ချယ်လ်ဆီးအသင်းဟာ လူကာကူကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထား

ယူနိုက်တက်အသင်းကို စွန့်ပယ်ပြီးနောက် အင်တာမီလန်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးလူကာကူဟာ ၂၀၂၀-၂၁ရာသီအတွက် စီးရီးအေတစ်နှစ်တာကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

လူကာကူဟာ ၂၀၂၀-၂၁ ရာသီအတွင်း စီးရီးအေပြိုင်ပွဲမှာအင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆုနိုင်ဖို့ စီးရီးအေပွဲစဉ် ၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ကိုယ်တိုင် ၂၄ ဂိုးသွင်းယူကာ ၁၁ ကြိမ်ဂိုးဖန်ပေးနိုင်ခဲ့ပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိ လူကာကူဟာ စီးရီးအေပြိုင်ပွဲရဲ့နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ စီရော်နယ်ဒို၊ မာတီနက်စ်၊ အင်မိုဘိုင်းလ်တို့ကိုကျော်ဖြတ်ပြီး ဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာမီကမှ ချန်ပီယံလိဂ် ဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လူကာကူကို နွေရာသီ အပြောင်းအရွှေ့ရဲ့ နံပါတ်တစ်ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သတင်းမီဒီယာ အချို့က ဖော်ပြပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန် အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလားအား အရယူနိုင်အောင် အဓိက ကြိုးပမ်းပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာမီလန် အသင်းက နည်းပြအပြောင်းအလဲ ပြုလုပ်ထားတာကြောင့် လူကာကူရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ဝယ်ယူဖို့ စီစဉ်ထားတာကြောင့် လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့် ပေးချေကာ ခေါ်ယူနိုင်တဲ့ အနေအထားမှာရှိပါတယ်။

zawgyi

ခ်ယ္လ္ဆီးအသင္းဟာ လူကာကူကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ရဲ႕ နံပါတ္တစ္ပစ္မွတ္ အျဖစ္ သတ္မွတ္ထား

ယူႏိုက္တက္အသင္းကို စြန႔္ပယ္ၿပီးေနာက္ အင္တာမီလန္အသင္းမွာ အေကာင္းဆုံးေျခစြမ္းျပေနတဲ့ တိုက္စစ္မႉးလူကာကူဟာ ၂၀၂၀-၂၁ရာသီအတြက္ စီးရီးေအတစ္ႏွစ္တာေကာင္းဆုံးကစားသမားဆုကို ရရွိသြားခဲ့ပါတယ္။

လူကာကူဟာ ၂၀၂၀-၂၁ ရာသီအတြင္း စီးရီးေအၿပိဳင္ပြဲမွာအင္တာမီလန္အသင္းကို စီးရီးေအခ်န္ပီယံဆုႏိုင္ဖို႔ စီးရီးေအပြဲစဥ္ ၃၆ ပြဲ ပါဝင္ကစားခဲ့ၿပီး ကိုယ္တိုင္ ၂၄ ဂိုးသြင္းယူကာ ၁၁ ႀကိမ္ဂိုးဖန္ေပးႏိုင္ခဲ့ပါတယ္။ အသက္ ၂၈ႏွစ္အ႐ြယ္ရွိ လူကာကူဟာ စီးရီးေအၿပိဳင္ပြဲရဲ႕နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ မာတီနက္စ္၊ အင္မိုဘိုင္းလ္တို႔ကိုေက်ာ္ျဖတ္ၿပီး ဆုရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မၾကာမီကမွ ခ်န္ပီယံလိဂ္ ဆုဖလားကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ရဲ႕ နံပါတ္တစ္ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေၾကာင္း သတင္းမီဒီယာ အခ်ိဳ႕က ေဖာ္ျပပါတယ္။

လူကာကူဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦး ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ အင္တာမီလန္ အသင္းကို ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ စီးရီးေအ စကူဒက္တိုဖလားအား အရယူႏိုင္ေအာင္ အဓိက ႀကိဳးပမ္းေပးခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ လက္ရွိမွာ အင္တာမီလန္ အသင္းက နည္းျပအေျပာင္းအလဲ ျပဳလုပ္ထားတာေၾကာင့္ လူကာကူရဲ႕ အနာဂတ္ဟာ မေရမရာ ျဖစ္ေနပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ထိပ္တန္း တိုက္စစ္မႉးတစ္ဦးကို ဝယ္ယူဖို႔ စီစဥ္ထားတာေၾကာင့္ လူကာကူကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၀သန္းခန႔္ ေပးေခ်ကာ ေခၚယူႏိုင္တဲ့ အေနအထားမွာရွိပါတယ္။