ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ်ကနေ ထုတ်ပယ်ခံရတော့မှာလား..

ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ယခုအပတ်အတွင်း မှာ ချန်ပီယံလိဂ်ကစားခွင့် ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။
အဲဒီဥရောပအသင်းကြီး ၃သင်းဟာ စူပါလိဂ်ကစားဖို့ ကြံရွယ်နေတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာအရ အပြစ်ပေးခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီအသင်းတွေက ၎င်းတို့တွင်လည်း အီးယူရဲ့စည်းမျဉ်းဥပဒေအရပြိုင်ပွဲသစ်ကျင်းပခွင့်ရှိနေပြီး ယူအီးအက်ဖ်အေနှင့်ဖီဖာတို့ကဝင်ရောက်တားဆီးနိုင်ခြင်းမရှိဟုဆိုထားကြပါတယ်။

ဘောလုံးလောကအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုဖြစ်စေခဲ့တဲ့ အဲဒီပြိုင်ပွဲကနေ ဒါဇင်နဲ့ချီတဲ့ အသင်းကြီးတွေထွက်သွားချိန်မှာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေသာ ကျန်တော့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာကတော့ တကယ်လို့ယူအီးအက်ဖ်အေကအရေးယူမှုပြုလုပ်လာပါက အားကစားသမာဓိခုံရုံးတွင်ဖြေရှင်းသွားမှာ ဖြစ်ကြောင်းကြေညာထားပါတယ်။

လာပေါ်တာက “တောင်းပန်မှုမလုပ်လို့အရေးယူခြင်းခံရမယ်ဆိုရင် အားကစားသမာဓိခုံရုံးကိုသွားမယ်လို့ ယူအီးအက်ဖ်အေဥက္ကဌကို ပြောကြားထားပြီးပါပြီ။

ကျွန်တော်တို့ကို တရားမမျှမတဆုံးဖြတ်လာတာဖြစ်လို့အဲဒီလိုစီစဉ်ထားရတာပါ။”

“ဘာစီလိုနာအတွက် ကျွန်တော်တို့တိုက်ပွဲဝင်ပါမယ်။ခေတ်သစ်ဘောလုံးလောကနဲ့ထိုက်တန်တဲ့အရာအတွက်တိုက်ပွဲဝင်ပါမယ်။
အခုအချိန်မှာ ကလပ်တိုင်းကငွေတွေဆုံးရှုံးနေတာပါ”လို့ပြောထားပါတယ်။

စူပါလိဂ်နဲ့ ပတ်သက်ဆက်နွယ်ခဲ့တဲ့ အခြားအသင်း၉သင်းဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်၊ အက်သလက်တီကို၊ အာဆင်နယ်၊ လီဗာပူး၊ ယူနိုက်တက်၊ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ကတော့ ယူအီးအက်ဖ်အေကို တောင်းပန်စာ လက်မှတ်ရေးထိုးခဲ့ကာ ဘောလုံးလောက တိုးတက်ရေးအတွက် ပေါင် ၁၂.၉သန်း ကူညီဖို့ သဘောတူခဲ့ပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာႏွင့္ ဂ်ဴဗင္တပ္စ္တို႔ ခ်န္ပီယံလိဂ္ကေန ထုတ္ပယ္ခံရေတာ့မွာလား..

ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဟာ ယခုအပတ္အတြင္း မွာ ခ်န္ပီယံလိဂ္ကစားခြင့္ ပိတ္ပင္ခံရႏိုင္တယ္လို႔ သိရပါတယ္။
အဲဒီဥေရာပအသင္းႀကီး ၃သင္းဟာ စူပါလိဂ္ကစားဖို႔ ႀကံ႐ြယ္ေနတာေၾကာင့္ စည္းကမ္းပိုင္းဆိုင္ရာအရ အျပစ္ေပးခံရမယ့္ အေရးနဲ႔ ရင္ဆိုင္ေနရတာပါ။

အဲဒီအသင္းေတြက ၎တို႔တြင္လည္း အီးယူရဲ႕စည္းမ်ဥ္းဥပေဒအရၿပိဳင္ပြဲသစ္က်င္းပခြင့္ရွိေနၿပီး ယူအီးအက္ဖ္ေအႏွင့္ဖီဖာတို႔ကဝင္ေရာက္တားဆီးႏိုင္ျခင္းမရွိဟုဆိုထားၾကပါတယ္။
ေဘာလုံးေလာကအတြက္ ႀကီးမားတဲ့ ႐ိုက္ခတ္မႈျဖစ္ေစခဲ့တဲ့ အဲဒီၿပိဳင္ပြဲကေန ဒါဇင္နဲ႔ခ်ီတဲ့ အသင္းႀကီးေတြထြက္သြားခ်ိန္မွာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြသာ က်န္ေတာ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာကေတာ့ တကယ္လို႔ယူအီးအက္ဖ္ေအကအေရးယူမႈျပဳလုပ္လာပါက အားကစားသမာဓိခုံ႐ုံးတြင္ေျဖရွင္းသြားမွာ ျဖစ္ေၾကာင္းေၾကညာထားပါတယ္။

လာေပၚတာက “ေတာင္းပန္မႈမလုပ္လို႔အေရးယူျခင္းခံရမယ္ဆိုရင္ အားကစားသမာဓိခုံ႐ုံးကိုသြားမယ္လို႔ ယူအီးအက္ဖ္ေအဥကၠဌကို ေျပာၾကားထားၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ကို တရားမမွ်မတဆုံးျဖတ္လာတာျဖစ္လို႔အဲဒီလိုစီစဥ္ထားရတာပါ။”

“ဘာစီလိုနာအတြက္ ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ပါမယ္။
ေခတ္သစ္ေဘာလုံးေလာကနဲ႔ထိုက္တန္တဲ့အရာအတြက္တိုက္ပြဲဝင္ပါမယ္။
အခုအခ်ိန္မွာ ကလပ္တိုင္းကေငြေတြဆုံးရႈံးေနတာပါ”လို႔ေျပာထားပါတယ္။

စူပါလိဂ္နဲ႔ ပတ္သက္ဆက္ႏြယ္ခဲ့တဲ့ အျခားအသင္း၉သင္းျဖစ္တဲ့ ေအစီမီလန္၊ အင္တာမီလန္၊ အက္သလက္တီကို၊ အာဆင္နယ္၊ လီဗာပူး၊ ယူႏိုက္တက္၊ ေတာ့တင္ဟမ္၊ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးတို႔ကေတာ့ ယူအီးအက္ဖ္ေအကို ေတာင္းပန္စာ လက္မွတ္ေရးထိုးခဲ့ကာ ေဘာလုံးေလာက တိုးတက္ေရးအတြက္ ေပါင္ ၁၂.၉သန္း ကူညီဖို႔ သေဘာတူခဲ့ပါတယ္။