတာ တစ္ခါတေလ အေဝးႀကီးကို ၾကည့္စရာမလိုပါဘူး။