ဂရီလစ် ကယူနိုက်တက်အတွက် ပေါင် သန်း ၁၀၀ တန်ရဲ့လား…?

ယူနိုက်တက်အသင်းက ကာလရှည်ကြာ စောင့်ကြည့်နေခဲ့ပြီး မနှစ်က နွေရာသီအပြောင်းအရွှေ့ရာသီမှာသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းနဲ့သာ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဂရီလစ်ဟာ ဒီနှစ်မှာ သူ့ရဲ့ ခြေစွမ်းတွေဟာပိုမိုကောင်းမွန်လာခဲ့သလို

အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ်နဲ့ ကွင်းလယ်တိုက်စစ်မှာတာဝန်ယူခဲ့ပြီး ပရီမီးယာလိဂ်ရဲ့ ထိပ်တန်းကစားသမားတစ်ဦးအဖြစ်ပါ သတ်မှတ်ခံထားရသူ တစ်ဦးဖြစ်လာပါတယ်။


ဂရီလစ်ကိုခေါ်ယူလိုနေတဲ့ ထိပ်တန်းအသင်းတွေဟာ ဒီနှစ်မှာ ပိုမိုများပြားလာခဲ့ပြီး လီဗာပူး၊ မန်စီးတီး၊ စပါး အစ ရှိတဲ့ အသင်းတွေဟာ ဒီကွင်းလယ်ကစားသမားကို ယူနိုက်တက် အသင်းထက် ပိုမိုကမ်းလှမ်းမှုတွေလုပ်လာနေပါတယ်။

ယူနိုက်တက်အသင်းဘက်က ဂရီလစ်ရဲ့အပြောင်းအရွှေ့မှာ သွေးအေးနေပေမယ့် ကစားသမား ဘက်ကတော့ သူ့နှလုံးသားထဲက အသင်းဟာ ယူနိုက်တက်အသင်းလို့ ပြောဆိုထားသလို

ယူနိုက်တက်အသင်း ကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက်ရှိကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ကို ထုတ်ဖေါ် ပြောဆိုထားကြောင်း လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဲး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗီလာအသင်းအတွက်၂၂ ပွဲကစားခဲ့ပြီး ၆ ဂိုးထိ သွင်းယူပေးထားတဲ့ ဂရီလစ်ဟာ ဖေဖော်ဝါရီလကရရှိခဲ့တဲ့ ဒါဏ်ရာပြဿနာကြောင့် အနားယူနေရပြီး ပြန်လည်ကစားခွင့်မရသေးပါဘူး။

ဗီလာအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဂရီလစ်ကို ဗီလာ အသင်းကလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ခန့်အလိုရှိနေတယ်လို့ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ ဆီကို အကြောင်း ပြန်ထားတယ်လို့လည်းသိရပါတယ်။

အခုလို ဈေးကွက်ထဲမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဂရီလစ်ကို ပြိုင်ဘက် ပရီမီးယားလိဂ် အသင်းတစ်သင်းဆီ မရောက်သွားဖို့ ဒီနွေရာသီမှာ အရခေါ်ယူသွာဖို့လိုတယ်လို့လည်း သူ့ရဲ့ အေးဂျင့်ဖြစ်သူက ယူနိုက်တက်ကို သတိပေးထားပါတယ်။


ယူနိုက်တက်အသင်းဘက်ကတော့ မနှစ်ကထက် ပြောင်းရွှေ့ကြေး အလွန် မြင့်တက်သွားတဲ့ ဂရီလစ်ကို စိတ်ဝင်စားမှုလျော့ကျနေသလို အပြိုင်ကမ်းလှမ်းမယ့် အခြေအနေလည်းမတွေ့ရပါဘူး။


ပေါ့ဂ်ဘာ၊ ဖာနန်ဒက်တို့လို့ ကစားသမားတွေရှိနေတဲ့ ယူနိုက်တက်ကွင်းလယ်အစုအဖွဲ့ကြောင့် ဂရီလစ်ရဲ့ ပေါင်းသန်း (၁၀၀) အပြောင်းအရွှေ့ စည်းဝိုင်းမှာ ယူနိုက်တက်က အပြင်ကဘဲ စောင့်ကြည့်နေမယ်လို့ယူဆရပါတယ်။


ပရိတ်သတ်တွေကရော ဂရီလစ် က ယူနိုက်တက်အတွက် ပေါင် သန်း ၁၀၀ တန်ရဲ့လားဆိုတာ ဆွေးနွေးကြပါဦး…

zawgyi

ဂရီလစ္ ကယူႏိုက္တက္အတြက္ ေပါင္ သန္း ၁၀၀ တန္ရဲ႕လား…?
ယူႏိုက္တက္အသင္းက ကာလရွည္ၾကာ ေစာင့္ၾကည့္ေနခဲ့ၿပီး မႏွစ္က ေႏြရာသီအေျပာင္းအေ႐ႊ႕ရာသီမွာသတင္းေတြထြက္ေပၚခဲ့ေပမယ့္ အက္စတြန္ဗီလာအသင္းနဲ႔သာ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဂရီလစ္ဟာ ဒီႏွစ္မွာ သူ႔ရဲ႕ ေျခစြမ္းေတြဟာပိုမိုေကာင္းမြန္လာခဲ့သလို အက္စတြန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ အျဖစ္နဲ႔ ကြင္းလယ္တိုက္စစ္မွာတာဝန္ယူခဲ့ၿပီး ပရီမီးယာလိဂ္ရဲ႕ ထိပ္တန္းကစားသမားတစ္ဦးအျဖစ္ပါ သတ္မွတ္ခံထားရသူ တစ္ဦးျဖစ္လာပါတယ္။

ဂရီလစ္ကိုေခၚယူလိုေနတဲ့ ထိပ္တန္းအသင္းေတြဟာ ဒီႏွစ္မွာ ပိုမိုမ်ားျပားလာခဲ့ၿပီး လီဗာပူး၊ မန္စီးတီး၊ စပါး အစ ရွိတဲ့ အသင္းေတြဟာ ဒီကြင္းလယ္ကစားသမားကို ယူႏိုက္တက္ အသင္းထက္ ပိုမိုကမ္းလွမ္းမႈေတြလုပ္လာေနပါတယ္။

ယူႏိုက္တက္အသင္းဘက္က ဂရီလစ္ရဲ႕အေျပာင္းအေ႐ႊ႕မွာ ေသြးေအးေနေပမယ့္ ကစားသမား ဘက္ကေတာ့ သူ႔ႏွလုံးသားထဲက အသင္းဟာ ယူႏိုက္တက္အသင္းလို႔ ေျပာဆိုထားသလို ယူႏိုက္တက္အသင္း ကို ေျပာင္းေ႐ႊ႕ကစားဖို႔ စိတ္အားထက္သန္လ်က္ရွိေၾကာင္း သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူ ကို ထုတ္ေဖၚ ေျပာဆိုထားေၾကာင္းလည္း သတင္းေတြထြက္ေပၚခဲ့ပါတယ္။
အသက္ ၂၅ ႏွစ္ရွိၿပီဲး ဒီရာသီ ပရီးမီးယားလိဂ္မွာ ဗီလာအသင္းအတြက္၂၂ ပြဲကစားခဲ့ၿပီး ၆ ဂိုးထိ သြင္းယူေပးထားတဲ့ ဂရီလစ္ဟာ ေဖေဖာ္ဝါရီလကရရွိခဲ့တဲ့ ဒါဏ္ရာျပႆနာေၾကာင့္ အနားယူေနရၿပီး ျပန္လည္ကစားခြင့္မရေသးပါဘူး။ ဗီလာအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ဂရီလစ္ကို ဗီလာ အသင္းကလည္း ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၁၀၀ ခန႔္အလိုရွိေနတယ္လို႔ သူ႔ကို စိတ္ဝင္စားေနတဲ့ အသင္းေတြ ဆီကို အေၾကာင္း ျပန္ထားတယ္လို႔လည္းသိရပါတယ္။
အခုလို ေဈးကြက္ထဲမွာ စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ဂရီလစ္ကို ၿပိဳင္ဘက္ ပရီမီးယားလိဂ္ အသင္းတစ္သင္းဆီ မေရာက္သြားဖို႔ ဒီေႏြရာသီမွာ အရေခၚယူသြာဖို႔လိုတယ္လို႔လည္း သူ႔ရဲ႕ ေအးဂ်င့္ျဖစ္သူက ယူႏိုက္တက္ကို သတိေပးထားပါတယ္။
ယူႏိုက္တက္အသင္းဘက္ကေတာ့ မႏွစ္ကထက္ ေျပာင္းေ႐ႊ႕ေၾကး အလြန္ ျမင့္တက္သြားတဲ့ ဂရီလစ္ကို စိတ္ဝင္စားမႈေလ်ာ့က်ေနသလို အၿပိဳင္ကမ္းလွမ္းမယ့္ အေျခအေနလည္းမေတြ႕ရပါဘူး။

ေပါ့ဂ္ဘာ၊ ဖာနန္ဒက္တို႔လို႔ ကစားသမားေတြရွိေနတဲ့ ယူႏိုက္တက္ကြင္းလယ္အစုအဖြဲ႕ေၾကာင့္ ဂရီလစ္ရဲ႕ ေပါင္းသန္း (၁၀၀) အေျပာင္းအေ႐ႊ႕ စည္းဝိုင္းမွာ ယူႏိုက္တက္က အျပင္ကဘဲ ေစာင့္ၾကည့္ေနမယ္လို႔ယူဆရပါတယ္။
ပရိတ္သတ္ေတြကေရာ ဂရီလစ္ က ယူႏိုက္တက္အတြက္ ေပါင္ သန္း ၁၀၀ တန္ရဲ႕လားဆိုတာ ေဆြးေႏြးၾကပါဦး…