မန်စီးတီးကို မျက်ရည်နဲ့ နှုတ်ဆက်ခဲ့ရတဲ့ အဂူရို

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့ပြီးနောက်အဂူရိုဟာ မန်စီးတီးကစားသမားဘဝကို မျက်ရည်နဲ့နှုတ်ဆက်ခဲ့ရပါတယ်။


အာဂျင်တိုင်းသားဟာ မန်စီးတီးမှာ ၁၀ နှစ်တာဖြတ်သန်းခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုတွေကိုင်မြှောက်နိုင်ခဲ့ပါတယ်။


မနေ့က ချဲလ်ဆီးကို အရေးနိမ့်ပြီးနောက် ငိုကြွေးနေခဲ့တဲ့ အသက် ၃၂ နှစ်သားဟာ ကစားသမားဘဝပွဲ ၂၃၀ ပြည့်ခဲ့ပေမယ့် ဆုဖလားလက်မဲ့အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

အဂူရိုဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၅ ကြိမ် ၊ အက်ဖ်အေ ဖလား နဲ့ ကာရာဘောင်ဖလား ၆ ကြိမ်ရယူနိုင်ခဲ့ပါတယ်။


မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်တဲ့ အဂူရိုဟာ နာရီပိုင်းအတွင်း ဘာစီလိုနာနှင့် ဆေးစစ်မှုခံယူတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

သူဟာ ဘာစီလိုနာအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မန် စီးတီးရဲ့ လူငယ်ခံစစ်မှူး ဂါစီယာနဲ့ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ ဝစ်နယ်ဒန်တို့ကိုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။


ဒါကြောင့် ယခုနှစ် နွေဈေးကွက်မှာ ဘာစီလိုနာအသင်းဟာ ကစားသမား ၃ဦးအထိ ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး

အဆိုပါ ကစားသမား ၃ဦးစလုံးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

zawgyi

မန္စီးတီးကို မ်က္ရည္နဲ႔ ႏႈတ္ဆက္ခဲ့ရတဲ့ အဂူ႐ို
မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ခ်ဲလ္ဆီးကိုအေရးနိမ့္ခဲ့ၿပီးေနာက္အဂူ႐ိုဟာ မန္စီးတီးကစားသမားဘဝကို မ်က္ရည္နဲ႔ႏႈတ္ဆက္ခဲ့ရပါတယ္။
အာဂ်င္တိုင္းသားဟာ မန္စီးတီးမွာ ၁၀ ႏွစ္တာျဖတ္သန္းခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုေတြကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။
မေန႔က ခ်ဲလ္ဆီးကို အေရးနိမ့္ၿပီးေနာက္ ငိုေႂကြးေနခဲ့တဲ့ အသက္ ၃၂ ႏွစ္သားဟာ ကစားသမားဘဝပြဲ ၂၃၀ ျပည့္ခဲ့ေပမယ့္ ဆုဖလားလက္မဲ့အျဖစ္နဲ႔ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

အဂူ႐ိုဟာ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ ၅ ႀကိမ္ ၊ အက္ဖ္ေအ ဖလား နဲ႔ ကာရာေဘာင္ဖလား ၆ ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။
မန္စီးတီးအသင္းႏွင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီ ျဖစ္တဲ့ အဂူ႐ိုဟာ နာရီပိုင္းအတြင္း ဘာစီလိုနာႏွင့္ ေဆးစစ္မႈခံယူေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။
သူဟာ ဘာစီလိုနာအသင္းႏွင့္ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ မန္ စီးတီးရဲ႕ လူငယ္ခံစစ္မႉး ဂါစီယာနဲ႔ လီဗာပူးအသင္းရဲ႕ ကြင္းလယ္လူ ဝစ္နယ္ဒန္တို႔ကိုလည္း အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။

ဒါေၾကာင့္ ယခုႏွစ္ ေႏြေဈးကြက္မွာ ဘာစီလိုနာအသင္းဟာ ကစားသမား ၃ဦးအထိ ေခၚယူႏိုင္ေတာ့မွာ ျဖစ္ၿပီး အဆိုပါ ကစားသမား ၃ဦးစလုံးကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မွာလည္း ျဖစ္ပါတယ္။