ကွင်းလယ်လူ ၅ ဦးပဲပါပြီး လင်ဂတ်မပါတဲ့ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်း

ဒီလထဲမှာ ကျင်းပမယ့် လက်ရွေးစင်အသင်းလူစာရင်းကို မနေ့က အင်္ဂလန်နည်းပြဆောက်ဂိတ်က ထုတ်ပြန် ကြေညာခဲ့ချိန်မှာ အပြောင်းအလဲတွေ ဖြစ်ခဲ့သလို ဝေဖန်စရာတွေလည်း ဖြစ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှာ ချန်လှပ်ခံထားရမယ်လို့ နာမည်ကြီးနေတဲ့ လီဗာပူးနောက်ခံလူအာနိုးလ် ပါဝင်လာခဲ့သလို လူစာရင်းမှာ ညာနောက်ခံ ကစားသမား ၄ ဦးအထိကို ဆောက်ဂိတ်က အံ့အားသင့်ဖွယ်ရာရွေးချယ်ခဲ့ပြီး ကွင်းလယ်လူစာရင်းမှာ ၅ဦးထဲ ပါဝင်ခဲ့ကာ သူ့ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဝေဖန်မှုတချို့ရှိလာခဲ့ပါတယ်။

အဓိက ထောက်ပြစရာဖြစ်ခဲ့တာကတော့ ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ ရောက်တဲ့အချိန်ကစပြီး တောက်လျှောက်ခြေစွမ်းပြ ဂိုးတွေလည်းသွင်း ဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့တဲ့အပြင် အတွေ့အကြုံလည်းရှိတဲ့ လင်ဂတ်ကို ချန်လှပ်ထားခဲ့ပြီ

အာဆင်နယ်နဲ့ တရာသီလုံး ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့တဲ့ ဆာကာကို ရွေးချယ်ခေါ်ယူခဲ့တာပါပဲ။ ဆာကာဟာ ဒီရာသီမှာ ဆောက်သမ်တန်က ဝဒ်ပရောက်စ်လောက်တောင် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း လင်ဂတ်နဲ့ ဝဒ်ပရောက်စ်တို့ကို ကျော်ပြီး ဆာကာကို ရွေးချယ်တာဟာ မဖြစ်သင့်တဲ့ ကိစ္စလို့ ပရီသတ်တွေက ထောက်ပြဝေဖန်ခဲ့ကြတာပါ။

ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတွေကတော့ ဘန်ဂေါ့ဖရေး၊ လင်ဂတ်၊ ဂျိမ်းစ်ဝါ့ဒ်ပရောက်စ်၊ ဝတ်ကင်၊ ဘန်ဝှိုက်၊ ရမ်စ်ဒေးလ်တို့ဖြစ်ကြပါတယ်။

တိုက်စစ်ပိုင်းကတော့ အင်္ဂလန် အသင်းရဲ့ အားအကောင်းဆုံးနေရာဖြစ်ပြီး ပရီးမီးယားလိဂ်မှာခြေစွမ်းပြခဲ့တဲ့ ကယ်လ်ဗတ်လီဝင်၊ ဟယ်ရီကိန်း၊ ဖိုဒန်၊ ဂရီလစ်ရှ်တို့ ပါဝင်ခဲ့ပြီး ဒေါ့မွန်ကစားသမားတွေဖြစ်တဲ့ ဘီလင်ဟမ်နဲ့ ဆန်ချိုတို့လည်း ပါဝင်ခဲ့ပါတယ်။

ကွင်းလယ်ပိုင်းမှာ ကွင်းလယ်လူစစ်စစ်အဖြစ် လီဗာပူးက ဟန်ဒါဆန်၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်တို့သာ ပါဝင်ခဲ့ပြီး မေဆန်မောင့်၊ ကယ်လ်ဗင်ဖိလစ်တို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။

စတာလင်း၊ ရက်ရှ်ဖို့ဒ်၊ ဒင်းဟန်ဒါဆန်၊ ဂျွန်စတုန်း၊ ပစ်ဖို့ဒ်၊ ချီဝဲလ်၊ ရီဆီဂျိမ်းစ်၊ မက်ဂွိုင်းယား၊ တိုင်ရွန်မင်းစ်၊ လုခ်ရှော၊ ဂျွန်စတုန်း၊ ဒီကလန်ရိုက်တို့လည်း ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

တရာသီလုံးမှာ အရန်ခုံထိုင်နေရတာများပြီး ခြေမပေါ်တဲ့ မန်စီးတီးက စတာလင်းကို ရွေးထားတာ သဘောမကျစရာဖြစ်နေသလို ကွင်းလယ်ကစားသမား ၅ဦးထဲ ရွေးခဲ့တာကြောင့် ပွဲထွက်စာရင်းမှာ ၃ဦးသာ အသုံးပြုမယ့် ၃-၅-၂ ကစားကွက်ကိုပဲ ဆောက်ဂိတ်အနေနဲ့ ဦးစားပေး အသုံးပြုဖွယ်ရှိနေပါတယ်။

ယူရိုပြိုင်ပွဲမှာ ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပြီး ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့တဲ့အဆင့်ထက် သာလွန်နိုင်မလား စောင့်ကြည့်ရမှာပါ။

Zawgyi

ကြင္းလယ္လူ ၅ ဦးပဲပါၿပီး လင္ဂတ္မပါတဲ့ ယူ႐ိုၿပိဳင္ပြဲဝင္ အဂၤလန္အသင္းလူစာရင္း

ဒီလထဲမွာ က်င္းပမယ့္ လက္ေ႐ြးစင္အသင္းလူစာရင္းကို မေန႔က အဂၤလန္နည္းျပေဆာက္ဂိတ္က ထုတ္ျပန္ ေၾကညာခဲ့ခ်ိန္မွာ အေျပာင္းအလဲေတြ ျဖစ္ခဲ့သလို ေဝဖန္စရာေတြလည္း ျဖစ္ခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ခ်န္လွပ္ခံထားရမယ္လို႔ နာမည္ႀကီးေနတဲ့ လီဗာပူးေနာက္ခံလူအာႏိုးလ္ ပါဝင္လာခဲ့သလို လူစာရင္းမွာ ညာေနာက္ခံ ကစားသမား ၄ ဦးအထိကို ေဆာက္ဂိတ္က အံ့အားသင့္ဖြယ္ရာေ႐ြးခ်ယ္ခဲ့ၿပီး ကြင္းလယ္လူစာရင္းမွာ ၅ဦးထဲ ပါဝင္ခဲ့ကာ သူ႔ရဲ႕ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ေဝဖန္မႈတခ်ိဳ႕ရွိလာခဲ့ပါတယ္။

အဓိက ေထာက္ျပစရာျဖစ္ခဲ့တာကေတာ့ ဝက္စ္ဟမ္းအသင္းကို အငွားနဲ႔ ေရာက္တဲ့အခ်ိန္ကစၿပီး ေတာက္ေလွ်ာက္ေျခစြမ္းျပ ဂိုးေတြလည္းသြင္း ဖန္တီးမႈေတြလည္း လုပ္ႏိုင္ခဲ့တဲ့အျပင္ အေတြ႕အႀကဳံလည္းရွိတဲ့ လင္ဂတ္ကို ခ်န္လွပ္ထားခဲ့ၿပီ

အာဆင္နယ္နဲ႔ တရာသီလုံး ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္မရွိခဲ့တဲ့ ဆာကာကို ေ႐ြးခ်ယ္ေခၚယူခဲ့တာပါပဲ။ ဆာကာဟာ ဒီရာသီမွာ ေဆာက္သမ္တန္က ဝဒ္ပေရာက္စ္ေလာက္ေတာင္ ေျခစြမ္းမျပႏိုင္ခဲ့ပါဘူး။

ဒါေၾကာင့္လည္း လင္ဂတ္နဲ႔ ဝဒ္ပေရာက္စ္တို႔ကို ေက်ာ္ၿပီး ဆာကာကို ေ႐ြးခ်ယ္တာဟာ မျဖစ္သင့္တဲ့ ကိစၥလို႔ ပရီသတ္ေတြက ေထာက္ျပေဝဖန္ခဲ့ၾကတာပါ။

ခ်န္လွပ္ခံခဲ့ရတဲ့ ကစားသမားေတြကေတာ့ ဘန္ေဂါ့ဖေရး၊ လင္ဂတ္၊ ဂ်ိမ္းစ္ဝါ့ဒ္ပေရာက္စ္၊ ဝတ္ကင္၊ ဘန္ဝႈိက္၊ ရမ္စ္ေဒးလ္တို႔ျဖစ္ၾကပါတယ္။

တိုက္စစ္ပိုင္းကေတာ့ အဂၤလန္ အသင္းရဲ႕ အားအေကာင္းဆုံးေနရာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာေျခစြမ္းျပခဲ့တဲ့ ကယ္လ္ဗတ္လီဝင္၊ ဟယ္ရီကိန္း၊ ဖိုဒန္၊ ဂရီလစ္ရွ္တို႔ ပါဝင္ခဲ့ၿပီး ေဒါ့မြန္ကစားသမားေတြျဖစ္တဲ့ ဘီလင္ဟမ္နဲ႔ ဆန္ခ်ိဳတို႔လည္း ပါဝင္ခဲ့ပါတယ္။

ကြင္းလယ္ပိုင္းမွာ ကြင္းလယ္လူစစ္စစ္အျဖစ္ လီဗာပူးက ဟန္ဒါဆန္၊ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္တို႔သာ ပါဝင္ခဲ့ၿပီး ေမဆန္ေမာင့္၊ ကယ္လ္ဗင္ဖိလစ္တို႔လည္း ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

စတာလင္း၊ ရက္ရွ္ဖို႔ဒ္၊ ဒင္းဟန္ဒါဆန္၊ ဂြၽန္စတုန္း၊ ပစ္ဖို႔ဒ္၊ ခ်ီဝဲလ္၊ ရီဆီဂ်ိမ္းစ္၊ မက္ဂြိဳင္းယား၊ တိုင္႐ြန္မင္းစ္၊ လုခ္ေရွာ၊ ဂြၽန္စတုန္း၊ ဒီကလန္႐ိုက္တို႔လည္း ပါဝင္ခဲ့ၾကတာကို ေတြ႕ရပါတယ္။

တရာသီလုံးမွာ အရန္ခုံထိုင္ေနရတာမ်ားၿပီး ေျခမေပၚတဲ့ မန္စီးတီးက စတာလင္းကို ေ႐ြးထားတာ သေဘာမက်စရာျဖစ္ေနသလို ကြင္းလယ္ကစားသမား ၅ဦးထဲ ေ႐ြးခဲ့တာေၾကာင့္ ပြဲထြက္စာရင္းမွာ ၃ဦးသာ အသုံးျပဳမယ့္ ၃-၅-၂ ကစားကြက္ကိုပဲ ေဆာက္ဂိတ္အေနနဲ႔ ဦးစားေပး အသုံးျပဳဖြယ္ရွိေနပါတယ္။

ယူ႐ိုၿပိဳင္ပြဲမွာ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အထိ တက္ေရာက္ခဲ့တဲ့အဆင့္ထက္ သာလြန္ႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။