ဇနီးချောတွေနဲ့ ခဏ ပြန်ဆုံခွင့်ရတဲ့ အင်္ဂလန်အသင်းသားများ

June 30, 2021 author one 0

အင်္ဂလန်ဟာ မနေ့ညတုန်းက ယူရို ၂၀၂၀ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့်မှာဂျာမနီကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းသားများဟာဂျာမနီကိုအနိုင်ရရှိမှုအတွက်ဆုလာဘ်အဖြစ်ဗုဒ္ဓဟူးနေ့တွင်တစ်နေ့တာအားလပ်ခွင့်ရရှိပြီးမိသားစုဝင်များ၊ဇနီးချောတို့နှင့်တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။ အမည်မဖော်လိုသူတစ်ဦးက “သူတို့နာရီအနည်းငယ်ပဲဆုံစည်းခွင့်ရရှိတာဖြစ်ပါတယ်။ ဒါပေမယ့်နောက်တစ်ဆင့် ကစားဖို့အတွက် လုံလောက်တဲ့စိတ်ခွန်အားတွေရရှိကြမှာပါ။ နည်းပြ ဆောက်ဂိတ်ကမိသားစုဝင်တွေဟာကစားသမားတွေ စွမ်းအားထွက်ဖို့ အလွန်အရေးပါတယ်လို့ယုံကြည်ပါတယ်။ ချက်နဲ့ပွဲအပြီးမှာလည်းကွင်းထဲမှာမိသားစုဝင်တွေနဲ့ဆုံစည်းခွင့်ပေးခဲ့ပါသေးတယ်”လို့ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများ(သို့မဟုတ်)ကိုဗစ်ကင်းစင်ကြောင်းအထောက်အထားပြသထားပြီးတဲ့ မိသားစုဝင်များ၊ချစ်သူများသာ အင်္ဂလန်အသင်းသားတွေနဲ့ ဆုံစည်းကြတာပါ။ တစ်ဖက်မှာတော့ အင်္ဂလန်ပရိသတ်များဟာကွာတားဖိုင်နယ်ကစားမယ့်ရောမသို့သွားရောက်ကာကွင်းထဲမှာအသင်းကိုအားပေးနိုင်ဖို့ ခက်ခဲပါတယ်။ […]

ယူကရိန်းကတော့ ကံကြမ္မာကောင်းတွေနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခွင့်ရရှိခဲ့

June 30, 2021 author one 0

ဘောလုံးသမားဘဝတုန်းက ပရိသတ်တွေ ချစ်စနိုးနဲ့ ‘ရှီဗာ’လို့ နာမည်ပြောင်ပေးခဲ့တဲ့ ရှက်ဗ်ချင်ကိုရဲ့ ယူကရိန်းအသင်းကတော့ ကံကြမ္မာကောင်းတွေနဲ့အတူ ယူရို-၂၀၂၀ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခွင့်ရရှိခဲ့ပါပြီ။ အုပ်စုတွင်းမှာတုန်းက မြောက်မက်ဆီဒိုးနီးယားတစ်သင်းတည်းကို အနိုင်ယူပြီး ကျန်တဲ့ နယ်သာလန်၊ သြစတြီးယားအသင်းတို့နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ယူကရိန်းတို့ အုပ်စုကလှည့်ပြန်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ ကံကောင်းလို့ အုပ်စုအကောင်းဆုံးတတိယအဖြစ် ရှုံးထွက်(၁၆)သင်းအဆင့်တက်နိုင်ခဲ့တာပါ။ သူ့တို့ထက်အခြေအနေပိုကောင်းတဲ့ […]

အင်္ဂလန် ( ၂-၀ ) ဂျာမနီ၊ ပွဲစဉ်မှာ သူရဲကောင်း စွမ်းဆောင်ရည်ပြသခဲ့တဲ့ သရဲနီဘယ်နောက်ခံလူ လုခ်ရှော

June 30, 2021 author one 0

လုခ်ရှောဟာ အင်္ဂလန်က ဂျာမနီကို ( ၂-၀ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း တိုက်စစ်ရော ခံစစ်မှာပါ စွမ်ဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူဟာ ပွဲရဲ့ အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ရာဟင်း စတာလင်ရဲ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီနောက် မိနစ်အနည်းငယ်အကြာ ဂျက် ဂရေးလစ်ရဲ့ […]

ယူရိုပြိုင်ပွဲအပြီး လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မယ့် တိုနီကရူးစ်

June 30, 2021 author one 0

ဂျာမနီအသင်းဟာ ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်မှာ အင်္ဂလန်အသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးတဲ့နောက် အသင်းရဲ့ဝါရင့်ကွင်းလယ်လူ တိုနီကရူးစ်ဟာ နိုင်ငံအသင်းကနေ အနားယူတော့မှာဖြစ်ပြီး မကြာခင် အတည်ပြုထုတ်ပြန်ကြေညာသွားဖို့ရှိနေပါပြီ။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ တိုနီကရူးစ်ဟာ အရင်ကတည်းက လက်ရွေးစင်အသင်းအတွက် အသက်(၃၀)ကျော်တဲ့အထိ ကစားဖို့မရှိဘူးလို့ဖွင့်ဟပြောဆိုခဲ့ဖူးပြီး အခုအချိန်မှာ ဂျာမန်နာမည်ကျော်သတင်းစာ Bild က တိုနီကရူးစ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ […]

သားတွေက မြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းပြနေချိန် မိသားစုဝင်နဲ့ မိခင်ကတော့ ပွဲကြည့်စင်မှာ စကားနောင်ဂျိမ်ချနေကြ

June 30, 2021 author one 0

သားတွေက မြက်ခင်းစိမ်းပေါ်မှာ ခြေစွမ်းပြနေချိန် မိသားစုဝင်နဲ့ မိခင်ကတော့ ပွဲကြည့်စင်မှာ စကားနောင်ဂျိမ်ချနေကြပါတယ်။ ပြင်သစ်က ဆွစ်ဇာလန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပြင်သစ်ကွင်းလယ်လူရာဘီယော့ရဲ့မိခင်နဲ့ ကွင်းလယ်လူပေါ့ဘာရဲ့ မိသားစုတို့ ပွဲကြည့်စင်ပေါ်မှာ အချင်းများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြင်သစ်ဟာဆွစ်ဇာလန်နှင့်ပွဲစဉ်တွင်၃-၁ဂိုးနဲ့ အနိုင်ရရှိထားပေမယ့်လည်းပွဲနှောင်းပိုင်းတွင်ချေပဂိုးနှစ်ဂိုးပေးခဲ့ရပါတယ်။ပြင်သစ်ဟာပင်နယ်တီအဆုံးအဖြတ်တွင်ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်တွင်ဘတ်ပီမှာပင်နယ်တီဝင်အောင်မကန်နိုင်မှုကြောင့် ပြင်သစ်ရှုံးနိမ့်ခဲ့တာပါ။ဒါ့အပြင် ပေါ့ဘာခမျာမှာလည်းပြင်သစ်အတွက်တတိယဂိုးသွင်းယူပေးခဲ့သော်လည်းဆွစ်ဇာလန်အသင်းချေပဂိုးရရှိသွားမှုမှာသူ့အမှားပါဝင်နေခဲ့ပါတယ်။ ပြင်သစ် အသင်းသားတွေဟာ ယူရို၂၀၂၀ပြိုင်ပွဲကနေ […]

ဆန်ချိုရဲ့ အပြောင်းအရွေ့က အပြီးသတ်လုနီးပါး ရောက်ရှိ

June 30, 2021 author one 0

ဆန်ချို- ယူနိုက်တက်အပြောင်းအရွေ့က မကြာမီ အပြီးသတ်နိုင်တော့မှာပါ။ များစွာသော သတင်းတွေကလည်း နေ့စဉ်နေ့တိုင်း အပြောင်းအရွေ့က ပိုပြီး နီးစပ်လာနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မားကတ် ရက်ဖို့ဒ်က ထင်မှတ်မထားတဲ့အရာ တစ်ခုပြုလုပ်ခဲ့ပါတယ်။ တွယ်တာမှာ ပရိသတ်တစ်ဦးရဲ့ “ ဆန်ချိုကို ကြေညာပေးပါ ၊ မားကတ် ( Announce […]

ပြင်သစ်နဲ့ပွဲမတိုင်ခင် ဆွစ်ဇာလန်ဂိုးသမားတွေ ထူးထူးခြားခြား နေကာမျက်မှန်တွေကို ဝတ်ဆင်ပြီး လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြ

June 30, 2021 author one 0

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နယ်သလန်ကို ချက်အသင်းက အနိုင်ယူခဲ့တာက သမိုင်းကြောင်းအရ သိပ်မပြောသာပေမယ့် ကမ္ဘာ့ချန်ပီယံလည်းဖြစ်သလို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ပြင်သစ်ကို ဆွစ်ဇာလန်က ဖြုတ်ချနိုင်လိုက်တာက Shork ဖြစ်ရပ်ပါ။ သာမန်ပွဲကစားချိန်အတွင်းမှာ 3-3 သရေကျနေခဲ့ပြီး အချိန်ပိုမှာ ၂ဖက်စလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ပင်နယ်တီ ၅လုံးစီကန်တဲ့ […]

စတာလင်ရဲ့ကြီးမားတဲ့အမှားကြောင့် အင်္ဂလန်အသင်း ဂိုးပေးရလုနီးပါးဖြစ်ခဲ့

June 30, 2021 author one 0

အင်္ဂလန်အသင်းတိုက်စစ်မှာခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်ကစားသမားစတာလင်ဟာ ဂျာမနီကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် သူ့အမှားကြောင့် ချေပဂိုးပြန်ပေးရမလိုဖြစ်ခဲ့တာကြောင့် ကံကောင်းလို့သာ ‘ဟီးရိုးကနေ ဇီးရိုး’မဖြစ်ခဲ့တာပါ။ ပွဲချိန်(၇၅)မိနစ်မှာ ဘယ်နောက်ခံလူလုခ်ရှောရဲ့ ပေးပို့မှုကနေ စတာလင်က အပိုင်ပိတ်သွင်းပြီး ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ (၃)ဂိုးမြောက်အဖြစ် သွင်းယူခဲ့တာဖြစ်ပြီး ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်းလိုင်နီကာနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုမှာ […]

ရလဒ်မကောင်းခဲ့တဲ့ မှတ်တမ်းဆိုးတွေကို အဆုံးသတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ အင်္ဂလန်

June 30, 2021 author one 0

သမိုင်းကြောင်းအရ ပြိုင်ဆိုင်မှုပြင်းထန်သလို၊ ထိပ်သီးစာရင်းဝင်ဖြစ်ကြတဲ့ အင်္ဂလန်နဲ့ ဂျာမနီတို့ပွဲက အပြန်အလှန်ထိုးဖောက်ကစားမှုတွေကြောင့် စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ဒီပွဲမတိုင်ခင်ပြောထားသလိုပဲ နောက်တန်း(၃)ယောက်ထားပြီး လုခ်ရှော၊ ထရစ်ပီယာတို့ကို Wing Backs အဖြစ်နဲ့ (၃-၄-၃)ကစားကွက်ခင်းကျင်းခဲ့တာကြောင့် (၃-၄-၃)ကစားကွက်ချင်း အပြိုင်ကြဲခဲ့တယ်လို့ပြောရမယ်။ ဂျာမနီအသင်းရဲ့ တိုက်စစ်အသက်သွေးကြောက Wing Backs တွေဖြစ်တဲ့ ဂေ့ါစ်ဆန်၊ ကင်မစ်ချ်တို့အပေါ် […]

ယူရို၂၀၂၀ပြိုင်ပွဲမှာ အကောင်းဆုံးဆုအတွက်မျှော်မှန်းနိုင်ခွင့်ရှိသွားပြီဖြစ်တဲ့ ဘန်ဇီးမား

June 29, 2021 author one 0

ပြင်သစ်အသင်းယူရို၂၀၂၀ပြိုင်ပွဲကနေထွက်ခဲ့ရပေမယ့်ဘန်ဇီးမားကတော့ယူရို၂၀၂၀ပြိုင်ပွဲမှာ လှပတဲ့ ဂိုးတွေသွင်းယူကာအကောင်းဆုံးဆုအတွက်မျှော်မှန်းနိုင်ခွင့်ရှိသွားပြီဖြစ်ပါတယ်။ ဘန်ဇီးမားဟာမနေ့ညတုန်းကဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုအတွက်သေချာနေတဲ့ထူးရှယ်ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆွစ်ဇာလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ပြင်သစ်တို့ တိုက်စစ်မြှင့်ပြီး တစ်ဖက်ခံစစ်ကို ပိုမိုထိုးဖောက်လာနိုင်ခဲ့ကြပါတယ်။ ပွဲချိန် ၅၇ မိနစ်မှာတော့ ကွင်းလယ်နေ အန်ဂိုလို ကွန်တေ ဖြတ်တောက်ခေါင်းတိုက်ပြီး ပြန်ချပေးတဲ့ ဘောလုံးကို ဂရစ်ဇ်မန်းနဲ့ […]