ဘာကြောင့် နုတ်ထွက်ရတာလဲဆိုတာ ဇီဒန်း ပြောပြီ…

ဇီဒန်းဟာ ရီးရဲလ် မက်ဒရစ် နည်းပြ ရာထူး ကနေ နှုတ်ထွက်ပြီး တစ်ပတ် အကြာမှာတော့ သူ ဘာကြောင့် အလုပ်ထွက်ရတာလဲဆိုတာ ရှင်းပြ ပြောဆိုလာခဲ့ပါတယ်။

ဇီဒန်းက” ကျွန်တော်အလုပ်က ထွက်ခွာ ခဲ့တာ မှန်ပေမယ့်ကျွန်တော် အရှုံးပေးတာ မဟုတ်ပါဘူး။

ကျွန်တော် နည်းပြ လုပ်ရတာကို စိတ်မပျက်သေးပါဘူး။

လွန်ခဲ့တဲ့ ၂၀၁၈ တုန်းကလည်း အသင်းကို နှစ်နှစ်ခွဲကြာ နည်းပြပြီး အောင်မြင်မှုတွေ ၊ ဆုဖလား အများကြီး ယူပြီးနောက် ကျွန်တော် ထွက်ခွာ ခဲ့ပါတယ်။”

“အဲဒီ အချိန်တုန်းက အသင်းက အမြင့်ဆုံးအဆင့်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ အစီအစဉ်သစ်တွေ လိုအပ် နေသေးတယ်လို့ ခံစားမိတာကြောင့်ပါ”

“ဒီတစ်ခေါက်ကကျတော့ အသင်းက ကျွန်တော် လိုအပ်တဲ့ ထောက်ပံ့မှုမျိုးမပေးလို့ နုတ်ထွက်ရတာပါ။

ကြားကာလမှာရော ၊ ရေရှည်မှာပါ ဘာတွေ ဆက်လုပ်မယ် ဆိုတဲ့ project မချပြတာကြောင့် ကျွန်တော် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။”

”ဖလားအောင်မြင်မှု မရရင် ထွက်ခွာရမယ်ဆိုတာသိပါတယ်။


ဒါပေမယ့် တာဝန်ရှိသူတွေ က ကျွန်တော်တို့ နေ့တိုင်း တည်ဆောက်ခဲ့ရတဲ့ အရာတွေကို မေ့ပစ်လိုက်ကြပါတယ်။”

“ကျွန်တော်နဲ့ အသင်းက ကစားသမားတွေ ပြီးတော့ ဝန်ထမ်း အယောက် ၁၅၀ နဲ့ ဆက်ဆံရေးအကြောင်းကို မေ့လိုက်ကြပါတယ် ”

”ကျွန်တော်လည်း လူသားပီပီ ခံစားချက်တွေ ရှိပါတယ် ။ ကျွန်တော် လုပ်ပေးခဲ့တာကို အသိအမှတ်မပြုကြဘူးလို့ ခံစား လာမိပါတယ်။

ကျွန်တော့်အပေါ် အပြစ်တွေ ပုံချသလိုကို ခံစားမိခဲ့တာပါ” လို့ ပြောထားပါတယ်။

zawgyi

ဘာေၾကာင့္ ႏုတ္ထြက္ရတာလဲဆိုတာ ဇီဒန္း ေျပာၿပီ…

ဇီဒန္းဟာ ရီးရဲလ္ မက္ဒရစ္ နည္းျပ ရာထူး ကေန ႏႈတ္ထြက္ၿပီး တစ္ပတ္ အၾကာမွာေတာ့ သူ ဘာေၾကာင့္ အလုပ္ထြက္ရတာလဲဆိုတာ ရွင္းျပ ေျပာဆိုလာခဲ့ပါတယ္။

ဇီဒန္းက” ကြၽန္ေတာ္အလုပ္က ထြက္ခြာ ခဲ့တာ မွန္ေပမယ့္ကြၽန္ေတာ္ အရႈံးေပးတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ နည္းျပ လုပ္ရတာကို စိတ္မပ်က္ေသးပါဘူး။ လြန္ခဲ့တဲ့ ၂၀၁၈ တုန္းကလည္း အသင္းကို ႏွစ္ႏွစ္ခြဲၾကာ နည္းျပၿပီး ေအာင္ျမင္မႈေတြ ၊ ဆုဖလား အမ်ားႀကီး ယူၿပီးေနာက္ ကြၽန္ေတာ္ ထြက္ခြာ ခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက အသင္းက အျမင့္ဆုံးအဆင့္မွာ ဆက္လက္ရပ္တည္ႏိုင္ဖို႔ အစီအစဥ္သစ္ေတြ လိုအပ္ ေနေသးတယ္လို႔ ခံစားမိတာေၾကာင့္ပါ”

“ဒီတစ္ေခါက္ကက်ေတာ့ အသင္းက ကြၽန္ေတာ္ လိုအပ္တဲ့ ေထာက္ပံ့မႈမ်ိဳးမေပးလို႔ ႏုတ္ထြက္ရတာပါ။ ၾကားကာလမွာေရာ ၊ ေရရွည္မွာပါ ဘာေတြ ဆက္လုပ္မယ္ ဆိုတဲ့ project မခ်ျပတာေၾကာင့္ ကြၽန္ေတာ္ ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ဖလားေအာင္ျမင္မႈ မရရင္ ထြက္ခြာရမယ္ဆိုတာသိပါတယ္။ ဒါေပမယ့္ တာဝန္ရွိသူေတြ က ကြၽန္ေတာ္တို႔ ေန႔တိုင္း တည္ေဆာက္ခဲ့ရတဲ့ အရာေတြကို ေမ့ပစ္လိုက္ၾကပါတယ္။”

“ကြၽန္ေတာ္နဲ႔ အသင္းက ကစားသမားေတြ ၿပီးေတာ့ ဝန္ထမ္း အေယာက္ ၁၅၀ နဲ႔ ဆက္ဆံေရးအေၾကာင္းကို ေမ့လိုက္ၾကပါတယ္။ ကြၽန္ေတာ္လည္း လူသားပီပီ ခံစားခ်က္ေတြ ရွိပါတယ္ ။ ကြၽန္ေတာ္ လုပ္ေပးခဲ့တာကို အသိအမွတ္မျပဳၾကဘူးလို႔ ခံစား လာမိပါတယ္။ ကြၽန္ေတာ့္အေပၚ အျပစ္ေတြ ပုံခ်သလိုကို ခံစားမိခဲ့တာပါ” လို႔ ေျပာထားပါတယ္။