ချယ်လ်ဆီးက လန်ဒန်မြို့ရဲ့ ထီးနန်းကို သိမ်းပိုက်လိုက်ပြီလား…

အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက်ရယူခဲ့အပြီးမှာတော့ ချယ်လ်ဆီးအသင်းဟာ လန်ဒန်မြို့ခံကလပ်အသင်းတွေထဲမှာ အောင်မြင်မှုအများဆုံးအသင်းဖြစ်နေပြီလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေပါပြီ။

ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်၊ FA ဖလား (၈)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်ရယူခဲ့တဲ့မှတ်တမ်းတွေအရ ချယ်လ်ဆီးအသင်းရဲ့အောင်မြင်မှုကို တခြားလန်ဒန်မြို့ခံကလပ်တွေ အမီလိုက်နိုင်ဖို့က ခက်ခဲလွန်းနေတယ်။

တစ်ချိန်တုန်းက လန်ဒန်ရဲ့အောင်မြင်မှုအများဆုံးအသင်းတွေအဖြစ် အာဆင်နယ်၊ စပါး၊ ချယ်လ်ဆီးတို့ အတူတူရပ်တည်ခဲ့ကြပေမယ့် အခုနောက်ပိုင်းနှစ်တွေမှာ

အာဆင်နယ်က အခြေအနေတွေဆိုး၊ စပါးအသင်းက ဖလားလက်မဲ့ရာသီတွေနဲ့ ခဏခဏကြုံနေရချိန်မှာ ချယ်လ်ဆီးအသင်းက

၂၀၀၄-၀၅ ရာသီကစပြီး (၁)နှစ်ကို ဖလား(၁)လုံးနှုန်းရယူနေတာကြောင့် အခုဆိုရင် လန်ဒန်မြို့ရဲ့အောင်မြင်မှုအများဆုံးအသင်းလို့တောင် သတ်မှတ်လို့ရနေပြီ။

လက်ရှိ လန်ဒန်မြို့ခံကလပ်တွေထဲမှာ စပါးအသင်းက ချယ်လ်ဆီးအတွက် ပြိုင်ဘက်အဆင့်မှာ မရှိတော့ဘဲ အာဆင်နယ်ကတော့

အရင်ကရရှိခဲ့တဲ့ ပြည်တွင်းအောင်မြင်မှုတွေအရ ချယ်လ်ဆီးနဲ့ နည်းနည်းရင်ဘောင်တန်းနေနိုင်ဆဲပဲ။

ဒါတောင် အာဆင်နယ်အသင်းဟာ အင်္ဂလန်အမှတ်ပေးဖလားကို (၁၃)ကြိမ်ရခဲ့ဖူးတာရယ်၊ FA ဖလားပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံး လန်ဒန်ကလပ်အဖြစ် (၁၄)ကြိမ်နဲ့ ရပ်တည်နေတာရယ်၊ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရှုံးပွဲမရှိချန်ပီယံအဖြစ် စံချိန်တင်ထားနိုင်တာကြောင့် ချယ်လ်ဆီးနဲ့ အရမ်းကြီးမကွာသေးတာလို့ပြောရမယ်။

ဥရောပအောင်မြင်မှုနဲ့သာ နှိုင်းယှဉ်ကြည့်ရင် အာဆင်နယ်ဟာ ချယ်လ်ဆီးရဲ့အောင်မြင်မှုကို အမီလိုက်နိုင်ဖို့က စိတ်ကူးယဉ်အိပ်မက်အဖြစ်ပဲ ရှိနေပါလိမ့်မယ်။

ချန်ပီယံလိဂ်(၂)ကြိမ်၊ ယူရိုပါလိဂ်(၂)ကြိမ်ရယူထားတဲ့ ချယ်လ်ဆီးအသင်းရဲ့အောင်မြင်မှုကို ၂၀၀၆ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲပထမဆုံးအကြိမ်တက်နိုင်ပြီးကတည်းက အနားမကပ်နိုင်တော့တဲ့အပြင် အခု ချန်ပီယံလိဂ်ဝင်ခွင့်တောင် နပ်မမှန်တော့တဲ့အသင်းမျိုး၊ ဥရောပအောင်မြင်မှုဆိုလို့ ၁၉၉၄ ခုနှစ်တုန်းက UEFA Cup Winners’ Cup သာ ရရှိခဲ့ဖူးတဲ့အသင်းမျိုးက ဘယ်လိုအမီလိုက်နိုင်မှာတဲ့လဲ . .

ဒါပေမဲ့ စပါးအသင်းနောက်ခံလူဟောင်း အိုဟာရာကတော့ ထူးထူးခြားခြားဆိုသလိုပဲ အာဆင်နယ်အသင်းဟာ လန်ဒန်မြို့ရဲ့အကြီးကျယ်အခမ်းနားဆုံးကလပ်လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ စပါးဆိုတာက တစ်သင်းနဲ့တစ်သင်းကြား နာမည်ကြားတာနဲ့ မုန်းတီးနေကြတဲ့အသင်းတွေဖြစ်ပေမယ့် အိုဟာရာက “ကျွန်တော်ဟာ စပါးအသင်းပရိသတ်တစ်ဦးဖြစ်နေဆဲဆိုပေမယ့် အာဆင်နယ်အသင်းဟာ လန်ဒန်မြို့ရဲ့အကြီးကျယ်အခမ်းအနားဆုံးကလပ်ဆိုတာ လက်ခံရမယ့်အချက်တွေရှိနေပါသေးတယ်။

သမိုင်းကြောင်းအရ ပြန်ကြည့်ရင် အသင်းတစ်သင်းအောင်မြင်တယ်ဆိုတာက ဆုဖလားဆွတ်ခူးနိုင်မှုတစ်ခုသာမကဘဲ ပရိသတ်အားပေးမှုအပါအဝင် တခြားကွင်းပြင်ပနဲ့ဆိုင်တဲ့အချက်တွေ အားလုံးကောင်းမွန်နေမှ အောင်မြင်တယ်လို့သတ်မှတ်ရမှာပါ။

အခုအချိန်မှာတော့ ချယ်လ်ဆီးအသင်းက လန်ဒန်မြို့ရဲ့အောင်မြင်မှုအများဆုံးအသင်းဖြစ်နေပါတယ်။

ဒါကလည်း သူတို့အသင်းမှာ ဘီလျံနာသူဌေးပိုင်ရှင်ရှိနေတာကြောင့် အခုလို အောင်မြင်နေတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။


အိုဟာရာ သုံးသပ်ခဲ့သလို အာဆင်နယ်အသင်းဟာ လန်ဒန်မြို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့အသင်းအဖြစ် ရပ်တည်နေဆဲလား၊


ဒါမှမဟုတ် ချယ်လ်ဆီးအသင်းကပဲ လန်ဒန်မြို့ရဲ့ ထီးနန်းကို ပြိုင်ဘက်မရှိ သိမ်းယူနိုင်ခဲ့ပြီလားဆိုတာကတော့ . . .

zawgyi

ခ်ယ္လ္ဆီးက လန္ဒန္ၿမိဳ႕ရဲ႕ ထီးနန္းကို သိမ္းပိုက္လိုက္ၿပီလား
အသင္းသမိုင္းတစ္ေလွ်ာက္ ခ်န္ပီယံလိဂ္ဖလားကို ဒုတိယအႀကိမ္ေျမာက္ရယူခဲ့အၿပီးမွာေတာ့ ခ်ယ္လ္ဆီးအသင္းဟာ လန္ဒန္ၿမိဳ႕ခံကလပ္အသင္းေတြထဲမွာ ေအာင္ျမင္မႈအမ်ားဆုံးအသင္းျဖစ္ေနၿပီလားဆိုတဲ့ ေမးခြန္းေတြထြက္ေပၚေနပါၿပီ။

ပရီးမီးယားလိဂ္ဖလား(၅)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ FA ဖလား (၈)ႀကိမ္၊ လိဂ္ဖလား(၅)ႀကိမ္၊ ယူ႐ိုပါလိဂ္(၂)ႀကိမ္ရယူခဲ့တဲ့မွတ္တမ္းေတြအရ ခ်ယ္လ္ဆီးအသင္းရဲ႕ေအာင္ျမင္မႈကို တျခားလန္ဒန္ၿမိဳ႕ခံကလပ္ေတြ အမီလိုက္ႏိုင္ဖို႔က ခက္ခဲလြန္းေနတယ္။
တစ္ခ်ိန္တုန္းက လန္ဒန္ရဲ႕ေအာင္ျမင္မႈအမ်ားဆုံးအသင္းေတြအျဖစ္ အာဆင္နယ္၊ စပါး၊ ခ်ယ္လ္ဆီးတို႔ အတူတူရပ္တည္ခဲ့ၾကေပမယ့္ အခုေနာက္ပိုင္းႏွစ္ေတြမွာ အာဆင္နယ္က အေျခအေနေတြဆိုး၊ စပါးအသင္းက ဖလားလက္မဲ့ရာသီေတြနဲ႔ ခဏခဏႀကဳံေနရခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းက ၂၀၀၄-၀၅ ရာသီကစၿပီး (၁)ႏွစ္ကို ဖလား(၁)လုံးႏႈန္းရယူေနတာေၾကာင့္ အခုဆိုရင္ လန္ဒန္ၿမိဳ႕ရဲ႕ေအာင္ျမင္မႈအမ်ားဆုံးအသင္းလို႔ေတာင္ သတ္မွတ္လို႔ရေနၿပီ။

လက္ရွိ လန္ဒန္ၿမိဳ႕ခံကလပ္ေတြထဲမွာ စပါးအသင္းက ခ်ယ္လ္ဆီးအတြက္ ၿပိဳင္ဘက္အဆင့္မွာ မရွိေတာ့ဘဲ အာဆင္နယ္ကေတာ့ အရင္ကရရွိခဲ့တဲ့ ျပည္တြင္းေအာင္ျမင္မႈေတြအရ ခ်ယ္လ္ဆီးနဲ႔ နည္းနည္းရင္ေဘာင္တန္းေနႏိုင္ဆဲပဲ။
ဒါေတာင္ အာဆင္နယ္အသင္းဟာ အဂၤလန္အမွတ္ေပးဖလားကို (၁၃)ႀကိမ္ရခဲ့ဖူးတာရယ္၊ FA ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈအမ်ားဆုံး လန္ဒန္ကလပ္အျဖစ္ (၁၄)ႀကိမ္နဲ႔ ရပ္တည္ေနတာရယ္၊ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိခ်န္ပီယံအျဖစ္ စံခ်ိန္တင္ထားႏိုင္တာေၾကာင့္ ခ်ယ္လ္ဆီးနဲ႔ အရမ္းႀကီးမကြာေသးတာလို႔ေျပာရမယ္။
ဥေရာပေအာင္ျမင္မႈနဲ႔သာ ႏႈိင္းယွဥ္ၾကည့္ရင္ အာဆင္နယ္ဟာ ခ်ယ္လ္ဆီးရဲ႕ေအာင္ျမင္မႈကို အမီလိုက္ႏိုင္ဖို႔က စိတ္ကူးယဥ္အိပ္မက္အျဖစ္ပဲ ရွိေနပါလိမ့္မယ္။

ခ်န္ပီယံလိဂ္(၂)ႀကိမ္၊ ယူ႐ိုပါလိဂ္(၂)ႀကိမ္ရယူထားတဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ေအာင္ျမင္မႈကို ၂၀၀၆ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲပထမဆုံးအႀကိမ္တက္ႏိုင္ၿပီးကတည္းက အနားမကပ္ႏိုင္ေတာ့တဲ့အျပင္ အခု ခ်န္ပီယံလိဂ္ဝင္ခြင့္ေတာင္ နပ္မမွန္ေတာ့တဲ့အသင္းမ်ိဳး၊ ဥေရာပေအာင္ျမင္မႈဆိုလို႔ ၁၉၉၄ ခုႏွစ္တုန္းက UEFA Cup Winners’ Cup သာ ရရွိခဲ့ဖူးတဲ့အသင္းမ်ိဳးက ဘယ္လိုအမီလိုက္ႏိုင္မွာတဲ့လဲ . .

ဒါေပမဲ့ စပါးအသင္းေနာက္ခံလူေဟာင္း အိုဟာရာကေတာ့ ထူးထူးျခားျခားဆိုသလိုပဲ အာဆင္နယ္အသင္းဟာ လန္ဒန္ၿမိဳ႕ရဲ႕အႀကီးက်ယ္အခမ္းနားဆုံးကလပ္လို႔ ဆိုခဲ့ပါတယ္။
အာဆင္နယ္နဲ႔ စပါးဆိုတာက တစ္သင္းနဲ႔တစ္သင္းၾကား နာမည္ၾကားတာနဲ႔ မုန္းတီးေနၾကတဲ့အသင္းေတြျဖစ္ေပမယ့္ အိုဟာရာက “ကြၽန္ေတာ္ဟာ စပါးအသင္းပရိသတ္တစ္ဦးျဖစ္ေနဆဲဆိုေပမယ့္ အာဆင္နယ္အသင္းဟာ လန္ဒန္ၿမိဳ႕ရဲ႕အႀကီးက်ယ္အခမ္းအနားဆုံးကလပ္ဆိုတာ လက္ခံရမယ့္အခ်က္ေတြရွိေနပါေသးတယ္။
သမိုင္းေၾကာင္းအရ ျပန္ၾကည့္ရင္ အသင္းတစ္သင္းေအာင္ျမင္တယ္ဆိုတာက ဆုဖလားဆြတ္ခူးႏိုင္မႈတစ္ခုသာမကဘဲ ပရိသတ္အားေပးမႈအပါအဝင္ တျခားကြင္းျပင္ပနဲ႔ဆိုင္တဲ့အခ်က္ေတြ အားလုံးေကာင္းမြန္ေနမွ ေအာင္ျမင္တယ္လို႔သတ္မွတ္ရမွာပါ။
အခုအခ်ိန္မွာေတာ့ ခ်ယ္လ္ဆီးအသင္းက လန္ဒန္ၿမိဳ႕ရဲ႕ေအာင္ျမင္မႈအမ်ားဆုံးအသင္းျဖစ္ေနပါတယ္။

ဒါကလည္း သူတို႔အသင္းမွာ ဘီလ်ံနာသူေဌးပိုင္ရွင္ရွိေနတာေၾကာင့္ အခုလို ေအာင္ျမင္ေနတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
အိုဟာရာ သုံးသပ္ခဲ့သလို အာဆင္နယ္အသင္းဟာ လန္ဒန္ၿမိဳ႕ရဲ႕ ႀကီးက်ယ္ခမ္းနားတဲ့အသင္းအျဖစ္ ရပ္တည္ေနဆဲလား၊
ဒါမွမဟုတ္ ခ်ယ္လ္ဆီးအသင္းကပဲ လန္ဒန္ၿမိဳ႕ရဲ႕ ထီးနန္းကို ၿပိဳင္ဘက္မရွိ သိမ္းယူႏိုင္ခဲ့ၿပီလားဆိုတာကေတာ့ . . .