အမှိုက်ကောက်ခဲ့ရတဲ့ အခြေအနေကနေ စိတ်ဓာတ်ပြင်းပြင်းနဲ့ ပြောင်းလဲခဲ့သူ ကွန်တေ အပိုင်း (၂)

အခန်း(၄) ကစားဖော် ငယ်သူငယ်ချင်းကပြောတဲ့ ကန်တေရဲ့ အကြောင်း

ကွန်တေနဲ့ငယ်ဘဝအသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ Francois Lemoine က ကွန်တေနဲ့ပတ်သက်လို့အခုလိုပြောခဲ့ဖူးတယ်။

“ကွန်တေဟာ ကျွန်တော်တို့ထက် (၃)နှစ်လောက်ငယ်ပေမယ့် ကျွန်တော်တို့နဲ့အတူ တွဲကစားနေပါပြီ။

ကျွန်တော်တို့နဲ့ ရပ်ကွက်တွင်းကလပ်တစ်သင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ကွန်တေဟာ ပွဲပြီးခါနီး(၁၀)မိနစ်လောက်မှာ လူစားဝင်ကစားခဲ့ပါတယ်။

သူဟာ တခြားကစားသမားတွေထက် ခန္ဓာကိုယ်သေးကွေးပေမယ့် သူ့ကို တစ်ယောက်မှကျော်ဖြတ်လို့မရခဲ့ဘူးဗျ။

ပွဲအပြီး အဝတ်လဲခန်းထဲမှာ ကျွန်တော့်အသင်းဖော်တစ်ဦးကို ‘ကြည့်စမ်းပါဦး၊ ဒီကောင်လေးဟာ ငါတို့ထက် ခန္ဓာကိုယ်သေးပေမယ့် ဆယ်မိနစ်လောက်အတွင်းမှာပဲ

ေသူ့အရည်အချင်းကို ပြသနိုင်ခဲ့ပြီး ငါတို့ ဘယ်လိုဘောလုံးကစားရမလဲဆိုတာ ပြသခဲ့တယ်။

ဒါက လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီး အလုပ်ကြိုးစားရမယ်ဆိုတာ အကောင်းဆုံးဥပမာပဲ’လို့ ပြောခဲ့ပါတယ်”။

အခန်း (၅) ငယျငယျကတညျးက ရွယ်တူတွေထက် အရှက်ပိုတတ်တဲ့ ကန်တေ

ကွန်တေဟာ ငယ်ငယ်ကတည်းက ရှက်ကြောက်တတ်တဲ့ကလေးတစ်ဦးဖြစ်တာကြောင့် ဖလားရလို့ အောင်ပွဲခံတဲ့အခါ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံလေ့မရှိဘဲ မလှမ်းမကမ်းကသာ ရပ်ကြည့်နေလေ့ရှိတယ်။

နောက်ပြီး ကွန်တေဟာ နည်းပြတွေခိုင်းတဲ့အတိုင်း တစ်သဝေမတိမ်းလုပ်လေ့ရှိပြီး တစ်ခါတုန်းကဆိုရင် သူ့နည်းပြက နှစ်လအတွင်းမှာ

ဘယ်ခြေနဲ့ဘောလုံးဆွဲပြေးတာ အကြိမ်(၅၀)၊ ညာခြေနဲ့အကြိမ်(၅၀)၊ ခေါင်းနဲ့အကြိမ်(၅၀)စီတော့ရမယ်လို့ နောက်ပြောင်ခဲ့ပေမယ့် ကွန်တေဟာ ခိုင်းတဲ့အတိုင်းတကယ်လုပ်ခဲ့လို့ နည်းပြကတောင် အံ့သြသွားခဲ့ရတယ်။

အခန်း (၆) အောင်မြင်မှုတွေကို သိမ်းပိုက်ဖို့ ကန်တေ ခရီးစပြီ…

JS Suresnes အကယ်ဒမီမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပညာသင်ကြားခဲ့တဲ့ ကွန်တေဟာ အဲဒီကနေတစ်ဆင့် ဘူလွန်းအကယ်ဒမီကို ရောက်ရှိခဲ့ပြီး နှစ်အနည်းငယ်အကြာမှာပဲ အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တယ်။

၂၀၁၃ ခုနှစ်မှာ ကိန်းအသင်းက ကွန်တေကို ခေါ်ယူခဲ့ပြီး သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုတွေရယူဖို့ အချိုးအကွေ့ကတော့ ၂၀၁၅ ခုနှစ်မှာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို စတင်ခြေချခဲ့တာပါပဲ။

လက်စတာအသင်းမှာ ၂၀၁၅-၂၀၁၆ တစ်ရာသီလောက်သာကစားခဲ့ရပေမယ့် အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးအဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး အဲဒီနောက်မှာတော့ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိခဲ့တယ်။

အဲဒီနောက်ပိုင်း ကွန်တေရဲ့ဘဝဖြစ်စဉ်တွေကတော့ ပရိသတ်တွေသိပြီးသားမို့ သိပ်ပြီးဇာမချဲ့ချင်တော့ပါဘူး။

၁၉၉၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းသားတွေကို အားကျခဲ့ရတဲ့ ကွန်တေဟာ အခုဆိုရင် သူအားကျခဲ့ရသလို ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရခဲ့ပြီ။

ကလပ်အသင်းကစားသမားဘဝမှာလည်း ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်အပြင် အခု ဥရောပရဲ့အမြင့်ဆုံးဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားကိုလည်း ကိုင်မြှောက်ခွင့်ရခဲ့ပြန်တယ်။

တစ်ချိန်တုန်းက သူ သန္နိဋ္ဌာန်ချခဲ့သလို မိသားစုကို ချမ်းချမ်းသာသာထားနိုင်တဲ့အခြေအနေမျိုးရောက်နေပြီဖြစ်သလို ချမ်းသာကြွယ်ဝတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် ကွန်တေဟာ အခုအချိန်အထိ မာန်မာနထောင်လွှားမှုမရှိဘဲ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးနေနေဆဲပဲ။

ငယ်စဉ်ဘဝတုန်းက အမှိုက်ကောက်ပြီး အသက်မွေးခဲ့ရတဲ့ဘဝကနေ အခု ကမ္ဘာ့အဆင့်စာရင်းဝင်ဘောလုံးသမားတစ်ဦးဖြစ်အောင် ကြိုးစားခဲ့သူ၊

ငွေကြေးချမ်းသာလာပေမယ့် ဘဝမမေ့တတ်သူ ကွန်တီရဲ့ အောင်မြင်မှုလမ်းကြောင်းဆီ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းက လေးစားအားကျစရာကောင်းပြီး အနာဂတ်မှာ အခုထက် ပိုအောင်မြင်မှုတွေရပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ် . . . .

Zawgyi

အမႈိက္ေကာက္ခဲ့ရတဲ့ အေျခအေနကေန စိတ္ဓာတ္ျပင္းျပင္းနဲ႔ ေျပာင္းလဲခဲ့သူ ကြန္ေတ အပိုင္း (၂)

အခန္း(၄) ကစားေဖာ္ ငယ္သူငယ္ခ်င္းကေျပာတဲ့ ကန္ေတရဲ႕ အေၾကာင္း

ကြန္ေတနဲ႔ငယ္ဘဝအသင္းေဖာ္ျဖစ္ခဲ့ဖူးတဲ့ Francois Lemoine က ကြန္ေတနဲ႔ပတ္သက္လို႔အခုလိုေျပာခဲ့ဖူးတယ္။ “ကြန္ေတဟာ ကြၽန္ေတာ္တို႔ထက္ (၃)ႏွစ္ေလာက္ငယ္ေပမယ့္ ကြၽန္ေတာ္တို႔နဲ႔အတူ တြဲကစားေနပါၿပီ။ ကြၽန္ေတာ္တို႔နဲ႔ ရပ္ကြက္တြင္းကလပ္တစ္သင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ကြန္ေတဟာ ပြဲၿပီးခါနီး(၁၀)မိနစ္ေလာက္မွာ လူစားဝင္ကစားခဲ့ပါတယ္။

သူဟာ တျခားကစားသမားေတြထက္ ခႏၶာကိုယ္ေသးေကြးေပမယ့္ သူ႔ကို တစ္ေယာက္မွေက်ာ္ျဖတ္လို႔မရခဲ့ဘူးဗ်။ ပြဲအၿပီး အဝတ္လဲခန္းထဲမွာ ကြၽန္ေတာ့္အသင္းေဖာ္တစ္ဦးကို ‘ၾကည့္စမ္းပါဦး၊ ဒီေကာင္ေလးဟာ ငါတို႔ထက္ ခႏၶာကိုယ္ေသးေပမယ့္ ဆယ္မိနစ္ေလာက္အတြင္းမွာပဲ သူ႔အရည္အခ်င္းကို ျပသႏိုင္ခဲ့ၿပီး ငါတို႔ ဘယ္လိုေဘာလုံးကစားရမလဲဆိုတာ ျပသခဲ့တယ္။ ဒါက လူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ၿပီး အလုပ္ႀကိဳးစားရမယ္ဆိုတာ အေကာင္းဆုံးဥပမာပဲ’လို႔ ေျပာခဲ့ပါတယ္”။

အခန္း (၅) ငယ်ငယ်ကတည်းက ႐ြယ္တူေတြထက္ အရွက္ပိုတတ္တဲ့ ကန္ေတ

ကြန္ေတဟာ ငယ္ငယ္ကတည္းက ရွက္ေၾကာက္တတ္တဲ့ကေလးတစ္ဦးျဖစ္တာေၾကာင့္ ဖလားရလို႔ ေအာင္ပြဲခံတဲ့အခါ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ပြဲခံေလ့မရွိဘဲ မလွမ္းမကမ္းကသာ ရပ္ၾကည့္ေနေလ့ရွိတယ္။ ေနာက္ၿပီး ကြန္ေတဟာ နည္းျပေတြခိုင္းတဲ့အတိုင္း တစ္သေဝမတိမ္းလုပ္ေလ့ရွိၿပီး တစ္ခါတုန္းကဆိုရင္ သူ႔နည္းျပက ႏွစ္လအတြင္းမွာ ဘယ္ေျခနဲ႔ေဘာလုံးဆြဲေျပးတာ အႀကိမ္(၅၀)၊ ညာေျခနဲ႔အႀကိမ္(၅၀)၊ ေခါင္းနဲ႔အႀကိမ္(၅၀)စီေတာ့ရမယ္လို႔ ေနာက္ေျပာင္ခဲ့ေပမယ့္ ကြန္ေတဟာ ခိုင္းတဲ့အတိုင္းတကယ္လုပ္ခဲ့လို႔ နည္းျပကေတာင္ အံ့ၾသသြားခဲ့ရတယ္။

အခန္း (၆) ေအာင္ျမင္မႈေတြကို သိမ္းပိုက္ဖို႔ ကန္ေတ ခရီးစၿပီ…

JS Suresnes အကယ္ဒမီမွာ ၁၉၉၉ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ ပညာသင္ၾကားခဲ့တဲ့ ကြန္ေတဟာ အဲဒီကေနတစ္ဆင့္ ဘူလြန္းအကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး ႏွစ္အနည္းငယ္အၾကာမွာပဲ အသင္းႀကီးအတြက္ ပြဲထြက္ခြင့္ရခဲ့တယ္။ ၂၀၁၃ ခုႏွစ္မွာ ကိန္းအသင္းက ကြန္ေတကို ေခၚယူခဲ့ၿပီး သူ႔အတြက္ ႀကီးမားတဲ့ေအာင္ျမင္မႈေတြရယူဖို႔ အခ်ိဳးအေကြ႕ကေတာ့ ၂၀၁၅ ခုႏွစ္မွာ လက္စတာအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ကို စတင္ေျခခ်ခဲ့တာပါပဲ။

လက္စတာအသင္းမွာ ၂၀၁၅-၂၀၁၆ တစ္ရာသီေလာက္သာကစားခဲ့ရေပမယ့္ အသင္းသမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးအျဖစ္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့ ခ်ယ္လ္ဆီးအသင္းဆီ ေရာက္ရွိခဲ့တယ္။ အဲဒီေနာက္ပိုင္း ကြန္ေတရဲ႕ဘဝျဖစ္စဥ္ေတြကေတာ့ ပရိသတ္ေတြသိၿပီးသားမို႔ သိပ္ၿပီးဇာမခ်ဲ႕ခ်င္ေတာ့ပါဘူး။ ၁၉၉၈ ကမာၻ႔ဖလားခ်န္ပီယံျပင္သစ္အသင္းသားေတြကို အားက်ခဲ့ရတဲ့ ကြန္ေတဟာ အခုဆိုရင္ သူအားက်ခဲ့ရသလို ကမာၻ႔ဖလားခ်န္ပီယံဆုကို ကိုင္ေျမႇာက္ခြင့္ရခဲ့ၿပီ။

ကလပ္အသင္းကစားသမားဘဝမွာလည္း ပရီးမီးယားလိဂ္၊ ယူ႐ိုပါလိဂ္အျပင္ အခု ဥေရာပရဲ႕အျမင့္ဆုံးဆုဖလားျဖစ္တဲ့ ခ်န္ပီယံလိဂ္ဆုဖလားကိုလည္း ကိုင္ေျမႇာက္ခြင့္ရခဲ့ျပန္တယ္။ တစ္ခ်ိန္တုန္းက သူ သႏၷိ႒ာန္ခ်ခဲ့သလို မိသားစုကို ခ်မ္းခ်မ္းသာသာထားႏိုင္တဲ့အေျခအေနမ်ိဳးေရာက္ေနၿပီျဖစ္သလို ခ်မ္းသာႂကြယ္ဝတဲ့ဘဝကို ပိုင္ဆိုင္ထားေပမယ့္ ကြန္ေတဟာ အခုအခ်ိန္အထိ မာန္မာနေထာင္လႊားမႈမရွိဘဲ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ၿပီးေနေနဆဲပဲ။ ငယ္စဥ္ဘဝတုန္းက အမႈိက္ေကာက္ၿပီး အသက္ေမြးခဲ့ရတဲ့ဘဝကေန အခု ကမာၻ႔အဆင့္စာရင္းဝင္ေဘာလုံးသမားတစ္ဦးျဖစ္ေအာင္ ႀကိဳးစားခဲ့သူ၊ ေငြေၾကးခ်မ္းသာလာေပမယ့္ ဘဝမေမ့တတ္သူ ကြန္တီရဲ႕ ေအာင္ျမင္မႈလမ္းေၾကာင္းဆီ ေလွ်ာက္လွမ္းခဲ့ရတဲ့ ခရီးလမ္းက ေလးစားအားက်စရာေကာင္းၿပီး အနာဂတ္မွာ အခုထက္ ပိုေအာင္ျမင္မႈေတြရပါေစလို႔လည္း ဆုေတာင္းေပးလိုက္ပါတယ္ . . .