Zibo Cuju အသင်းပိုင်ရှင် တရုတ်သန်းကြွယ်သူဌေးသားအဖရဲ့ Money Makes Everything ကို သက်သေပြချက်

‘Money Makes Everything’ ဆိုတဲ့စကားဟာ ရာနှုန်းပြည့်မမှန်ဘူးလို့ တချို့က ဝေဖန်နေကြပေမယ့် အခုနောက်ပိုင်းခေတ်မှာတော့ ငွေဆိုတာက အရာအားလုံးကို ဖန်ဆင်းနိုင်တဲ့တန်ခိုးရှင်ဖြစ်နေပြီ။

‘ငွေဟာ ဒုတိယဘုရားသခင်’လို့ သတ်မှတ်ထားတဲ့အဆင့်ကနေ အခုဆို ငွေသာရှိရင် ဘာမဆိုလုပ်လုပ်လို့ရတဲ့အနေအထားကို ရောက်လာပြီ။

ဒီအချက်ကို အကောင်းဆုံးသက်သေပြနေတာကတော့ တရုတ်သန်းကြွယ်သူဌေး He Shihua တို့သားအဖပါပဲ။

အသက်(၃၅)နှစ်အရွယ်မှာပဲ သန်းကြွယ်သူဌေးဘွဲ့ကို ပိုင်ဆိုင်ခဲ့တဲ့ He Shihua ဟာ ပြီးခဲ့တဲ့မေလမှာ တရုတ်ဒုတိယတန်းကလပ်ဖြစ်တဲ့ Zibo Cuju အသင်းရဲ့ ရှယ်ယာအများစုပိုင်ဆိုင်တဲ့သူဖြစ်လာတယ်။

သန်းကြွယ်သူဌေးတွေ ကလပ်အသင်းတွေမှာ ရှယ်ယာပါဝင်တာက သိပ်မဆန်းပေမယ့် He Shihua ကတော့ ထူးထူးခြားခြားဆိုသလို Zibo Cuju အသင်းရဲ့ပွဲတိုင်းမှာ သူ့သားကို ထည့်ကစားခိုင်းရမယ်ဆိုပြီး နည်းပြကို ဖိအားပေးခဲ့တာပါပဲ။

He Shihua ရဲ့သားက ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါင်(၂၈၀)လောက်အထိ အဝလွန်နေတာကြောင့် ဝိတ်ကျအောင်ဆိုပြီး ဘောလုံးကန်ခိုင်းတာပဲဖြစ်ပါတယ်။

He Shihua ရဲ့သားဟာ ခပ်တည်တည်ပဲ ကျောနံပါတ်(၇)ဂျာစီဝတ်ပြီး Shaanxi Chang’an နဲ့ကစားခဲ့တဲ့ပွဲမှာ Zibo Cuju အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့်

သူ့ပုံစံက မိုးပျံပူဖောင်းကြီး ကွင်းထဲမှာလိမ့်နေသလိုဖြစ်နေတဲ့အပြင် ဘောလုံးထိန်းဖို့နေနေသာသာ ရှေ့တစ်ကိုက်လောက်ပြေးဖို့တောင် မနည်းကြိုးစားနေရတဲ့အခြေအနေဖြစ်နေတယ်။

ဒါပေမဲ့လည်း Zibo Cuju အသင်းနည်းပြ Hongyi Huang ကတော့ ‘သူ့ဆန်စားရင် ရဲရမယ်’ဆိုတဲ့ စကားပုံလိုပဲ အသင်းပိုင်ရှင်လိုဖြစ်နေတဲ့သူဌေးစကားကို မလွန်ဆန်နိုင်တာကြောင့်

ဖိအားပေးထားတဲ့အတိုင်း ဒီ ဖက်တီးကို ပွဲတိုင်းအသုံးပြုရမှာပါပဲ။

He Shihua ဟာ သားဖြစ်သူကို ဘောလုံးကန်ခိုင်းရုံနဲ့အားမရသေးဘဲ သူကိုယ်တိုင်ပါ အသင်းအတွက်ဝင်ကစားပြီး ဒုက္ခပေးလိုက်ပါသေးတယ်။

ဘောလုံးသမားတွေအတွက် အထင်ကရနံပါတ်လို့သတ်မှတ်ရမယ့် နံပါတ်(၁၀)ကို သူ့စိတ်ကြိုက်ဝတ်ဆင်ခဲ့ပြီး Sichuan Jiuniu အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ကိုယ့်သာသာကိုယ် လူစားဝင်ကစားခဲ့ပါတယ်။
He Shihua က ပေါ့သေးသေးတော့မဟုတ်ဘူး။

နာမည်ကျော် ဂျာမန်အားကစားဝက်ဘ်ဆိုဒ်ဖြစ်တဲ့ transfermarkt မှာတောင် သူ့အကြောင်းကို တခုတ်တရဖော်ပြထားပါတယ်။

အဲဒီဝက်ဘ်ဆိုက်ဒ်ရဲ့ဖော်ပြချက်အရတော့ He Shihua ဟာ တရုတ်ပြည်တွင်းကလပ်တချို့မှာ ကစားခဲ့ဖူးပြီး သူ့ဈေးကွက်ပေါက်ကြေးက ယူရို(၁)သိန်းတန်ပါတယ်တဲ့။

He Shihua ဟာ Sichuan Jiuniu အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဘောလုံးနဲ့ဝေးနေလု့ိထင်ပါရဲ့ သိပ်ခြေစွမ်းမပြနိုင်ဘဲ၊ ဘောလုံးကိုတောင် ကောင်းကောင်းထိခွင့်မရခဲ့ဘူးလို့ The Sun သတင်းစာက လှောင်လိုက်ပါတယ်။

အဖေတစ်လှည့်၊ သားတစ်လှည့် ဒုက္ခပေးနေတာကြောင့် Zibo Cuju အသင်းနည်းပြ Hongyi Huang အတွက်တော့ ဝဋ်ကြီးတယ်လို့ပြောရမလားပဲ။

အခုအချိန်မှာ Zibo Cuju အသင်းက သူတို့လိဂ်မှာ အခြေအနေသိပ်မကောင်းတာကြောင့် တကယ်လို့ တန်းတွေဘာတွေဆင်းရရင်တော့ တရုတ်သန်းကြွယ်သူဌေးသားအဖက

သူတို့အပြစ်လို့ မြင်မှာမဟုတ်လောက်ဘဲ Hongyi Huang အသုံးမကျလို့ဆိုပြီး နည်းပြရာထူးက ထုတ်ပစ်မလားလို့တောင် တွေးမိနေပါတော့တယ် . . .

zawgyi

Zibo Cuju အသင္းပိုင္ရွင္ တ႐ုတ္သန္းႂကြယ္သူေဌးသားအဖရဲ႕ Money Makes Everything ကို သက္ေသျပခ်က္

‘Money Makes Everything’ ဆိုတဲ့စကားဟာ ရာႏႈန္းျပည့္မမွန္ဘူးလို႔ တခ်ိဳ႕က ေဝဖန္ေနၾကေပမယ့္ အခုေနာက္ပိုင္းေခတ္မွာေတာ့ ေငြဆိုတာက အရာအားလုံးကို ဖန္ဆင္းႏိုင္တဲ့တန္ခိုးရွင္ျဖစ္ေနၿပီ။ ‘ေငြဟာ ဒုတိယဘုရားသခင္’လို႔ သတ္မွတ္ထားတဲ့အဆင့္ကေန အခုဆို ေငြသာရွိရင္ ဘာမဆိုလုပ္လုပ္လို႔ရတဲ့အေနအထားကို ေရာက္လာၿပီ။ ဒီအခ်က္ကို အေကာင္းဆုံးသက္ေသျပေနတာကေတာ့ တ႐ုတ္သန္းႂကြယ္သူေဌး He Shihua တို႔သားအဖပါပဲ။

အသက္(၃၅)ႏွစ္အ႐ြယ္မွာပဲ သန္းႂကြယ္သူေဌးဘြဲ႕ကို ပိုင္ဆိုင္ခဲ့တဲ့ He Shihua ဟာ ၿပီးခဲ့တဲ့ေမလမွာ တ႐ုတ္ဒုတိယတန္းကလပ္ျဖစ္တဲ့ Zibo Cuju အသင္းရဲ႕ ရွယ္ယာအမ်ားစုပိုင္ဆိုင္တဲ့သူျဖစ္လာတယ္။ သန္းႂကြယ္သူေဌးေတြ ကလပ္အသင္းေတြမွာ ရွယ္ယာပါဝင္တာက သိပ္မဆန္းေပမယ့္ He Shihua ကေတာ့ ထူးထူးျခားျခားဆိုသလို Zibo Cuju အသင္းရဲ႕ပြဲတိုင္းမွာ သူ႔သားကို ထည့္ကစားခိုင္းရမယ္ဆိုၿပီး နည္းျပကို ဖိအားေပးခဲ့တာပါပဲ။

He Shihua ရဲ႕သားက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေပါင္(၂၈၀)ေလာက္အထိ အဝလြန္ေနတာေၾကာင့္ ဝိတ္က်ေအာင္ဆိုၿပီး ေဘာလုံးကန္ခိုင္းတာပဲျဖစ္ပါတယ္။ He Shihua ရဲ႕သားဟာ ခပ္တည္တည္ပဲ ေက်ာနံပါတ္(၇)ဂ်ာစီဝတ္ၿပီး Shaanxi Chang’an နဲ႔ကစားခဲ့တဲ့ပြဲမွာ Zibo Cuju အသင္းအတြက္ ပါဝင္ကစားခဲ့ေပမယ့္ သူ႔ပုံစံက မိုးပ်ံပူေဖာင္းႀကီး ကြင္းထဲမွာလိမ့္ေနသလိုျဖစ္ေနတဲ့အျပင္ ေဘာလုံးထိန္းဖို႔ေနေနသာသာ ေရွ႕တစ္ကိုက္ေလာက္ေျပးဖို႔ေတာင္ မနည္းႀကိဳးစားေနရတဲ့အေျခအေနျဖစ္ေနတယ္။

ဒါေပမဲ့လည္း Zibo Cuju အသင္းနည္းျပ Hongyi Huang ကေတာ့ ‘သူ႔ဆန္စားရင္ ရဲရမယ္’ဆိုတဲ့ စကားပုံလိုပဲ အသင္းပိုင္ရွင္လိုျဖစ္ေနတဲ့သူေဌးစကားကို မလြန္ဆန္ႏိုင္တာေၾကာင့္ ဖိအားေပးထားတဲ့အတိုင္း ဒီ ဖက္တီးကို ပြဲတိုင္းအသုံးျပဳရမွာပါပဲ။ He Shihua ဟာ သားျဖစ္သူကို ေဘာလုံးကန္ခိုင္း႐ုံနဲ႔အားမရေသးဘဲ သူကိုယ္တိုင္ပါ အသင္းအတြက္ဝင္ကစားၿပီး ဒုကၡေပးလိုက္ပါေသးတယ္။

ေဘာလုံးသမားေတြအတြက္ အထင္ကရနံပါတ္လို႔သတ္မွတ္ရမယ့္ နံပါတ္(၁၀)ကို သူ႔စိတ္ႀကိဳက္ဝတ္ဆင္ခဲ့ၿပီး Sichuan Jiuniu အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ကိုယ့္သာသာကိုယ္ လူစားဝင္ကစားခဲ့ပါတယ္။ He Shihua က ေပါ့ေသးေသးေတာ့မဟုတ္ဘူး။ နာမည္ေက်ာ္ ဂ်ာမန္အားကစားဝက္ဘ္ဆိုဒ္ျဖစ္တဲ့ transfermarkt မွာေတာင္ သူ႔အေၾကာင္းကို တခုတ္တရေဖာ္ျပထားပါတယ္။

အဲဒီဝက္ဘ္ဆိုက္ဒ္ရဲ႕ေဖာ္ျပခ်က္အရေတာ့ He Shihua ဟာ တ႐ုတ္ျပည္တြင္းကလပ္တခ်ိဳ႕မွာ ကစားခဲ့ဖူးၿပီး သူ႔ေဈးကြက္ေပါက္ေၾကးက ယူ႐ို(၁)သိန္းတန္ပါတယ္တဲ့။ He Shihua ဟာ Sichuan Jiuniu အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေဘာလုံးနဲ႔ေဝးေနလု႔ိထင္ပါရဲ႕ သိပ္ေျခစြမ္းမျပႏိုင္ဘဲ၊ ေဘာလုံးကိုေတာင္ ေကာင္းေကာင္းထိခြင့္မရခဲ့ဘူးလို႔ The Sun သတင္းစာက ေလွာင္လိုက္ပါတယ္။ အေဖတစ္လွည့္၊ သားတစ္လွည့္ ဒုကၡေပးေနတာေၾကာင့္ Zibo Cuju အသင္းနည္းျပ Hongyi Huang အတြက္ေတာ့ ဝဋ္ႀကီးတယ္လို႔ေျပာရမလားပဲ။

အခုအခ်ိန္မွာ Zibo Cuju အသင္းက သူတို႔လိဂ္မွာ အေျခအေနသိပ္မေကာင္းတာေၾကာင့္ တကယ္လို႔ တန္းေတြဘာေတြဆင္းရရင္ေတာ့ တ႐ုတ္သန္းႂကြယ္သူေဌးသားအဖက သူတို႔အျပစ္လို႔ ျမင္မွာမဟုတ္ေလာက္ဘဲ Hongyi Huang အသုံးမက်လို႔ဆိုၿပီး နည္းျပရာထူးက ထုတ္ပစ္မလားလို႔ေတာင္ ေတြးမိေနပါေတာ့တယ္ . . .