ရာသီသစ်မှာ ချန်ပီယံဖြစ်ရေးထက် တန်းဆင်းရဖို့ ဖြစ်နိုင်ခြေပိုများနေတဲ့ အာဆင်နယ်

ဘွတ်ကီတွေရဲ့အလေးပေးချက်အရ အာဆင်နယ်ဟာ ရာသီသစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေးထက် တန်းဆင်းရဖို့က ဖြစ်နိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဇယားရဲ့အဆင့် ၈နေရာနဲ့သာ ရာသီအဆုံးသတ်ခဲ့ရပြီး တစ်ခါကဆို ထိပ်ဆုံး ၁၀စာရင်း ဝင်နိုင်ပါ့မလားလို့တောင် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမတိုင်ခင် ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးကိုအနိုင်ရခဲ့ပေမယ့် အက်ဖ်အေဖလားမှာ စတုတ္ထအဆင့်၊ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်တွေကနေ ထွက်ခဲ့ရပါတယ်။

နည်းပြအာတီတာနဲ့ အသင်းသားတွေဟာ ရာသီသစ်မှာ ရလဒ်ကောင်းတွေရယူဖို့ စိတ်အားထက်သန်နေပေမယ့် အမ်းမရိတ်စ်မှာ အပြောင်းအလဲကြီးကြီးမားမားမလုပ်ရင် ဒီထက်တောင်ပိုဆိုးလာနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘွတ်ကီတွေက အာဆင်နယ်ကို ရာသီသစ်မှာ တန်းဆင်းရနိုင်တဲ့အသင်းအဖြစ် ၅၀/၁ လေးနဲ့ ဖွင့်လှစ်ထားပြီး ချန်ပီယံဖြစ်ဖို့အတွက်ကတော့ ၆၆/၁ လေးတောင် အကျောပေးထားပါတယ်။

ဒါတောင် တချို့ဘွတ်ကီတွေဆို အာဆင်နယ်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ၈၀/၁ တောင် အကျောပေးထားပါတယ်။

ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် လက်ရှိချန်ပီယံစီးတီးက ရပ်တည်နေပြီး သူ့နောက်မှာ ချဲလ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်၊ လက်စတာနဲ့ စပါးတို့က အစဉ်တိုင်းရပ်တည်နေပါတယ်။

အာဆင်နယ်ရဲ့နောက်မှာ အဲဗာတန်က ၁၀၀/၁ လေးနဲ့ ရပ်တည်နေပါတယ်။

zawgyi

ရာသီသစ္မွာ ခ်န္ပီယံျဖစ္ေရးထက္ တန္းဆင္းရဖို႔ ျဖစ္ႏိုင္ေျခပိုမ်ားေနတဲ့ အာဆင္နယ္

ဘြတ္ကီေတြရဲ႕အေလးေပးခ်က္အရ အာဆင္နယ္ဟာ ရာသီသစ္ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ေရးထက္ တန္းဆင္းရဖို႔က ျဖစ္ႏိုင္ေျခပိုမ်ားေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ အမွတ္ေပးဇယားရဲ႕အဆင့္ ၈ေနရာနဲ႔သာ ရာသီအဆုံးသတ္ခဲ့ရၿပီး တစ္ခါကဆို ထိပ္ဆုံး ၁၀စာရင္း ၀င္ႏိုင္ပါ့မလားလို႔ေတာင္ စိုးရိမ္စရာျဖစ္ခဲ့ရပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီမတိုင္ခင္ ကြန္ျမဴနတီဒိုင္းပြဲမွာ လီဗာပူးကိုအႏိုင္ရခဲ့ေပမယ့္ အက္ဖ္ေအဖလားမွာ စတုတၳအဆင့္၊ ကာရာေဘာင္ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္နဲ႔ ယူ႐ိုပါလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္ေတြကေန ထြက္ခဲ့ရပါတယ္။

နည္းျပအာတီတာနဲ႔ အသင္းသားေတြဟာ ရာသီသစ္မွာ ရလဒ္ေကာင္းေတြရယူဖို႔ စိတ္အားထက္သန္ေနေပမယ့္ အမ္းမရိတ္စ္မွာ အေျပာင္းအလဲႀကီးႀကီးမားမားမလုပ္ရင္ ဒီထက္ေတာင္ပိုဆိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ ဘြတ္ကီေတြက အာဆင္နယ္ကို ရာသီသစ္မွာ တန္းဆင္းရႏိုင္တဲ့အသင္းအျဖစ္ ၅၀/၁ ေလးနဲ႔ ဖြင့္လွစ္ထားၿပီး ခ်န္ပီယံျဖစ္ဖို႔အတြက္ကေတာ့ ၆၆/၁ ေလးေတာင္ အေက်ာေပးထားပါတယ္။

ဒါေတာင္ တခ်ိဳ႕ဘြတ္ကီေတြဆို အာဆင္နယ္ကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ ၈၀/၁ ေတာင္ အေက်ာေပးထားပါတယ္။ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ လက္ရွိခ်န္ပီယံစီးတီးက ရပ္တည္ေနၿပီး သူ႕ေနာက္မွာ ခ်ဲလ္ဆီး၊ လီဗာပူး၊ ယူႏိုက္တက္၊ လက္စတာနဲ႔ စပါးတို႔က အစဥ္တိုင္းရပ္တည္ေနပါတယ္။အာဆင္နယ္ရဲ႕ေနာက္မွာ အဲဗာတန္က ၁၀၀/၁ ေလးနဲ႔ ရပ္တည္ေနပါတယ္။