အာဖရိက နတ်ဆရာတွေရဲ့ ကျိန်စာကြောင့် ဂွာဒီယိုလာ ကျရှူံးရတာလား

မန်စီးတီးဟာလက်ရှိရာသီမှာနောက်ဆုံး၁၀နှစ်အတွင်းပရီးမီးယားလိဂ်ချန်ပီယံဆုကိုငါးကြိမ်မြောက်ရယူနိုင်တဲ့အပြင်ကာရာဘောင်ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား လက်လွှတ်ခဲ့ရပါတယ်။


ဂွာဒီယိုလာအနေနဲ့ အာဖရိကရဲ့ကျိန်စာတွေသင့်နေတာကြောင့် ဘယ်တော့မှ ချန်ပီယံလိဂ်ဖလားကို ရရှိမှာမဟုတ်ဘူးလို့ မန်စီးတီးကွင်းလယ်လူဟောင်းယာယာတိုရေးရဲ့အေးဂျင့်က ပြောဆိုထားပါတယ်။


လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ယာယာတိုရေးကို အနိုင်ကျင့်ကာ အသင်းမှာပွဲထွက်ခွင့်မပေးခဲ့လို့ အာဖရိကတစ်ခုလုံး ဒေါသထွက်ခဲ့ဖူးပါတယ်။


အေးဂျင့် ဆီလက်က “သူက အာဖရိကတစ်ခုလုံးကို သူကိုယ်တိုင်ဆန့်ကျင်ခဲ့တာပါ။”
“အဲဒီတုန်းက အာဖရိကပရိသတ်အများအပြားက မန်စီးတီးကိုမုန်းခဲ့ကြပြီး အာဖရိကနတ်ဆရာအများအပြားနဲ့ ကျိန်စာတွေ တိုက်ခဲ့ကြပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်ဖလားကို သူရရှိဖို့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယုံကြည်တယ်”ဆိုပြီး ပြောထားပါတယ်။

တစ်ဖက်မှာတော့ နည်းပြဂွါဒီယိုလာဟာမန်စီးတီးအသင်းရဲ့လုပ်နိုင်စွမ်းကိုပျော်ရွှင်ကျေနပ်နေဆဲဖြစ်ကြောင်းသိရပါတယ်။

နည်းပြဂွါဒီယိုလာက”လက်ရှိရာသီဟာကျွန်တော်တို့အသင်းအတွက်ထူးခြားတဲ့ရာသီတစ်ခုလို့ပြောလို့ရပါတယ်။

ကျွန်တော်တို့ဟာချန်ပီယံလိဂ်ဗိုလ်လုပွဲကိုအသင်းသမိုင်းတစ်လျှောက်ပထမဆုံးတက်ရောက်နိုင်ခဲ့တယ်။”
“ကံကောင်းမှုတွေရယူနိုင်ဖို့လာရောက်ခဲ့ပေမယ့်ချန်ပီယံဆုကိုမရယူနိုင်ခဲ့ပါဘူး။

ဒါပေမယ့်အနာဂတ်မှာချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်ရောက်ပြီးချန်ပီယံဆုရယူနိုင်အောင်ကြိုးစားသွားမှာပါ။
လက်ရှိရာသီဟာအသင်းအတွက်ခက်ခဲတဲ့ရာသီဖြစ်ပေမယ့်အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တယ်။”


“အသင်းအနေနဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ရပေမယ့်

လက်ရှိထက်ပိုမိုကောင်းမွန်ပြီးတော့ အင်အားတောင့်တင်းတဲ့ပုံစံမျိုးနဲ့ပြန်လာမှာပါ“ လို့ပြောထားပါတယ်။

zawgyi

အာဖရိက နတ္ဆရာေတြရဲ႕ က်ိန္စာေၾကာင့္ ဂြာဒီယိုလာ က်ရႉံးရတာလား

မန္စီးတီးဟာလက္ရွိရာသီမွာေနာက္ဆုံး၁၀ႏွစ္အတြင္းပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုငါးႀကိမ္ေျမာက္ရယူႏိုင္တဲ့အျပင္ကာရာေဘာင္ဖလားခ်န္ပီယံဆုကိုရယူႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ခ်ဲလ္ဆီးအသင္းကိုရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား လက္လႊတ္ခဲ့ရပါတယ္။

ဂြာဒီယိုလာအေနနဲ႔ အာဖရိကရဲ႕က်ိန္စာေတြသင့္ေနတာေၾကာင့္ ဘယ္ေတာ့မွ ခ်န္ပီယံလိဂ္ဖလားကို ရရွိမွာမဟုတ္ဘူးလို႔ မန္စီးတီးကြင္းလယ္လူေဟာင္းယာယာတိုေရးရဲ႕ေအးဂ်င့္က ေျပာဆိုထားပါတယ္။
လြန္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ယာယာတိုေရးကို အႏိုင္က်င့္ကာ အသင္းမွာပြဲထြက္ခြင့္မေပးခဲ့လို႔ အာဖရိကတစ္ခုလုံး ေဒါသထြက္ခဲ့ဖူးပါတယ္။

​ေအးဂ်င့္ ဆီလက္က “သူက အာဖရိကတစ္ခုလုံးကို သူကိုယ္တိုင္ဆန႔္က်င္ခဲ့တာပါ။”
“အဲဒီတုန္းက အာဖရိကပရိသတ္အမ်ားအျပားက မန္စီးတီးကိုမုန္းခဲ့ၾကၿပီး အာဖရိကနတ္ဆရာအမ်ားအျပားနဲ႔ က်ိန္စာ​ေတြ တိုက္ခဲ့ၾကပါတယ္။
ဒါ​ေၾကာင့္ ခ်န္ပီယံလိဂ္ဖလားကို သူရရွိဖို႔ ခြင့္ျပဳမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္”ဆိုၿပီး ​ေျပာထားပါတယ္။

တစ္ဖက္မွာ​ေတာ့ နည္းျပဂြါဒီယိုလာဟာမန္စီးတီးအသင္းရဲ႕လုပ္ႏိုင္စြမ္းကိုေပ်ာ္႐ႊင္ေက်နပ္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။

နည္းျပဂြါဒီယိုလာက”လက္ရွိရာသီဟာကြၽန္ေတာ္တို႔အသင္းအတြက္ထူးျခားတဲ့ရာသီတစ္ခုလို႔ေျပာလို႔ရပါတယ္။
ကြၽန္ေတာ္တို႔ဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုအသင္းသမိုင္းတစ္ေလွ်ာက္ပထမဆုံးတက္ေရာက္ႏိုင္ခဲ့တယ္။”
“ကံေကာင္းမႈေတြရယူႏိုင္ဖို႔လာေရာက္ခဲ့ေပမယ့္ခ်န္ပီယံဆုကိုမရယူႏိုင္ခဲ့ပါဘူး။
ဒါေပမယ့္အနာဂတ္မွာခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုတက္ေရာက္ၿပီးခ်န္ပီယံဆုရယူႏိုင္ေအာင္ႀကိဳးစားသြားမွာပါ။

လက္ရွိရာသီဟာအသင္းအတြက္ခက္ခဲတဲ့ရာသီျဖစ္ေပမယ့္အေကာင္းဆုံးရင္ဆိုင္ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္။”
“အသင္းအေနနဲ႔ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာရႈံးနိမ့္ခဲ့ရေပမယ့္
လက္ရွိထက္ပိုမိုေကာင္းမြန္ၿပီး​ေတာ့ အင္အားေတာင့္တင္းတဲ့ပုံစံမ်ိဳးနဲ႔ျပန္လာမွာပါ“ လို႔ေျပာထားပါတယ္။