နိုင်ငံတော်သီချင်း မဆိုခဲ့တဲ့ မြန်မာကစားသမားတွေနဲ့ ဂျပန်နောက်ခံလူ ယိုရှီဒါရဲ့ မြန်မာပြည်သူတွေအတွက် ဆုတောင်းစကား

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အနေနဲ့ ဂျပန်အသင်းနဲ့ မြန်မာအသင်း ကစားခဲ့တဲ့ပွဲမှာ ဂျပန်က ၁၀ဂိုး ပြတ်အနိုင်ရခဲ့ပြီး ပွဲကစားတဲ့ အချိန်ကျမှ ရုပ်သံမှာ မြန်မာလက်ရွေးစင် ကစားသမားတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ

ပရိသတ်တွေ သိရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။


စင်ကာပူကနေတဆင့် ဂျပန်နိုင်ငံကိုထွက်ခွာသွားတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ လူစာရင်းကို သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်က လုံးဝမထုတ်ပြန် မကြေညာပေးခဲ့ပါဘူး။

မြန်မာလက်ရွေးစင် ဝါရင့်ကစားသမားအများစုနဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှုးကျော်ကိုကို၊ အောင်သူ၊ အသင်းခေါင်းဆောင် ဇော်မင်းထွန်း၊ ဂိုးသမားကျော်ဇင်ထက်၊ အောင်ကောင်းမာန်၊ ဟိန်းထက်အောင် စတဲ့သူတွေဟာ ကစားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။


ဒါကြောင့် ဒီပွဲကို ဖီဖာရဲ့ မှတ်တမ်းတွေအတွက် အဖြစ်သဘောမျိုး ကစားခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းကို အသင်းခေါင်းဆောင်အဖြစ် မောင်မောင်လွင်က တာဝန်ယူခဲ့ရပါတယ်။


ပွဲမစခင် ယှဉ်ပြိုင်မယ့် အသင်းနှစ်သင်းရဲ့ နိုင်ငံတော်သီချင်း
ဖွင့်ပေးတဲ့အချိန်မှာ မြန်မာကစားသမားတွေ အကုန်လုံးက တစ်ယောက်မှ နိုင်ငံတော်သီချင်းကို လိုက်မဆိုသွားခဲ့တာကို ရုပ်သံကင်မရာတွေက တစ်ဦးချင်း သေချာရိုက်ပြခဲ့ပါတယ်။

ထူးခြားတာက အရန်ဂိုးသမားအဖြစ် အရွေးခံထားရတဲ့

ရတနာပုံအသင်းဂိုးသမား ပြည့်လျှံအောင်က လက်သုံးချောင်းထောင်ပြပြီး ဆန္ဒဖော်ထုတ် ဖော်ထုတ်ခဲ့တာပါပဲ။

ဖိအားတွေအများကြီးအောက်က ကစားရတဲ့ အနေအထားမှာ ကစားသမားတွေ အကုန်လုံးက ပွဲကို သေချာမကစားခဲ့ကြပဲ မီဒီယာတွေမှာ ဂိုးမသွင်းသပိတ် ပုံစံပြုလုပ်ခဲ့တယ်လို့တောင် အရွှန်းဖောက် ဖော်ပြခဲ့ကြပါတယ်။

ဂျပန်အသင်းခေါင်းဆောင် နောက်ခံလူ ယိုရှီဒါက ပွဲအပြီးမှာတော့ သူ့ရဲ့အင်စတာဂရမ်ကနေ မြန်မာပြည်သူတွေအတွက် ဆုတောင်းစကားဆိုသွားခဲ့ပါတယ်။


Follower 3သိန်း2သောင်းကျော်ရှိတဲ့ သူ့ရဲ့အကောင့်မှာ တင်ထားခဲ့တာလည်းဖြစ်ပါတယ်။
ယိုရှီဒါဟာ မြန်မာနဲ့ပွဲမှာ အသင်းခေါင်းဆောင်မောင်မောင်လွင်နဲ့ အလံချင်းလဲလှယ်ကာ နှုတ်ဆက်နေတဲ့ပုံနဲ့အတူ သူ့ရဲ့ဆုတောင်းစကားကို ရေးသားသွားခဲ့တာဖြစ်ပါတယ်။


မြန်မာအသင်းနဲ့ ပွဲစဉ်မှာ ယိုရှီဒါက ပထမပိုင်းကိုသာ ဝင်ရောက်ကစားခဲ့တာပါ။

ယိုရှီဒါက “မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေက မကြာခင်မှာ တည်ငြိမ်သွားဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့တာ လည်းဖြစ်ပါတယ်။

ဒီပို့စ်ကို Like လုပ်သူပေါင်း ၆၃၀၀ ကျော်အထိရှိခဲ့ကာ comment ၁၅ ခုအထိ ရှိနေခဲ့ပါတယ်။


ယိုရှီဒါဟာ ဆောက်သမ်တန်အတွက် ၈ နှစ်ကြာကစားပေးခဲ့ပြီး ပြိုင်ပွဲစုံ ၁၉၄ ပွဲမှာ ၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဆမ်ဒိုးရီးယားမှာ စီးရီးအေပွဲပေါင်း ၃၂ ပွဲ ကစားပေးထားပြီး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

zawgyi

ႏိုင္ငံေတာ္သီခ်င္း မဆိုခဲ့တဲ့ ျမန္မာကစားသမားေတြနဲ႔ ဂ်ပန္ေနာက္ခံလူ ယိုရွီဒါရဲ႕ ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းစကား
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ ေျခစစ္ပြဲစဥ္အေနနဲ႔ ဂ်ပန္အသင္းနဲ႔ ျမန္မာအသင္း ကစားခဲ့တဲ့ပြဲမွာ ဂ်ပန္က ၁၀ဂိုး ျပတ္အႏိုင္ရခဲ့ၿပီး ပြဲကစားတဲ့ အခ်ိန္က်မွ ႐ုပ္သံမွာ ျမန္မာလက္ေ႐ြးစင္ ကစားသမားေတြက ဘယ္သူေတြျဖစ္တယ္ဆိုတာ

ပရိသတ္ေတြ သိရွိခဲ့ၾကတာလည္း ျဖစ္ပါတယ္။

စင္ကာပူကေနတဆင့္ ဂ်ပန္ႏိုင္ငံကိုထြက္ခြာသြားတဲ့ ျမန္မာ့လက္ေ႐ြးစင္အသင္းရဲ႕ လူစာရင္းကို သက္ဆိုင္ရာ ေဘာလုံးအဖြဲ႕ခ်ဳပ္က လုံးဝမထုတ္ျပန္ မေၾကညာေပးခဲ့ပါဘူး။ ျမန္မာလက္ေ႐ြးစင္ ဝါရင့္ကစားသမားအမ်ားစုနဲ႔ နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ တိုက္စစ္မႈးေက်ာ္ကိုကို၊ ေအာင္သူ၊ အသင္းေခါင္းေဆာင္ ေဇာ္မင္းထြန္း၊ ဂိုးသမားေက်ာ္ဇင္ထက္၊ ေအာင္ေကာင္းမာန္၊ ဟိန္းထက္ေအာင္ စတဲ့သူေတြဟာ ကစားေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။
ဒါေၾကာင့္ ဒီပြဲကို ဖီဖာရဲ႕ မွတ္တမ္းေတြအတြက္ အျဖစ္သေဘာမ်ိဳး ကစားခဲ့ၿပီး ျမန္မာ့လက္ေ႐ြးစင္အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ ေမာင္ေမာင္လြင္က တာဝန္ယူခဲ့ရပါတယ္။
ပြဲမစခင္ ယွဥ္ၿပိဳင္မယ့္ အသင္းႏွစ္သင္းရဲ႕ ႏိုင္ငံေတာ္သီခ်င္း

ဖြင့္ေပးတဲ့အခ်ိန္မွာ ျမန္မာကစားသမားေတြ အကုန္လုံးက တစ္ေယာက္မွ ႏိုင္ငံေတာ္သီခ်င္းကို လိုက္မဆိုသြားခဲ့တာကို ႐ုပ္သံကင္မရာေတြက တစ္ဦးခ်င္း ေသခ်ာ႐ိုက္ျပခဲ့ပါတယ္။ ထူးျခားတာက အရန္ဂိုးသမားအျဖစ္ အေ႐ြးခံထားရတဲ့
ရတနာပုံအသင္းဂိုးသမား ျပည့္လွ်ံေအာင္က လက္သုံးေခ်ာင္းေထာင္ျပၿပီး ဆႏၵေဖာ္ထုတ္ ေဖာ္ထုတ္ခဲ့တာပါပဲ။ ဖိအားေတြအမ်ားႀကီးေအာက္က ကစားရတဲ့ အေနအထားမွာ ကစားသမားေတြ အကုန္လုံးက ပြဲကို ေသခ်ာမကစားခဲ့ၾကပဲ မီဒီယာေတြမွာ ဂိုးမသြင္းသပိတ္ ပုံစံျပဳလုပ္ခဲ့တယ္လို႔ေတာင္ အ႐ႊန္းေဖာက္ ေဖာ္ျပခဲ့ၾကပါတယ္။

ဂ်ပန္အသင္းေခါင္းေဆာင္ ေနာက္ခံလူ ယိုရွီဒါက ပြဲအၿပီးမွာေတာ့ သူ႔ရဲ႕အင္စတာဂရမ္ကေန ျမန္မာျပည္သူေတြအတြက္ ဆုေတာင္းစကားဆိုသြားခဲ့ပါတယ္။
Follower 3သိန္း2ေသာင္းေက်ာ္ရွိတဲ့ သူ႔ရဲ႕အေကာင့္မွာ တင္ထားခဲ့တာလည္းျဖစ္ပါတယ္။

ယိုရွီဒါဟာ ျမန္မာနဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ေမာင္ေမာင္လြင္နဲ႔ အလံခ်င္းလဲလွယ္ကာ ႏႈတ္ဆက္ေနတဲ့ပုံနဲ႔အတူ သူ႔ရဲ႕ဆုေတာင္းစကားကို ေရးသားသြားခဲ့တာျဖစ္ပါတယ္။
ျမန္မာအသင္းနဲ႔ ပြဲစဥ္မွာ ယိုရွီဒါက ပထမပိုင္းကိုသာ ဝင္ေရာက္ကစားခဲ့တာပါ။
ယိုရွီဒါက “ျမန္မာျပည္မွာျဖစ္ေနတဲ့ အေျခအေနေတြက မၾကာခင္မွာ တည္ၿငိမ္သြားဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေရးသားခဲ့တာ လည္းျဖစ္ပါတယ္။

ဒီပို႔စ္ကို Like လုပ္သူေပါင္း ၆၃၀၀ ေက်ာ္အထိရွိခဲ့ကာ comment ၁၅ ခုအထိ ရွိေနခဲ့ပါတယ္။

ယိုရွီဒါဟာ ေဆာက္သမ္တန္အတြက္ ၈ ႏွစ္ၾကာကစားေပးခဲ့ၿပီး ၿပိဳင္ပြဲစုံ ၁၉၄ ပြဲမွာ ၉ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။
ဆမ္ဒိုးရီးယားမွာ စီးရီးေအပြဲေပါင္း ၃၂ ပြဲ ကစားေပးထားၿပီး ၁ ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။