မက်ဂွားယား အင်္ဂလန်အသင်းမှာပါတာကို သဘောမကျတဲ့ ဖာဒီနန်
ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစား သမားဟောင်း တစ်ဦးဖြစ်သူ ဖာဒီနန်က ယူရို 2020 အတွက် မက်ဂွားယားကို ရွေးချယ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန် ပြောဆိုထားပါတယ်။
ဘောလုံး အရေးသုံးသပ်သူ ဖာဒီနန်က ဒဏ်ရာ ရရှိနေတဲ့ မက်ဂွားယားကို သူသာဆို ခေါ်ယူမှာ မဟုတ်ကြောင်း ၊ အခုလို ဒဏ်ရာ ရနေတဲ့ ကစားသမားက ပြန်ကောင်းလာရင်လည်း အသင်း အတွက် အကောင်းဆုံး ပေးဆပ်နိုင်မှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား ထားပါတယ်။
ဖာဒီနန်က ”အင်္ဂလန်ဟာ အခြား ဗဟိုခံစစ်မှူးကို လိုအပ်နေပါတယ်။ အခုလိုကစားသမား ရွေးချယ်လိုက်ပုံက ဆောက်ဂိတ်ဟာ ဗဟို ခံစစ်ကစားသမားသုံးဦးထိထားပြီး ကစားစေမယ်လို့ ပြောလိုက်သလိုပါပဲ“ ”မက်ဂွားယားက ကြံ့ခိုင်မှုတောင် မပြည့်ဝသေး ပါဘူး။ ကျွန်တော်သာဆို မက်ဂွားယားကို ခေါ်ယူ ဖြစ်မှာတောင် မဟုတ်ပါဘူး။ သူ့ရဲ့ ကျန်းမာ ကြံ့ခိုင်ရေး အနေအထားကဘယ်တော့မှ ပြည့်ဝမလဲ ဆိုတာ သေချာ မပြောနိုင်သေး ပါဘူး ။ ဒါကြောင့် အခုလို လုပ်တာက အဓိပ္ပါယ် မရှိလှပါဘူး“
”နဂို တုန်းက ကျွန်တော်ဟာ ကြံ့ခိုင်မှု မပြည့်တဲ့သူတွေနဲ့ အတူ ရှိခဲ့ဖူး ပါတယ် ။ အဲဒီသူတွေဟာ ကြံ့ခိုင်မှု အကောင်းဆုံး မဖြစ်သေးတဲ့ အချိန်မှာ ပုံစံကောင်းလည်း မပြသနိုင်ခဲ့ကြပါဘူး။ အဲဒီ အနေအထားကို ဒေးဗစ် ဘက်ခမ်း နဲ့ ဝိန်းရွန်းနီ တို့လည်း ကြုံတွေ့ခဲ့ဖူးကြ ပါတယ်“ ”မက်ဂွားယားဟာ ဘယ်လောက်ပဲ ကောင်းနေပါစေ ၊ သူဟာ ဘက်ခမ်း ၊ ရွန်းနီတို့လို မဟုတ်ပါဘူး ။ ဒါကြောင့် ဆောက်ဂိတ်အနေနဲ့ 100% ကြံ့ခိုင်မှု မပြည့်တဲ့ ကစားသမားကို မရွေးချယ်သင့်ပါဘူး။”
”အခုလို ရွေးချယ်လိုက်တဲ့ အနေအထားက အသင်းထဲမှာတော့ ပြောစရာ ဖြစ်နေမှာ ဖြစ်ပြီး အသင်းသားတွေ အတွက်လည်း အနှောက်အယှက် ဖြစ်စေနိုင်ပါတယ် ။ ကျွန်တော့်ရဲ့ အတွေးတွေ လွဲမှားပြီးတော့ ၊ မက်ဂွားယားအကောင်းဆုံး ကစားနိုင်ပါစေလို့ မျှော်လင့်နေပါတယ် ”ဆိုပြီး ပြောထားပါတယ်။
zawgyi