မက်ဆီဟာ အဘွားအိုကြီးလို တဖျစ်တောက်တောက် ပြောလေ့ရှိတယ်….အဂွဲရိုး

၂၀၂၀-၂၁ ရာသီကုန်မှာ မန်စီးတီးအသင်းနဲ့လမ်းခွဲခဲ့တဲ့ အဂွဲရိုးတစ်ယောက်တော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းရှိရာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါပြီ။

မက်ဆီနဲ့ အဂွဲရိုးဟာ အသက်(၁၇)နှစ်အရွယ်မှာကတည်းက တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးခဲ့ကြပြီး နိုင်ငံပွဲတွေကစားဖို့ရှိလို့

တခြားတစ်နိုင်ငံကို သွားရင် သူတို့နှစ်ယောက်ဟာ အမြဲတမ်းတစ်ခန်းတည်းအတူနေတဲ့အထိ ရင်းနှီးခဲ့တာပါ။

အဲဒါကြောင့် သူ့ကို ခေါ်ဖို့ ဥရောပထိပ်သီးအသင်းတွေ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဘာစီလိုနာကို အဂွဲရိုး ရွေးချယ်ခဲ့တာဟာ မက်ဆီနဲ့ရင်းနှီးတဲ့အချက်က အဓိကကျခဲ့တယ်လို့ဆိုရမယ်။

မက်ဆီနဲ့ အဂွဲရိုးတို့ဟာ ၂၀၀၅ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲက စလို့ ၂၀၀၇ ဖီဖာ ယူ-၂၀ကမ္ဘာ့ဖလား၊ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲတွေအပြင်

ကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်၊ ကိုပါအမေရိကဖလားပြိုင်ပွဲ(၄)ကြိမ် ဆင်နွှဲခဲ့ပြီးပါပြီ။

ဒီနှစ်ယောက်ဟာ အရမ်းကို ရင်းနှီးကြလို့ တစ်ခါတုန်းကဆိုရင် အဂွဲရိုးက မက်ဆီဟာ အဘွားအိုကြီးတစ်ယောက်လို တဖျစ်တောက်တောက်ပြောလေ့ရှိတာကြောင့်

သူနဲ့မက်ဆီဟာ အဘိုးကြီးနဲ့အဘွားကြီးလင်မယားလိုဖြစ်နေတယ်လို့ နောက်ပြောင်ပြောခဲ့ဖူးတယ်။

ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက Diario Sport ရုပ်သံနဲ့အင်တာဗျူးတစ်ခုမှာ အဲဒီအကြောင်းကို အဂွဲရိုးက အခုလိုဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်နဲ့ မက်ဆီဟာ အသက်(၁၇)နှစ်အရွယ်လောက်ကတည်းက နိုင်ငံပွဲတွေရှိရင် တစ်ခန်းအတူနေခဲ့ကြတာပါ။

အခုကျွန်တော်က အသက်(၃၂)နှစ်၊ မက်ဆီက (၃၃)နှစ်ဆိုတော့ အဘိုးကြီးနဲ့အဘွားကြီးလင်မယားတွေလိုဖြစ်နေပြီ။

မက်ဆီက တစ်ခုမဟုတ်တစ်ခု ကြံဖန်ပြီးတော့ တဖျစ်တောက်တောက်ပြောတတ်တဲ့လူစားမျိုးဗျ။

ကျွန်တော်ရဲ့ မကောင်းတဲ့အကျင့်က TV ဖွင့်ထားလျက်နဲ့ အမြဲတမ်းအိပ်ပျော်လေ့ရှိပြီး နောက်နေ့မနက် ကျွန်တော် နိုးပြီဆိုတာနဲ့ မက်ဆီက ပေါက်ပေါက်ဖောက်ပါပြီ။

သူက အဲ့လို ပြောနေရမှ နေသာထိုင်သာရှိတာ။

တစ်ခါတုန်းကဆို ကျွန်တော်တို့ ဟိုတယ်ကို ည(၇)နာရီခွဲလောက်ပြန်ရောက်တယ်၊ (၉)နာရီမှာ အားလုံးညစာစားရမယ်။

ညစာစားဖို့ အချိန်တော်တော်လိုနေသေးပေမယ့် မက်ဆီကတော့ ရေချိုးခန်းထဲ ချက်ချင်းဝင်ပြီး ပြင်ဆင်တော့တာပဲ။

အဲဒီအချိန်မှာ ကျွန်တော်က Boxers ဝတ်လျက်နဲ့ ဖုန်းပြောနေတာပေ့ါ။

ဖုန်းပြောရင်း နည်းနည်းကြာသွားတော့ ညစာစားဖို့ နာရီဝက်လောက်အလိုမှာ မက်ဆီက ‘ငါတို့တွေ ၉ နာရီမှာ ညစာစားရမှာကွ။

နာရီဝက်လောက်ပဲလိုတော့တယ်’လို့ လှမ်းပြောပေမယ့် ကျွန်တော်ကတော့ ဖုန်းပြောလို့ကောင်းနေတုန်းပဲ။ အဲဒီမှာ မက်ဆီက ‘နောက် ၁၀ မိနစ်လောက်နေရင် သွားမယ်။

ငါတို့တွေရောက်ရင် အမြဲနောက်ကျတယ်။ ဟိုတယ်ကို ပြန်ရောက်တာ တစ်နာရီလောက်ရှိနေပြီ . . .’ ဘာညာပွစိပွစိလုပ်တော့မှ ကျွန်တော်လည်း အသင့်ပြင်ရတော့တယ်။

သူက တစ်ခုခုဆိုနောက်ကျပြီးမှ ရောက်တာ မကြိုက်ဘူးဗျ”

အခုဆိုရင် ငယ်သူငယ်ချင်းနှစ်ဦးဟာ ကလပ်တစ်သင်းတည်းမှာ အတူကစားခွင့်ရခဲ့ပြီ။

သူတို့နှစ်ယောက်ဟာ နိုင်ငံအသင်းမှာ နှစ်ပေါင်းများစွာအတူတွဲကစားခဲ့ကြပြီး ကံမကောင်းစွာနဲ့ပဲ အဓိက ဆုဖလားတစ်ခုမှ မရသေးပေမယ့်

ဘာစီလိုနာအသင်းအတွက်တော့ အတွဲညီညီနဲ့ အောင်မြင်မှုတွေရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါပဲ . . .

zawgyi

မက္ဆီဟာ အဘြားအိုႀကီးလို တဖ်စ္ေတာက္ေတာက္ ေျပာေလ့ရွိတယ္….အဂြဲ႐ိုး

၂၀၂၀-၂၁ ရာသီကုန္မွာ မန္စီးတီးအသင္းနဲ႔လမ္းခြဲခဲ့တဲ့ အဂြဲ႐ိုးတစ္ေယာက္ေတာ့ သူနဲ႔အရင္းႏွီးဆုံးသူငယ္ခ်င္းရွိရာ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့ပါၿပီ။ မက္ဆီနဲ႔ အဂြဲ႐ိုးဟာ အသက္(၁၇)ႏွစ္အ႐ြယ္မွာကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးခဲ့ၾကၿပီး ႏိုင္ငံပြဲေတြကစားဖို႔ရွိလို႔ တျခားတစ္ႏိုင္ငံကို သြားရင္ သူတို႔ႏွစ္ေယာက္ဟာ အၿမဲတမ္းတစ္ခန္းတည္းအတူေနတဲ့အထိ ရင္းႏွီးခဲ့တာပါ။ အဲဒါေၾကာင့္ သူ႔ကို ေခၚဖို႔ ဥေရာပထိပ္သီးအသင္းေတြ အၿပိဳင္စိတ္ဝင္စားေနၾကေပမယ့္ ဘာစီလိုနာကို အဂြဲ႐ိုး ေ႐ြးခ်ယ္ခဲ့တာဟာ မက္ဆီနဲ႔ရင္းႏွီးတဲ့အခ်က္က အဓိကက်ခဲ့တယ္လို႔ဆိုရမယ္။

မက္ဆီနဲ႔ အဂြဲ႐ိုးတို႔ဟာ ၂၀၀၅ ဖီဖာယူ-၂၀ ကမာၻ႔ဖလားၿပိဳင္ပြဲက စလို႔ ၂၀၀၇ ဖီဖာ ယူ-၂၀ကမာၻ႔ဖလား၊ ၂၀၀၈ ေဘဂ်င္းအိုလံပစ္ၿပိဳင္ပြဲေတြအျပင္ ကမာၻ႔ဖလားၿပိဳင္ပြဲ(၃)ႀကိမ္၊ ကိုပါအေမရိကဖလားၿပိဳင္ပြဲ(၄)ႀကိမ္ ဆင္ႏႊဲခဲ့ၿပီးပါၿပီ။ ဒီႏွစ္ေယာက္ဟာ အရမ္းကို ရင္းႏွီးၾကလို႔ တစ္ခါတုန္းကဆိုရင္ အဂြဲ႐ိုးက မက္ဆီဟာ အဘြားအိုႀကီးတစ္ေယာက္လို တဖ်စ္ေတာက္ေတာက္ေျပာေလ့ရွိတာေၾကာင့္ သူနဲ႔မက္ဆီဟာ အဘိုးႀကီးနဲ႔အဘြားႀကီးလင္မယားလိုျဖစ္ေနတယ္လို႔ ေနာက္ေျပာင္ေျပာခဲ့ဖူးတယ္။

ၿပီးခဲ့တဲ့ႏွစ္၊ ေအာက္တိုဘာလတုန္းက Diario Sport ႐ုပ္သံနဲ႔အင္တာဗ်ဴးတစ္ခုမွာ အဲဒီအေၾကာင္းကို အဂြဲ႐ိုးက အခုလိုဖြင့္ဟခဲ့ပါတယ္။ “ကြၽန္ေတာ္နဲ႔ မက္ဆီဟာ အသက္(၁၇)ႏွစ္အ႐ြယ္ေလာက္ကတည္းက ႏိုင္ငံပြဲေတြရွိရင္ တစ္ခန္းအတူေနခဲ့ၾကတာပါ။ အခုကြၽန္ေတာ္က အသက္(၃၂)ႏွစ္၊ မက္ဆီက (၃၃)ႏွစ္ဆိုေတာ့ အဘိုးႀကီးနဲ႔အဘြားႀကီးလင္မယားေတြလိုျဖစ္ေနၿပီ။

မက္ဆီက တစ္ခုမဟုတ္တစ္ခု ႀကံဖန္ၿပီးေတာ့ တဖ်စ္ေတာက္ေတာက္ေျပာတတ္တဲ့လူစားမ်ိဳးဗ်။ ကြၽန္ေတာ္ရဲ႕ မေကာင္းတဲ့အက်င့္က TV ဖြင့္ထားလ်က္နဲ႔ အၿမဲတမ္းအိပ္ေပ်ာ္ေလ့ရွိၿပီး ေနာက္ေန႔မနက္ ကြၽန္ေတာ္ ႏိုးၿပီဆိုတာနဲ႔ မက္ဆီက ေပါက္ေပါက္ေဖာက္ပါၿပီ။ သူက အဲ့လို ေျပာေနရမွ ေနသာထိုင္သာရွိတာ။ တစ္ခါတုန္းကဆို ကြၽန္ေတာ္တို႔ ဟိုတယ္ကို ည(၇)နာရီခြဲေလာက္ျပန္ေရာက္တယ္၊ (၉)နာရီမွာ အားလုံးညစာစားရမယ္။

ညစာစားဖို႔ အခ်ိန္ေတာ္ေတာ္လိုေနေသးေပမယ့္ မက္ဆီကေတာ့ ေရခ်ိဳးခန္းထဲ ခ်က္ခ်င္းဝင္ၿပီး ျပင္ဆင္ေတာ့တာပဲ။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က Boxers ဝတ္လ်က္နဲ႔ ဖုန္းေျပာေနတာေပ့ါ။ ဖုန္းေျပာရင္း နည္းနည္းၾကာသြားေတာ့ ညစာစားဖို႔ နာရီဝက္ေလာက္အလိုမွာ မက္ဆီက ‘ငါတို႔ေတြ ၉ နာရီမွာ ညစာစားရမွာကြ။ နာရီဝက္ေလာက္ပဲလိုေတာ့တယ္’လို႔ လွမ္းေျပာေပမယ့္ ကြၽန္ေတာ္ကေတာ့ ဖုန္းေျပာလို႔ေကာင္းေနတုန္းပဲ။

အဲဒီမွာ မက္ဆီက ‘ေနာက္ ၁၀ မိနစ္ေလာက္ေနရင္ သြားမယ္။ ငါတို႔ေတြေရာက္ရင္ အၿမဲေနာက္က်တယ္။ ဟိုတယ္ကို ျပန္ေရာက္တာ တစ္နာရီေလာက္ရွိေနၿပီ . . .’ ဘာညာပြစိပြစိလုပ္ေတာ့မွ ကြၽန္ေတာ္လည္း အသင့္ျပင္ရေတာ့တယ္။ သူက တစ္ခုခုဆိုေနာက္က်ၿပီးမွ ေရာက္တာ မႀကိဳက္ဘူးဗ်”

အခုဆိုရင္ ငယ္သူငယ္ခ်င္းႏွစ္ဦးဟာ ကလပ္တစ္သင္းတည္းမွာ အတူကစားခြင့္ရခဲ့ၿပီ။ သူတို႔ႏွစ္ေယာက္ဟာ ႏိုင္ငံအသင္းမွာ ႏွစ္ေပါင္းမ်ားစြာအတူတြဲကစားခဲ့ၾကၿပီး ကံမေကာင္းစြာနဲ႔ပဲ အဓိက ဆုဖလားတစ္ခုမွ မရေသးေပမယ့္ ဘာစီလိုနာအသင္းအတြက္ေတာ့ အတြဲညီညီနဲ႔ ေအာင္ျမင္မႈေတြရယူႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါပဲ . . .