ယူနိုက်တက်က ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘိုရပ်ရှားဒေါ့မွန် တိုက်စစ်မှူး ဂျေဒန်ဆန်ချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

မန်ချက်စတာ စီးတီးကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့မှာ အိုးထရတ်ဖို့ဒ်ကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် Westfalenstadion မှာပဲ ဆက်လက်ရှိနေခဲ့ပါတယ်။

ဒါပေမယ့် တောင်ပံကစားသမားဟာ ယခုနွေရာသီမှာလည်း ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဒေါ့မွန်အသင်းက ဆန်ချိုရဲ့ ပြောင်းရွေ့ကြေးကို ပေါင်သန်း ( ၈၀ ) ထိ လျော့ချခဲ့တဲ့အတွက် သရဲနီတို့က လာမယ့်နေွရာသီမှာ ဟယ်ရီကိန်း နှင့် အာလင်း ဟာလန်းတို့ထက် အင်္ဂလန်လက်ရွေးစင်ကို ခေါ်ယူဖို့ ပိုပြီး ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဂျာမနီသတင်းဌာန Sport1အရ ဆန်ချိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီးဖြစ်တဲ့အတွက် သရဲနီတို့က ပြောင်းရွေ့ကြေးအတွက် ဒေါ့မွန်အသင်းနဲ့သာ ဆွေးနွေးဖို့ ကျန်ရှိနေတော့တယ်လို့ သိရပါတယ်။

ဆန်ချိုဟာ ( ၂၀၂၀/၂၁ ) ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက်ပြိုင်ပွဲစုံ ( ၁၆ ) ဂိုးသွင်းကာ ဂိုး ( ၂၀ ) ဖန်တီးပေးခဲ့ပြီး လာမယ့် ( ၂ ) နှစ်အတွင်းမှာ ဘွန်ဒက်လီဂါကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္က ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဘိုရပ္ရွားေဒါ့မြန္ တိုက္စစ္မႉး ေဂ်ဒန္ဆန္ခ်ိဳနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိခဲ့ၿပီလို႔ သိရပါတယ္။ မန္ခ်က္စတာ စီးတီးကစားသမားေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ြ႕မွာ အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိဖို႔ နီးစပ္ခဲ့ေပမယ့္ Westfalenstadion မွာပဲ ဆက္လက္ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ ေတာင္ပံကစားသမားဟာ ယခုေႏြရာသီမွာလည္း ယူႏိုက္တက္ရဲ႕ အဓိကပစ္မွတ္ထားျခင္းခံေနရပါတယ္။

ေဒါ့မြန္အသင္းက ဆန္ခ်ိဳရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ေပါင္သန္း ( ၈၀ ) ထိ ေလ်ာ့ခ်ခဲ့တဲ့အတြက္ သရဲနီတို႔က လာမယ့္ေနြရာသီမွာ ဟယ္ရီကိန္း ႏွင့္ အာလင္း ဟာလန္းတို႔ထက္ အဂၤလန္လက္ေ႐ြးစင္ကို ေခၚယူဖို႔ ပိုၿပီး ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဂ်ာမနီသတင္းဌာန Sport1အရ ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိထားၿပီးျဖစ္တဲ့အတြက္ သရဲနီတို႔က ေျပာင္းေ႐ြ႕ေၾကးအတြက္ ေဒါ့မြန္အသင္းနဲ႔သာ ေဆြးေႏြးဖို႔ က်န္ရွိေနေတာ့တယ္လို႔ သိရပါတယ္။

ဆန္ခ်ိဳဟာ ( ၂၀၂၀/၂၁ ) ေဘာလုံးရာသီအတြင္း ေဒါ့မြန္အသင္းအတြက္ၿပိဳင္ပြဲစုံ ( ၁၆ ) ဂိုးသြင္းကာ ဂိုး ( ၂၀ ) ဖန္တီးေပးခဲ့ၿပီး လာမယ့္ ( ၂ ) ႏွစ္အတြင္းမွာ ဘြန္ဒက္လီဂါကလပ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ပါတယ္။