အမှိုက်ကောက်ခဲ့ရတဲ့ အခြေအနေကနေ စိတ်ဓာတ်ပြင်းပြင်းနဲ့ ပြောင်းလဲခဲ့သူ ကွန်တေ အပိုင်း (၁)

အခန်း (၁) ပဲရစ်မြို့က အမှိုက်ကောက်သမားလေး

တစ်ခါတုန်းက ပဲရစ်မြို့နဲ့ခပ်လှမ်းလှမ်းမှာ ဆင်ခြေဖုံးအရပ်လို့သတ်မှတ်ရမယ့် Rueil Malmaison ရပ်ကွက်က ကလေးငယ်တစ်ဦးဟာ

မိသားစုဝမ်းရေးဖြေရှင်းဖို့အတွက် သူ့တစ်နေ့တာလုပ်ငန်းဖြစ်တဲ့ အမှိုက်ကောက်ဖို့ သူ့ရပ်ကွက်နဲ့ နည်းနည်းဝေးတဲ့ ပဲရစ်မြို့အရှေ့ဘက်ပိုင်းကို တရွေ့ရွေ့လျှောက်လမ်းနေတယ်။

Rueil Malmaison ရပ်ကွက်ဆိုတာက အလုပ်ကြမ်းသမားတွေစုပေါင်းနေကြတာဖြစ်လို့ ညစ်ပတ်နံစော်ပြီး နေရာကလည်းကျဉ်းတော့ လူတွေပြွတ်သိပ်နေတာပေ့ါ။

အဲဒီကလေးငယ်ဟာ ပဲရစ်မြို့အရှေ့ဘက်ခြမ်းကိုရောက်ရင် အမှိုက်ပုံတွေထဲကနေ တန်ဖိုးရှိနိုင်လောက်တဲ့ပစ္စည်းတွေကို ရှာဖွေပြီး အဲဒီလိုပစ္စည်းတွေကို ဝယ်လေ့ရှိတဲ့ ဒိုင်တွေဆီ သွားရောင်းမှာပါ။

ဒါပေမဲ့ ဒီလိုအမှိုက်ကောက်ပြီး ပိုက်ဆံရှာရုံနဲ့ သူတို့မိသားစု အဆင်ပြေအောင်မဖန်တီးနိုင်တာကြောင့် ဒီထက်ပိုကောင်းတဲ့ဘဝမျိုး၊ သူ့အတွက်ရော မိသားစုပါ

ချမ်းချမ်းသာသာနဲ့နေနိုင်တဲ့ဘဝမျိုးရောက်အောင် ကြိုးစားမယ်ဆိုပြီး အဲဒီကောင်လေးက သန္နိဋ္ဌာန်ချခဲ့တယ်။

ဒါက လက်ရှိအချိန်မှာ တစ်ပတ်ကို ပေါင်သိန်းနဲ့ချီရရှိနေပြီး ကြီးမားတဲ့အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီဖြစ်တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေရဲ့ဘဝအစပိုင်းပါပဲ။

အခန်း (၂) ၁၉၉၈ ကမ်ဘာ့ဖလားဟာ ကန်တီရဲ့ အိမ်မက်တစ်ခုကိုစတင် မွေးဖွားရာပေါ့

၁၉၉၁၊ မတ်လ(၂၉)ရက်မှာ ကွန်တေကို ပဲရစ်မြို့မှာမွေးဖွားခဲ့ပြီး ကွန်တေဟာ ညီအစ်ကိုမောင်နှမ(၄)ယောက်ရှိတဲ့အထဲက အကြီးဆုံးသားဖြစ်ပါတယ်။

ကွန်တေရဲ့မိဘတွေဟာ ၁၉၈၀ လောက်မှာ ရေကြည်ရာမြက်နုရာအဖြစ် မာလီနိုင်ငံကနေ ပြင်သစ်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး သူ့မိသားစုက လက်လုပ်လက်စားတွေဖြစ်လို့ ဆင်းရဲနွမ်းပါးသူတွေလို့လည်း သတ်မှတ်ရမယ်။

ကွန်တေရဲ့အဖေက သားဖြစ်သူကို တစ်ချိန်ကျရင် အောင်မြင်ကျော်ကြားတဲ့သူဖြစ်အောင် မာလီနိုင်ငံမှာ Bamana Empire တည်ထောင်ခဲ့သူ

ဘုရင်ကြီးအန်ဂိုလိုဒီယာရာကို လေးစားအားကျတဲ့အနေနဲ့ အန်ဂိုလိုကွန်တေလို့ နာမည်ပေးခဲ့တာပါ။

ဒါပေမဲ့ ကွန်တေရဲ့ဖခင်ဟာ သူ့အသက်(၁၁)နှစ်ပြည့်လို့ သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့တာကြောင့် ကွန်တေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုတာဝန်ကို ပခုံးလွှဲပြောင်းထမ်းဆောင်ခဲ့ရတယ်။

အမေက သန့်ရှင်းရေးဝန်ထမ်း၊ သားကြီးဖြစ်တဲ့ ကွန်တေက အမှိုက်ကောက်ရတဲ့အခြေအနေနဲ့ ဘဝကို ခက်ခက်ခဲခဲလျှောက်လှမ်းခဲ့ရပြီး

အဲဒီအချိန်က မိသားစုအတွက် လုံးပန်းနေရတာနဲ့ ဘောလုံးပွဲတောင် ကောင်းကောင်းမကြည့်နိုင်ပါဘူး။

ဘောလုံးသမားဖြစ်ဖို့ရည်မှန်းချက်ဆိုတာ ဝေးရော။

ဒါပေမဲ့လည်း ကွန်တေက ဘောလုံးပွဲတွေနဲ့ သိပ်အစိမ်းကြီးတော့မဟုတ်ဘူး။ အမှိုက်တွေရောင်းပြီးပြန်လာရင် ပဲရစ်မြို့က ဘားဆိုင်ပဲဖြစ်ဖြစ် ကော်ဖီဆိုင်ပဲဖြစ်ဖြစ်

ဘောလုံးပွဲပြပြီဆိုရင် မလှမ်းမကမ်းကနေ ရပ်ကြည့်အားပေးခဲ့ရတယ်။

ကွန်တေရဲ့ စိတ်ထဲမှာ ဘောလုံးသမားဖြစ်ချင်လာအောင် လှုံ့ဆော်ပေးခဲ့တာက ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲပဲ။

အဲဒီအချိန်က ပြင်သစ်အသင်းဟာ ပြင်သစ်လူမျိုးစစ်စစ်တွေမဟုတ်တဲ့ ဇီဒန်း၊ သူရမ်၊ ဗီအဲရာ၊ အနယ်လ်ကာစတဲ့ အာဖရိကအခြေစိုက်ကစားသမားတွေနဲ့

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲပြီး ပြင်သစ်အသင်းရဲ့ပွဲတွေကို လမ်းပေါ်ကနေ အားပေးခဲ့ရတဲ့ ကွန်တီလေးဟာ အဲဒီကစားသမားတွေလိုပဲ

တစ်ချိန်ကျရင် နာမည်ကျော်ဘောလုံးသမားဖြစ်လာဖို့ အားကျစိတ်တွေတဖွားဖွားဖြစ်လာတော့တယ်။

အခန်း (၃) JS Suresnes အသငျးအကယျဒမီ ဟာ ကြွက်ကလေးရဲ့ ဘောလုံးသမားဘဝစတင်ရာ

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကွန်တေရဲ့ဘဝကို အပြောင်းအလဲဖြစ်ဖို့ အချိုးအကွေ့တစ်ခုဖြစ်စေခဲ့သလို ကမ္ဘာတစ်ဝှမ်းက ဘောလုံးချစ်ပရိသတ်တွေက

ပြင်သစ်နိုင်ငံကို လာရောက်အားပေးခဲ့ကြတာကြောင့် ဘောလုံးကွင်းအနီးအနားမှာ သူတို့တွေ လွှင့်ပစ်ခဲ့တဲ့ အမှိုက်တွေဟာ ကွန်တေအတွက်’ရွှေ’လို တန်ဖိုးရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ကွန်တေတို့ မိသားစု ငွေစကြေးစလေးရွှင်ခဲ့တယ်။

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသက်(၈)နှစ်အရွယ်သာရှိသေးတဲ့ ကွန်တေလေးဟာ ဘောလုံးသမားဘဝနဲ့ လျှောက်လှမ်းဖို့ဆုံးဖြတ်ခဲ့ပြီး

ကံကောင်းတာကလည်း အဲဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲခဲ့တဲ့အတွက် ဘောလုံးအားကစားနည်းအပေါ်

လူတွေက ပိုအာရုံစိုက်လာခဲ့တာကြောင့် Rueil Malmaison ရပ်ကွက်အနီးအနားမှာသာမက နေရာတော်တော်များများမှာ ဘောလုံးအကယ်ဒမီသင်တန်းကျောင်းတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့တာပါပဲ။

အဲဒါကြောင့် ကွန်တေဟာ ပဲရစ်မြို့အနောက်ပိုင်း ဆင်ခြေဖုံးအရပ်မှာရှိတဲ့ JS Suresnes အသင်းအကယ်ဒမီမှာ သင်တန်းတက်ရောက်ခဲ့တယ်။

“ကျွန်တော် အသက်(၁၀)နှစ်လောက်မှာ ဘောလုံးကစားခဲ့တယ်။ ပဲရစ်မှာ လူတော်တော်များများက ဘောလုံးကစားကြပြီး အခုအချိန်မှာ ထိပ်တန်းအဆင့်မဟုတ်ပေမယ့်

ဘောလုံးသမားအဖြစ်လျှောက်လှမ်းနေကြတဲ့သူတွေနဲ့ ကျွန်တော် သိကျွမ်းခဲ့ပါတယ်။

Suresnes အကယ်ဒမီမှာ ကျွန်တော်အများကြီးသင်ကြားလေ့လာခွင့်ရခဲ့တဲ့အပြင် နည်းပြတွေကလည်း စေတနာပါပါနဲ့သင်ခဲ့ကြပြီး အဲဒီအသင်းမှာ ကိုယ့်သူငယ်ချင်းတွေနဲ့အတူတွဲ ကစားနေရသလိုပါပဲ”။

အရပ်ပုပု၊ ခန္ဓာကိုယ်ကသေးသေးနဲ့ ညှပ်စိဖြစ်နေတဲ့ ကွန်တေဟာ အကယ်ဒမီစရောက်ချိန်မှာ တခြားကလေးတွေက သူ့ထက်ပိုထွားနေလို့

လူတိုင်းသတိထားမိစရာဖြစ်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းခြေစကို တာဝန်ရှိသူတွေက သဘောကျပေမယ့်လည်း ဒီညှပ်စိလေးက မိနစ်(၉၀)လုံးလုံး ပြေးလွှားကစားနိုင်ပါ့မလားဆိုတဲ့ သံသယတော့ရှိခဲ့တယ်။

ကွန်တီကတော့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချစိတ်နဲ့ အောင်မြင်တဲ့ဘောလုံးသမားတစ်ယောက်ဖြစ်အောင် ဇွဲကောင်းကောင်းနဲ့ကြိုးစားခဲ့ပြီး

သူ့ရဲ့ခြေစွမ်းကြောင့် JS Suresnes အသင်းဟာ ဆုဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

Zawgyi

အမႈိက္ေကာက္ခဲ့ရတဲ့ အေျခအေနကေန စိတ္ဓာတ္ျပင္းျပင္းနဲ႔ ေျပာင္းလဲခဲ့သူ ကြန္ေတ အပိုင္း (၁)

အခန္း (၁) ပဲရစ္ၿမိဳ႕က အမႈိက္ေကာက္သမားေလး

တစ္ခါတုန္းက ပဲရစ္ၿမိဳ႕နဲ႔ခပ္လွမ္းလွမ္းမွာ ဆင္ေျခဖုံးအရပ္လို႔သတ္မွတ္ရမယ့္ Rueil Malmaison ရပ္ကြက္က ကေလးငယ္တစ္ဦးဟာ မိသားစုဝမ္းေရးေျဖရွင္းဖို႔အတြက္ သူ႔တစ္ေန႔တာလုပ္ငန္းျဖစ္တဲ့ အမႈိက္ေကာက္ဖို႔ သူ႔ရပ္ကြက္နဲ႔ နည္းနည္းေဝးတဲ့ ပဲရစ္ၿမိဳ႕အေရွ႕ဘက္ပိုင္းကို တေ႐ြ႕ေ႐ြ႕ေလွ်ာက္လမ္းေနတယ္။ Rueil Malmaison ရပ္ကြက္ဆိုတာက အလုပ္ၾကမ္းသမားေတြစုေပါင္းေနၾကတာျဖစ္လို႔ ညစ္ပတ္နံေစာ္ၿပီး ေနရာကလည္းက်ဥ္းေတာ့ လူေတြႁပြတ္သိပ္ေနတာေပ့ါ။

အဲဒီကေလးငယ္ဟာ ပဲရစ္ၿမိဳ႕အေရွ႕ဘက္ျခမ္းကိုေရာက္ရင္ အမႈိက္ပုံေတြထဲကေန တန္ဖိုးရွိႏိုင္ေလာက္တဲ့ပစၥည္းေတြကို ရွာေဖြၿပီး အဲဒီလိုပစၥည္းေတြကို ဝယ္ေလ့ရွိတဲ့ ဒိုင္ေတြဆီ သြားေရာင္းမွာပါ။ ဒါေပမဲ့ ဒီလိုအမႈိက္ေကာက္ၿပီး ပိုက္ဆံရွာ႐ုံနဲ႔ သူတို႔မိသားစု အဆင္ေျပေအာင္မဖန္တီးႏိုင္တာေၾကာင့္ ဒီထက္ပိုေကာင္းတဲ့ဘဝမ်ိဳး၊ သူ႔အတြက္ေရာ မိသားစုပါ ခ်မ္းခ်မ္းသာသာနဲ႔ေနႏိုင္တဲ့ဘဝမ်ိဳးေရာက္ေအာင္ ႀကိဳးစားမယ္ဆိုၿပီး အဲဒီေကာင္ေလးက သႏၷိ႒ာန္ခ်ခဲ့တယ္။ ဒါက လက္ရွိအခ်ိန္မွာ တစ္ပတ္ကို ေပါင္သိန္းနဲ႔ခ်ီရရွိေနၿပီး ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၿပီျဖစ္တဲ့ ခ်ယ္လ္ဆီးကြင္းလယ္လူ ကြန္ေတရဲ႕ဘဝအစပိုင္းပါပဲ။

အခန္း (၂) ၁၉၉၈ ကမ္ဘာ့ဖလားဟာ ကန္တီရဲ႕ အိမ္မက္တစ္ခုကိုစတင္ ေမြးဖြားရာေပါ့

၁၉၉၁၊ မတ္လ(၂၉)ရက္မွာ ကြန္ေတကို ပဲရစ္ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး ကြန္ေတဟာ ညီအစ္ကိုေမာင္ႏွမ(၄)ေယာက္ရွိတဲ့အထဲက အႀကီးဆုံးသားျဖစ္ပါတယ္။ ကြန္ေတရဲ႕မိဘေတြဟာ ၁၉၈၀ ေလာက္မွာ ေရၾကည္ရာျမက္ႏုရာအျဖစ္ မာလီႏိုင္ငံကေန ျပင္သစ္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့ၾကၿပီး သူ႔မိသားစုက လက္လုပ္လက္စားေတြျဖစ္လို႔ ဆင္းရဲႏြမ္းပါးသူေတြလို႔လည္း သတ္မွတ္ရမယ္။

ကြန္ေတရဲ႕အေဖက သားျဖစ္သူကို တစ္ခ်ိန္က်ရင္ ေအာင္ျမင္ေက်ာ္ၾကားတဲ့သူျဖစ္ေအာင္ မာလီႏိုင္ငံမွာ Bamana Empire တည္ေထာင္ခဲ့သူ ဘုရင္ႀကီးအန္ဂိုလိုဒီယာရာကို ေလးစားအားက်တဲ့အေနနဲ႔ အန္ဂိုလိုကြန္ေတလို႔ နာမည္ေပးခဲ့တာပါ။ ဒါေပမဲ့ ကြန္ေတရဲ႕ဖခင္ဟာ သူ႔အသက္(၁၁)ႏွစ္ျပည့္လို႔ သိပ္မၾကာခင္မွာပဲ ကြယ္လြန္ခဲ့တာေၾကာင့္ ကြန္ေတဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မိသားစုတာဝန္ကို ပခုံးလႊဲေျပာင္းထမ္းေဆာင္ခဲ့ရတယ္။

အေမက သန႔္ရွင္းေရးဝန္ထမ္း၊ သားႀကီးျဖစ္တဲ့ ကြန္ေတက အမႈိက္ေကာက္ရတဲ့အေျခအေနနဲ႔ ဘဝကို ခက္ခက္ခဲခဲေလွ်ာက္လွမ္းခဲ့ရၿပီး အဲဒီအခ်ိန္က မိသားစုအတြက္ လုံးပန္းေနရတာနဲ႔ ေဘာလုံးပြဲေတာင္ ေကာင္းေကာင္းမၾကည့္ႏိုင္ပါဘူး။ ေဘာလုံးသမားျဖစ္ဖို႔ရည္မွန္းခ်က္ဆိုတာ ေဝးေရာ။ ဒါေပမဲ့လည္း ကြန္ေတက ေဘာလုံးပြဲေတြနဲ႔ သိပ္အစိမ္းႀကီးေတာ့မဟုတ္ဘူး။ အမႈိက္ေတြေရာင္းၿပီးျပန္လာရင္ ပဲရစ္ၿမိဳ႕က ဘားဆိုင္ပဲျဖစ္ျဖစ္ ေကာ္ဖီဆိုင္ပဲျဖစ္ျဖစ္ ေဘာလုံးပြဲျပၿပီဆိုရင္ မလွမ္းမကမ္းကေန ရပ္ၾကည့္အားေပးခဲ့ရတယ္။

ကြန္ေတရဲ႕ စိတ္ထဲမွာ ေဘာလုံးသမားျဖစ္ခ်င္လာေအာင္ လႈံ႕ေဆာ္ေပးခဲ့တာက ၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲပဲ။ အဲဒီအခ်ိန္က ျပင္သစ္အသင္းဟာ ျပင္သစ္လူမ်ိဳးစစ္စစ္ေတြမဟုတ္တဲ့ ဇီဒန္း၊ သူရမ္၊ ဗီအဲရာ၊ အနယ္လ္ကာစတဲ့ အာဖရိကအေျခစိုက္ကစားသမားေတြနဲ႔ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲၿပီး ျပင္သစ္အသင္းရဲ႕ပြဲေတြကို လမ္းေပၚကေန အားေပးခဲ့ရတဲ့ ကြန္တီေလးဟာ အဲဒီကစားသမားေတြလိုပဲ တစ္ခ်ိန္က်ရင္ နာမည္ေက်ာ္ေဘာလုံးသမားျဖစ္လာဖို႔ အားက်စိတ္ေတြတဖြားဖြားျဖစ္လာေတာ့တယ္။

အခန္း (၃) JS Suresnes အသင်းအကယ်ဒမီ ဟာ ၾကြက္ကေလးရဲ႕ ေဘာလံုးသမားဘဝစတင္ရာ

၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ကြန္ေတရဲ႕ဘဝကို အေျပာင္းအလဲျဖစ္ဖို႔ အခ်ိဳးအေကြ႕တစ္ခုျဖစ္ေစခဲ့သလို ကမာၻတစ္ဝွမ္းက ေဘာလုံးခ်စ္ပရိသတ္ေတြက ျပင္သစ္ႏိုင္ငံကို လာေရာက္အားေပးခဲ့ၾကတာေၾကာင့္ ေဘာလုံးကြင္းအနီးအနားမွာ သူတို႔ေတြ လႊင့္ပစ္ခဲ့တဲ့ အမႈိက္ေတြဟာ ကြန္ေတအတြက္’ေ႐ႊ’လို တန္ဖိုးရွိခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကာလမွာ ကြန္ေတတို႔ မိသားစု ေငြစေၾကးစေလး႐ႊင္ခဲ့တယ္။

၁၉၉၈ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အသက္(၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ကြန္ေတေလးဟာ ေဘာလုံးသမားဘဝနဲ႔ ေလွ်ာက္လွမ္းဖို႔ဆုံးျဖတ္ခဲ့ၿပီး ကံေကာင္းတာကလည္း အဲဒီႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္း ပထမဆုံးအႀကိမ္ဗိုလ္စြဲခဲ့တဲ့အတြက္ ေဘာလုံးအားကစားနည္းအေပၚ လူေတြက ပိုအာ႐ုံစိုက္လာခဲ့တာေၾကာင့္ Rueil Malmaison ရပ္ကြက္အနီးအနားမွာသာမက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေဘာလုံးအကယ္ဒမီသင္တန္းေက်ာင္းေတြ တစ္ခုၿပီးတစ္ခု ေပၚထြက္လာခဲ့တာပါပဲ။

အဲဒါေၾကာင့္ ကြန္ေတဟာ ပဲရစ္ၿမိဳ႕အေနာက္ပိုင္း ဆင္ေျခဖုံးအရပ္မွာရွိတဲ့ JS Suresnes အသင္းအကယ္ဒမီမွာ သင္တန္းတက္ေရာက္ခဲ့တယ္။ “ကြၽန္ေတာ္ အသက္(၁၀)ႏွစ္ေလာက္မွာ ေဘာလုံးကစားခဲ့တယ္။ ပဲရစ္မွာ လူေတာ္ေတာ္မ်ားမ်ားက ေဘာလုံးကစားၾကၿပီး အခုအခ်ိန္မွာ ထိပ္တန္းအဆင့္မဟုတ္ေပမယ့္ ေဘာလုံးသမားအျဖစ္ေလွ်ာက္လွမ္းေနၾကတဲ့သူေတြနဲ႔ ကြၽန္ေတာ္ သိကြၽမ္းခဲ့ပါတယ္။ Suresnes အကယ္ဒမီမွာ ကြၽန္ေတာ္အမ်ားႀကီးသင္ၾကားေလ့လာခြင့္ရခဲ့တဲ့အျပင္ နည္းျပေတြကလည္း ေစတနာပါပါနဲ႔သင္ခဲ့ၾကၿပီး အဲဒီအသင္းမွာ ကိုယ့္သူငယ္ခ်င္းေတြနဲ႔အတူတြဲ ကစားေနရသလိုပါပဲ”။

အရပ္ပုပု၊ ခႏၶာကိုယ္ကေသးေသးနဲ႔ ညႇပ္စိျဖစ္ေနတဲ့ ကြန္ေတဟာ အကယ္ဒမီစေရာက္ခ်ိန္မွာ တျခားကေလးေတြက သူ႔ထက္ပိုထြားေနလို႔ လူတိုင္းသတိထားမိစရာျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းေျခစကို တာဝန္ရွိသူေတြက သေဘာက်ေပမယ့္လည္း ဒီညႇပ္စိေလးက မိနစ္(၉၀)လုံးလုံး ေျပးလႊားကစားႏိုင္ပါ့မလားဆိုတဲ့ သံသယေတာ့ရွိခဲ့တယ္။ ကြန္တီကေတာ့ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်စိတ္နဲ႔ ေအာင္ျမင္တဲ့ေဘာလုံးသမားတစ္ေယာက္ျဖစ္ေအာင္ ဇြဲေကာင္းေကာင္းနဲ႔ႀကိဳးစားခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းေၾကာင့္ JS Suresnes အသင္းဟာ ဆုဖလားေတြဆြတ္ခူးႏိုင္ခဲ့ပါတယ္။