ဟာဗတ်ဇ်ရဲ့ ပွဲအပြီးအင်တာဗျူးမှာ fxxk ဆိုတဲ့အသုံးအနှုန်းသုံးခဲ့မိတာနဲ့ပတ်သက်သမျှ

မီဒီယာတွေနဲ့အင်တာဗျူးတွေမှာ စကားလုံးတိုင်းဟာ အရမ်းအရေးပါပါတယ်။


စကားလုံးလေးတစ်လုံးဟာ သတင်းတစ်ပုဒ်ရဲ့ကောင်းတဲ့ခေါင်းစဉ်ဖစ်စေနိုင်သလို၊ မကောင်းတဲ့ အဓိပ္ပါယ်သက်ရောက်စေတဲ့ အခြေအနေဖြစ်သွားစေနိုင်ပါတယ်။


နွေရာသီအပြောင်းအရွေ့မှာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့ပြီး တစ်ရာသီလုံးမှာ အသင်းရဲ့ကစားကွက်နဲ့အံမဝင်ဘဲ ခြေစွမ်းကောင်းစွာမပြနိုင်ခဲ့တဲ့ ဟာဗတ်ဇ်ဟာ ညက မန်စီးတီးကို၁-ဝဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာအသင်းအတွက် တန်ဖိုးရှိတဲ့ တစ်လုံးတည်းသော အနိုင်ဂိုးက်ုသွင်းယူပေးသွားခဲ့ပါတယ်။

ပွဲအပြီး BT Sport နှင့်အင်တာဗျူးမှာ သူ့အတွက်ချဲလ်ဆီးအသင်းပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဖိအားတွေအပေါ် မေးခွန်းထုတ်ခဲ့ချိန်မှာတော့ သူဟာ အခုအချိန်မှာ ပြောင်းရွှေ့ကြေးအပေါ်စောက်ဂရုမစိုက်တော့ ကြောင်း ဖြေဆိုမိခဲ့ပါတယ်။


မေးခွန်းထုတ်တဲ့ BT sportsက ဂျာနယ်လစ် က ချက်ချင်း ကြည့်ရှုနေတဲ့ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ရပါတယ်။


မီဒီယာတွေအနေနဲ့ fxxkဆိုတဲ့ စကားလုံးဟာ ဂရုစိုက်ရတဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။

ဘောလုံးပွဲမှာ ကြည့်ရှုသူတွေမှာ အသက်ပြည့်ပြီးသူတွေရှိနေသလို အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေလည်း ကြည့်ရှုနေနိုင်တာကြောင့် အခုအချိန်အထိတော့ fxxk (စောက်)ဆိုတဲ့ စကားလုံးဟာ တားမြစ်ထားတဲ့စကားလုံးဖြစ်နေပါသေးတယ်။

ဂျာမနီလက်ရွေးစင်ကစားသမား ဟာဗတ်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလေဗာကူဆင်မှပြောင်းရွှေ့ကြေးပေါင်၇၉သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။


BT Sport ဂျာနယ်လစ် က “ခင်ဗျားကချယ်လ်ဆီးသမိုင်းမှာပြောင်းရွှေ့ကြေးအများဆုံးကစားသမားဆိုတော့ခင်ဗျားအပေါ်မှာဖိအားတွေအများကြီးရှိနေခဲ့တယ်။

ခင်ဗျားဟာဒါတွေအားလုံးကိုတညတည်းနဲ့ပြန်ပေးနိုင်ခဲ့တယ်”လို့မေးခဲ့ပါတယ်။
ဟာဗတ်ဇ်က “အခုအချိန်မှာ ရိုးရိုးသားသားပြောရရင် ဒါနဲ့ပတ်သက်ပြီး လုံးဝ xx ဂရုမစိုက်ပါဘူး။

ကျုပ်တို့က အခုချန်ပီယံလိဂ်ဖလားရထားပြီလေ”လို့ ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။
ချယ်လ်ဆီးဟာပထမပိုင်းမှာ မေဆင်မောင့်ရဲ့ပေးပို့မှုကနေ ဟာဗတ်ဇ်သွင်းယူတဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ မန်စီးတီးကို ပွဲအပြီးမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားကိုဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။


ပရိသတ်တွေကလည်း ဟာဗတ်ဇ်ရဲ့ အင်တာဗျူးမှာ သုံးခဲ့တဲစကားလုံးအပေါ်မှာ ခွင့်လွှတ်ပေးခဲ့ကြပါသလို ဟာဗတ်ဇ်ရဲ့ သွင်းဂိုးကိုလည်း ချီးကျူးပြောဆိုနေကြပါတယ်။


ဂျာမန်ဂျင်းလေးရေ good luck ပါကွာ။

zawgyi

ဟာဗတ္ဇ္ရဲ႕ ပြဲအၿပီးအင္တာဗ်ဴးမွာ fxxk ဆိုတဲ့အသုံးအႏႈန္းသုံးခဲ့မိတာနဲ႔ပတ္သက္သမွ်

မီဒီယာေတြနဲ႔အင္တာဗ်ဴးေတြမွာ စကားလုံးတိုင္းဟာ အရမ္းအေရးပါပါတယ္။
စကားလုံးေလးတစ္လုံးဟာ သတင္းတစ္ပုဒ္ရဲ႕ေကာင္းတဲ့ေခါင္းစဥ္ဖစ္ေစႏိုင္သလို၊ မေကာင္းတဲ့ အဓိပၸါယ္သက္ေရာက္ေစတဲ့ အေျခအေနျဖစ္သြားေစႏိုင္ပါတယ္။

ေႏြရာသီအေျပာင္းအေ႐ြ႕မွာ အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္လာခဲ့ၿပီး တစ္ရာသီလုံးမွာ အသင္းရဲ႕ကစားကြက္နဲ႔အံမဝင္ဘဲ ေျခစြမ္းေကာင္းစြာမျပႏိုင္ခဲ့တဲ့ ဟာဗတ္ဇ္ဟာ ညက မန္စီးတီးကို၁-ဝဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲမွာအသင္းအတြက္ တန္ဖိုးရွိတဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးက္ုသြင္းယူေပးသြားခဲ့ပါတယ္။
ပြဲအၿပီး BT Sport ႏွင့္အင္တာဗ်ဴးမွာ သူ႔အတြက္ခ်ဲလ္ဆီးအသင္းေပးခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ပတ္သက္ၿပီး ဖိအားေတြအေပၚ ေမးခြန္းထုတ္ခဲ့ခ်ိန္မွာေတာ့ သူဟာ အခုအခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးအေပၚေစာက္ဂ႐ုမစိုက္ေတာ့ ေၾကာင္း ေျဖဆိုမိခဲ့ပါတယ္။
ေမးခြန္းထုတ္တဲ့ BT sportsက ဂ်ာနယ္လစ္ က ခ်က္ခ်င္း ၾကည့္ရႈေနတဲ့ပရိသတ္ေတြကို ေတာင္းပန္စကားဆိုခဲ့ရပါတယ္။
မီဒီယာေတြအေနနဲ႔ fxxkဆိုတဲ့ စကားလုံးဟာ ဂ႐ုစိုက္ရတဲ့စကားလုံးတစ္ခုျဖစ္ပါတယ္။

ေဘာလုံးပြဲမွာ ၾကည့္ရႈသူေတြမွာ အသက္ျပည့္ၿပီးသူေတြရွိေနသလို အသက္မျပည့္ေသးတဲ့ကေလးသူငယ္ေတြလည္း ၾကည့္ရႈေနႏိုင္တာေၾကာင့္ အခုအခ်ိန္အထိေတာ့ fxxk (ေစာက္)ဆိုတဲ့ စကားလုံးဟာ တားျမစ္ထားတဲ့စကားလုံးျဖစ္ေနပါေသးတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကစားသမား ဟာဗတ္ဇ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကေလဗာကူဆင္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၇၉သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။
BT Sport ဂ်ာနယ္လစ္ က “ခင္ဗ်ားကခ်ယ္လ္ဆီးသမိုင္းမွာေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးကစားသမားဆိုေတာ့ခင္ဗ်ားအေပၚမွာဖိအားေတြအမ်ားႀကီးရွိေနခဲ့တယ္။
ခင္ဗ်ားဟာဒါေတြအားလုံးကိုတညတည္းနဲ႔ျပန္ေပးႏိုင္ခဲ့တယ္”လို႔ေမးခဲ့ပါတယ္။

ဟာဗတ္ဇ္က “အခုအခ်ိန္မွာ ႐ိုး႐ိုးသားသားေျပာရရင္ ဒါနဲ႔ပတ္သက္ၿပီး လုံးဝ xx ဂ႐ုမစိုက္ပါဘူး။
က်ဳပ္တို႔က အခုခ်န္ပီယံလိဂ္ဖလားရထားၿပီေလ”လို႔ ခ်က္ခ်င္းတုံ႔ျပန္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးဟာပထမပိုင္းမွာ ေမဆင္ေမာင့္ရဲ႕ေပးပို႔မႈကေန ဟာဗတ္ဇ္သြင္းယူတဲ့တစ္လုံးတည္းေသာအႏိုင္ဂိုးနဲ႔ မန္စီးတီးကို ပြဲအၿပီးမွာ (၁-ဝ)ဂိုးနဲ႔ အႏိုင္ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကိုဒုတိယအႀကိမ္ေျမာက္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။
ပရိသတ္ေတြကလည္း ဟာဗတ္ဇ္ရဲ႕ အင္တာဗ်ဴးမွာ သုံးခဲ့တဲစကားလုံးအေပၚမွာ ခြင့္လႊတ္ေပးခဲ့ၾကပါသလို ဟာဗတ္ဇ္ရဲ႕ သြင္းဂိုးကိုလည္း ခ်ီးက်ဴးေျပာဆိုေနၾကပါတယ္။

ဂ်ာမန္ဂ်င္းေလးေရ good luck ပါကြာ။