ယူနိုက်တက်က ၂၄ နာရီအတွင်း ဆန်ချိုကို တရားဝင်ကမ်းလှမ်းဖွယ်ရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ကာလရှည်ပစ်မှတ် ဆန်ချိုကို ခေါ်ယူဖို့အတွက် ဒီနေ့(၂၄)နာရီအတွင်း ဒေ့ါမွန်အသင်းဆီ တရားဝင်ကမ်းလှမ်းသွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။


ယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာကတည်းက ဆန်ချိုကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုဆိုးလ်ရှားလက်ထက်မှာလည်း ဆန်ချိုအတွက် ကမ်းလှမ်းမှုနှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။


ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် မန်စီးတီး၊ ချယ်လ်ဆီးတို့ကို ရင်ဘောင်တန်းနိုင်ဖို့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မယ့်အနေအထားရှိနေပြီး အခုအချိန်မှာတော့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါပြီ။

ပြီးခဲ့တဲ့တနင်္လာနေ့က ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေဟာ ဆန်ချိုရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ဒေ့ါမွန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောခဲ့တယ်လို့ သတင်းထွက်ခဲ့သလို တချို့မီဒီယာတွေကတော့ ယူနိုက်တက်နဲ့ဆန်ချိုဟာ အပြောင်းအရွှေ့ကိစ္စအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့တယ်လို့လည်း ဖော်ပြနေကြပါတယ်။


ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုအတွက် ပေါင်(၈၅)သန်းပမာဏနဲ့ကမ်းလှမ်းသွားဖို့ရှိနေပြီး ဒေ့ါမွန်အသင်းကလည်း အဲဒီပြောင်းရွှေ့ကြေးကို လက်ခံမယ့်အနေအထားပါပဲ။


ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းက ဒေ့ါမွန်အသင်း တောင်းဆိုခဲ့တဲ့ ပေါင်(၁၀၈)သန်းအထိ မပေးချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ဆန်ချိုအစား ကာဗာနီကိုသာ ခေါ်ယူနိုင်ခဲ့တာပါ။

အခုအချိန်မှာတော့ ယူနိုက်တက်အသင်းက ဆန်ချိုရဲ့အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေတာကြောင့် မကြာခင် ဆန်ချိုကို ယူနိုက်တက်ဂျာစီနဲ့မြင်တွေ့ရဖို့ရှိနေပါပြီ။

အခုအချိန်မှာတော့ ဆန်ချိုဟာ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်နေပြီး အပြီးသတ်ကစားသမားစာရင်းမှာ ပါဝင်ဖို့များနေပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအတွင်းမှာ ဆန်ချိုအပြင် တခြားထိပ်သီးကစားသမားတွေဖြစ်တဲ့ ဗာရန်း၊ ပေါတောရက်စ်အပြင် သူတို့ရဲ့ကစားသမားဟောင်း စီရော်နယ်လ်ဒိုကိုလည်း ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

zawgyi

ယူႏိုက္တက္က ၂၄ နာရီအတြင္း ဆန္ခ်ိဳကို တရားဝင္ကမ္းလွမ္းဖြယ္ရွိ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ သူတို႔ရဲ႕ကာလရွည္ပစ္မွတ္ ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ဒီေန႔(၂၄)နာရီအတြင္း ေဒ့ါမြန္အသင္းဆီ တရားဝင္ကမ္းလွမ္းသြားဖို႔ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။
ယူႏိုက္တက္အသင္းဟာ နည္းျပေမာ္ရင္ဟိုလက္ထက္မွာကတည္းက ဆန္ခ်ိဳကို ေခၚယူဖို႔စိတ္ဝင္စားခဲ့တာျဖစ္ၿပီး အခုဆိုးလ္ရွားလက္ထက္မွာလည္း ဆန္ခ်ိဳအတြက္ ကမ္းလွမ္းမႈႏွစ္ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့ေပမယ့္ အဆင္မေျပခဲ့ပါဘူး။

ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြကို စိန္ေခၚႏိုင္ဖို႔အတြက္ မန္စီးတီး၊ ခ်ယ္လ္ဆီးတို႔ကို ရင္ေဘာင္တန္းႏိုင္ဖို႔ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္မယ့္အေနအထားရွိေနၿပီး အခုအခ်ိန္မွာေတာ့ အဂၤလန္လူငယ္ၾကယ္ပြင့္ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔နီးစပ္ေနပါၿပီ။
ၿပီးခဲ့တဲ့တနလၤာေန႔က ယူႏိုက္တက္အသင္းရဲ႕တာဝန္ရွိသူေတြဟာ ဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္လို႔ ေဒ့ါမြန္တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံစကားေျပာခဲ့တယ္လို႔ သတင္းထြက္ခဲ့သလို တခ်ိဳ႕မီဒီယာေတြကေတာ့ ယူႏိုက္တက္နဲ႔ဆန္ခ်ိဳဟာ အေျပာင္းအေ႐ႊ႕ကိစၥအတြက္ ပုဂၢိဳလ္ေရးသေဘာတူညီမႈရခဲ့တယ္လို႔လည္း ေဖာ္ျပေနၾကပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ ဆန္ခ်ိဳအတြက္ ေပါင္(၈၅)သန္းပမာဏနဲ႔ကမ္းလွမ္းသြားဖို႔ရွိေနၿပီး ေဒ့ါမြန္အသင္းကလည္း အဲဒီေျပာင္းေ႐ႊ႕ေၾကးကို လက္ခံမယ့္အေနအထားပါပဲ။

ဆန္ခ်ိဳဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ ယူႏိုက္တက္အသင္းက ေဒ့ါမြန္အသင္း ေတာင္းဆိုခဲ့တဲ့ ေပါင္(၁၀၈)သန္းအထိ မေပးခ်င္တာေၾကာင့္ အေျပာင္းအေ႐ႊ႕မျဖစ္ခဲ့ဘဲ ဆန္ခ်ိဳအစား ကာဗာနီကိုသာ ေခၚယူႏိုင္ခဲ့တာပါ။
အခုအခ်ိန္မွာေတာ့ ယူႏိုက္တက္အသင္းက ဆန္ခ်ိဳရဲ႕အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္ဖို႔ အရွိန္ျမႇင့္ႀကိဳးပမ္းေနတာေၾကာင့္ မၾကာခင္ ဆန္ခ်ိဳကို ယူႏိုက္တက္ဂ်ာစီနဲ႔ျမင္ေတြ႕ရဖို႔ရွိေနပါၿပီ။

အခုအခ်ိန္မွာေတာ့ ဆန္ခ်ိဳဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအတြက္ အဂၤလန္အသင္းနဲ႔အတူ ေလ့က်င့္ေနၿပီး အၿပီးသတ္ကစားသမားစာရင္းမွာ ပါဝင္ဖို႔မ်ားေနပါတယ္။

ယူႏိုက္တက္အသင္းဟာ အခုေႏြရာသီအတြင္းမွာ ဆန္ခ်ိဳအျပင္ တျခားထိပ္သီးကစားသမားေတြျဖစ္တဲ့ ဗာရန္း၊ ေပါေတာရက္စ္အျပင္ သူတို႔ရဲ႕ကစားသမားေဟာင္း စီေရာ္နယ္လ္ဒိုကိုလည္း ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။