အန်ဆယ်လော့တီမရှိတော့တဲ့ အဲဗာတန်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဘာဆက်ဖြစ်မလဲ …

နည်းပြအန်ဆယ်လော့တီနဲ့ အတွဲညီပြီး ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ယောက်ကတော့ အခက်တွေ့နေပါပြီ။
အဲဗာတန်နည်းပြအဖြစ် အန်ဆယ်လော့တီကကိုင်တွယ်နေချိန်မှာ ဂျိမ်းစ်ရိုဒရီဂွက်ဇက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး
သူနဲ့နှစ်ကြိမ်တိုင်တိုင် လက်တွဲခဲ့တဲ့ ဆရာဖြစ်သူနောက်ကို တောက်လျှောက်လိုက်လာခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ်ရာသီမှာပဲ ကျေနပ်ဖို့ကောင်းတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားအပြီးမှာ ရီးရဲလ်ကို ရောက်ရှိလာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အသင်းကိုရောက်ကာစမှာ နေရာရပေမယ့် နောက်ပိုင်းမှာ နည်းပြဇီဒန်းက အသုံးမပြုဖြစ်တော့ဘဲ အရန်ခုံမှာ ထိုင်နေရတာများပါတယ်။

ရီးရဲလ်မှာ ပုံမှန်နေရာပျောက်ဆုံးနေခဲ့တဲ့ ဂျိမ်းစ်ဟာ အဲဗာတန်ကိုပြောင်းလာခဲ့ပြီးအသင်းအတွက် လိဂ်ပွဲ ၂၃ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမတစ်ကြိမ်ကလည်း ရီးရဲလ်ကနေ အန်ဆယ်လော့တီကိုင်တွယ်နေတဲ့ ဘိုင်ယန်မြူးနစ်ကို ၂နှစ်အငှားနဲ့ သွားကစားခဲ့ပြီး ဂျိမ်းစ်က ခြေစွမ်းအနည်းငယ်ပြသနိုင်ခဲ့သလို သူနဲ့ အန်ဆယ်လော့တီအကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးကို ရှိနေခဲ့ပါတယ်။

အဲဗာတန်မှာ တတိယအကြိမ်ပူးပေါင်းပြီး ခြေစွမ်းပြ အထိုင်ကျကာစမှာပဲ အန်ဆယ်လော့တီက ရီးရဲလ်ကို ကိုင်တွယ်ဖို့အတွက် အင်္ဂလန်ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ အန်ဆယ်လော့တီကြောင့် အဲဗာတန်ကိုရောက်လာခဲ့တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်အတွက်တော့ အခက်ကြုံရဖို့ဖြစ်လာပြီး
နည်းပြသစ်လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ကတော့ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။

ရီးရဲလ်နည်းပြသစ်ဖြစ်လာခဲ့တဲ့ အန်ဆယ်လော့တီက ဒီတကြိမ်မှာတော့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်းလည်း COPE က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားရဖို့ရှိနေပြီး ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

Zawgyi

အန္ဆယ္ေလာ့တီမရွိေတာ့တဲ့ အဲဗာတန္မွာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ ဘာဆက္ျဖစ္မလဲ …

နည္းျပအန္ဆယ္ေလာ့တီနဲ႔ အတြဲညီၿပီး ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္မက္ဒရစ္ကေန အဲဗာတန္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္တစ္ေယာက္ကေတာ့ အခက္ေတြ႕ေနပါၿပီ။
အဲဗာတန္နည္းျပအျဖစ္ အန္ဆယ္ေလာ့တီကကိုင္တြယ္ေနခ်ိန္မွာ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇက ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး

သူနဲ႔ႏွစ္ႀကိမ္တိုင္တိုင္ လက္တြဲခဲ့တဲ့ ဆရာျဖစ္သူေနာက္ကို ေတာက္ေလွ်ာက္လိုက္လာခဲ့ၿပီး ပထမဆုံး ပရီးမီးယားလိဂ္ရာသီမွာပဲ ေက်နပ္ဖို႔ေကာင္းတဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့ပါတယ္။

၂၀၁၄ ကမာၻ႔ဖလားအၿပီးမွာ ရီးရဲလ္ကို ေရာက္ရွိလာခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ အသင္းကိုေရာက္ကာစမွာ ေနရာရေပမယ့္ ေနာက္ပိုင္းမွာ နည္းျပဇီဒန္းက အသုံးမျပဳျဖစ္ေတာ့ဘဲ အရန္ခုံမွာ ထိုင္ေနရတာမ်ားပါတယ္။

ရီးရဲလ္မွာ ပုံမွန္ေနရာေပ်ာက္ဆုံးေနခဲ့တဲ့ ဂ်ိမ္းစ္ဟာ အဲဗာတန္ကိုေျပာင္းလာခဲ့ၿပီး

အသင္းအတြက္ လိဂ္ပြဲ ၂၃ ပြဲမွာ ၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမတစ္ႀကိမ္ကလည္း ရီးရဲလ္ကေန အန္ဆယ္ေလာ့တီကိုင္တြယ္ေနတဲ့ ဘိုင္ယန္ျမဴးနစ္ကို ၂ႏွစ္အငွားနဲ႔ သြားကစားခဲ့ၿပီး ဂ်ိမ္းစ္က ေျခစြမ္းအနည္းငယ္ျပသႏိုင္ခဲ့သလို သူနဲ႔ အန္ဆယ္ေလာ့တီအၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးကို ရွိေနခဲ့ပါတယ္။

အဲဗာတန္မွာ တတိယအႀကိမ္ပူးေပါင္းၿပီး ေျခစြမ္းျပ အထိုင္က်ကာစမွာပဲ အန္ဆယ္ေလာ့တီက ရီးရဲလ္ကို ကိုင္တြယ္ဖို႔အတြက္ အဂၤလန္ကေန ထြက္ခြာသြားခဲ့ၿပီျဖစ္ပါတယ္။

ဒါဟာ အန္ဆယ္ေလာ့တီေၾကာင့္ အဲဗာတန္ကိုေရာက္လာခဲ့တဲ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္အတြက္ေတာ့ အခက္ႀကဳံရဖို႔ျဖစ္လာၿပီး
နည္းျပသစ္လက္ေအာက္မွာ ပုံမွန္ကစားခြင့္ရဖို႔နဲ႔ ေျခစြမ္းျပႏိုင္ဖို႔ကေတာ့ ေစာင့္ၾကည့္ရေတာ့မွာပဲျဖစ္ပါတယ္။

ရီးရဲလ္နည္းျပသစ္ျဖစ္လာခဲ့တဲ့ အန္ဆယ္ေလာ့တီက ဒီတႀကိမ္မွာေတာ့ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို ေခၚယူမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ေၾကာင္းလည္း COPE က ေဖာ္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ဟာ ပရီးမီးယားလိဂ္မွာပဲ ဆက္လက္ကစားရဖို႔ရွိေနၿပီး ေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။