ယူနိုက်တက် လူငယ်ကစားသမား ဒိုင်လန်လီဗစ်ရဲ့ အိပ်မက် တကယ်ဖြစ်လာပြီ

ဒိုင်လန် လီဗစ်ဟာ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲအတွက် ဝေလလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ( ၁၂ ) လအတွင်း ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ လီဗစ်အတွက် ယခုလို ရွေးချယ်ခံရတာက သူ့အတွက် အများကြီး သက်သာရာရစေပါလိမ့်မယ်။


ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် လူငယ်ကစားသမားအနေနဲ့ ( ၂၀၂၀) ယူရိုပြိုင်ပွဲမှာ ကစားခွင့်ရရှိတော့မှာဖြစ်ပါတယ်။
လီဗစ်က ယခုလို ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီး “ အိပ်မက်တွေ တစ်ကယ်ဖြစ်လာပြီ။”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

ဝေလအသင်းက အုပ်စု ( က ) မှာ အီတလီ ၊ ဆွစ်ဇာလန် ၊ တူရကီ အသင်းတွေနဲ့ ကစားရဖို့ ရှိနေပါတယ်။
တကယ်တော့ ( ၂၀၂၀ / ၂၁ ) ဘောလုံးရာသီက လီဗစ်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။

Charlton Athletic အသင်းမှာ အငှားသွားရောက်ခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ( ၅ ) ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။
အဲ့ဒီနောက် လီဗစ်ဟာ ဇန်နဝါရီ အပြောင်းအရွေ့မှာ ခရိုအေးရှားကလပ် NK Istra အသင်းထံ သွားရောက်ကစားခဲ့ပါတယ်။


စုစုပေါင်း ( ၉ ) ပွဲ ပါဝင်ခွင့်ရခဲ့ပြီး Istra အသင်းကို ပြည်တွင်းဖလား ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


ဒါကြောင့် ဘောလုံးရာသီ တစ်ခုလုံးမှာ ( ၁၄ ) ပွဲသာ ကစားခွင့်ရခဲ့တဲ့ လီဗစ်အတွက် အငှားသွားရောက်ကစားစဉ် ( ၄၁ ) ပွဲထိ ကစားခွင့်ရခဲ့တဲ့ ယူ -၂၃ အသင်းဖော် ဂျိမ်းစ် ဂါနာနဲ့ နှိုင်းယှဉ်ပါက စိတ်ပျက်စရာ အခြေအနေလို့ ဆိုနိုင်ပါတယ်။

လီဗစ်အနေနဲ့ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်လို့မရပေမယ့် အနာဂတ်အတွက် အတွေ့အကြုံကောင်းများစွာ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

zawgyi





