ရှုံးတာက တစ်ပွဲတည်း.. ဒါပေမဲ့.. Final ဖြစ်နေတာက တူချယ် ဖလားရဖို့လား…

All English Final အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးက မန်စီးတီးကို ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူ ဗိုလ်စွဲသွားခဲ့ပါတယ်။


မန်စီးတီးအတွက်ကတော့ သမိုင်းဝင် ဖလား၃လုံး အိပ်မက် ပျက်စီးသွားတာဖြစ်ပြီး ချဲလ်ဆီးနည်းပြ

တူချယ်အတွက်ကတော့ မနှစ်ကဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ မလုပ်ပြနိုင်ခဲ့တာကို ဒီနှစ် ချဲလ်ဆီးနဲ့ လုပ်ပြသွားနိုင်ခဲ့တာပါပဲ။


ဒါ့အပြင် ဂွာဒီယိုလာကို ၁လအတွင်းမှာ ၂ကြိမ် အနိုင်ယူပြသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီပွဲအရှုံးအတွက် အပြစ်တင်ရမှာကတော့ အတွေးလွန်တဲ့ ဂွာဒီယိုလာပါပဲ။

False 9 ကစားကွက်တွေ လုပ်တတ်တဲ့ ဂွာဒီယိုလာဟာ ဒီပွဲမှာလည်း ထပ်လုပ်ခဲ့ပါတယ်။


တိုက်စစ်မှုးစစ်စစ်မပါတဲ့ ပွဲထွက်လူစာရင်းအခင်းအကျင်းနဲ့ပဲ ထပ်ပြီး ပွဲထုတ်လားခဲ့တာပါ။ဒါက ပြသနာ မဟုတ်ပေမယ့် တကယ့်ပြသနာက ကွင်းလယ်မှာ ကွင်းလယ်ခံစစ်ကစားသမားစစ်စစ် တစ်ယောက်မှ မထည့်ခဲ့ဘဲ အတတ်ဆန်းခဲ့တာပါ။


မန်စီးတီး နောက်တန်းကို ကွင်းလယ်ကနေ cover လုပ်ပေးမယ့် ဖာနန်ဒင်ဟိုနဲ့ ရိုဒီတို့ ၂ယောက်စလုံးကို မသုံးခဲ့ဘဲ ဖိုဒန်၊ ဂန်ဒိုဂန်၊ ဘာနာဒိုဆေးဗားလ် တို့ ၃ဦးကို အသုံးပြုခဲ့ပါတယ်။


ဒီရာသီမှာ မန်စီးတီးဟာ ပွဲ ၆၀ ကစားခဲ့ပြီး ပွဲထွက်လူစာရင်းမှာ ဖာနန်ဒင်ဟိုနဲ့ ရိုဒီတို့ တစ်ယောက်မှ မပါတဲ့ပွဲက အိုလံပိယာကို့စ်နဲ့ ၁ပွဲပဲ ရှိခဲ့ပါတယ်။

ကျန်တဲပပွဲတွေမှာ တစ်ယောက်မဟုတ် တစ်ယောက်ပါနေခဲ့တာပါ။
ကွင်းလယ်အဖျက် ကစားသမားတစ်ယောက်မှမထည့်တဲ့ မန်စီးတီးကြောင့် ချဲလ်ဆီးကွင်းလယ်က ကန်တီက နေရာလွတ်တွေပိုရပြီး လှုပ်ရှားသွားနိုင်ခဲ့ပါတယ်။


မန်စီးတီးထပ်ပြီး ကံဆိုးတာက ရှုံးနေတဲ့အချိန်မှာ တစ်သင်းလုံးမှာ တိုက်စစ်လမ်းကြောင်း အဖွင့်တတ်ဆုံး ဒီဘရိုင်းက ရူဒီဂါနဲ့

တိုက်မီပြီး မျက်လုံး ဒဏ်ရာရသွားလို့ မိနစ် ၆၀မှာ ကတည်းက ဆက်မကစားနိုင်တော့တာပါပဲ။


ချဲလ်ဆီးအတွက် အနိုင်ဂိုးကို ပထမပိုင်း ၄၂မိနစ်မှာကတည်းက ဟာဗက်ဇ်က သွင်းယူခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲ နာမည်ပြောင်းပြီး နှစ်ပေါင်း ၂၀ကျော်မှာ ၁၂သင်းသာ ဗိုလ်စွဲခဲ့ဖူးပြီး အင်္ဂလိပ်အယူအဆအရ ကံမကောင်းတတ်တဲ့ ၁၃ ဂဏန်း ချန်ပီယံအသင်းသစ်ဟာ ထွက်ပေါ်နိုင်ခြင်းမရှိသေးတာ တွေ့ရပါတယ်။

ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၂ပွဲကစားပြီး ၁၁ပွဲအထိ နိုင်ခဲ့ပေမယ့်

ရှုံးသွားတဲ့ပွဲက ဗိုလ်လုပွဲမှာ ဖြစ်တာကြောင့် မန်စီးတီးအတွက်ကတော့ ရင်ခံစရာပါပဲ။


ချန်ပီယံလိဂ်မရတာ ၁၀စုနှစ်တစ်ခု ရှိပြီဖြစ်တဲ့ ဂွာဒီယိုလာ အတွက်ကတော့ ဒီအရှုံးမှာ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမှာဖြစ်ပြီး စိတ်ကြိုက် ကစားကွက်တွေ လူထုတ်ပုံတွေ လျှောက်လုပ်မိတာကို
နောင်တရနေလောက်ပါပြီ။

zawgyi

ရႈံးတာက တစ္ပြဲတည္း.. ဒါေပမဲ့.. Final ျဖစ္ေနတာက တူခ်ယ္ ဖလားရဖုိ႔လား…
All English Final အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဒီႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးက မန္စီးတီးကို ဟာဗက္ဇ္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ယူ ဗိုလ္စြဲသြားခဲ့ပါတယ္။

မန္စီးတီးအတြက္ကေတာ့ သမိုင္းဝင္ ဖလား၃လုံး အိပ္မက္ ပ်က္စီးသြားတာျဖစ္ၿပီး ခ်ဲလ္ဆီးနည္းျပ
တူခ်ယ္အတြက္ကေတာ့ မႏွစ္ကဖိုင္နယ္မွာ ပီအက္စ္ဂ်ီနဲ႔ မလုပ္ျပႏိုင္ခဲ့တာကို ဒီႏွစ္ ခ်ဲလ္ဆီးနဲ႔ လုပ္ျပသြားႏိုင္ခဲ့တာပါပဲ။
ဒါ့အျပင္ ဂြာဒီယိုလာကို ၁လအတြင္းမွာ ၂ႀကိမ္ အႏိုင္ယူျပသြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဒီပြဲအရႈံးအတြက္ အျပစ္တင္ရမွာကေတာ့ အေတြးလြန္တဲ့ ဂြာဒီယိုလာပါပဲ။

False 9 ကစားကြက္ေတြ လုပ္တတ္တဲ့ ဂြာဒီယိုလာဟာ ဒီပြဲမွာလည္း ထပ္လုပ္ခဲ့ပါတယ္။

တိုက္စစ္မႈးစစ္စစ္မပါတဲ့ ပြဲထြက္လူစာရင္းအခင္းအက်င္းနဲ႔ပဲ ထပ္ၿပီး ပြဲထုတ္လားခဲ့တာပါ။
ဒါက ျပသနာ မဟုတ္ေပမယ့္ တကယ့္ျပသနာက ကြင္းလယ္မွာ ကြင္းလယ္ခံစစ္ကစားသမားစစ္စစ္ တစ္ေယာက္မွ မထည့္ခဲ့ဘဲ အတတ္ဆန္းခဲ့တာပါ။
မန္စီးတီး ေနာက္တန္းကို ကြင္းလယ္ကေန cover လုပ္ေပးမယ့္ ဖာနန္ဒင္ဟိုနဲ႔ ႐ိုဒီတို႔ ၂ေယာက္စလုံးကို မသုံးခဲ့ဘဲ ဖိုဒန္၊ ဂန္ဒိုဂန္၊ ဘာနာဒိုေဆးဗားလ္ တို႔ ၃ဦးကို အသုံးျပဳခဲ့ပါတယ္။

ဒီရာသီမွာ မန္စီးတီးဟာ ပြဲ ၆၀ ကစားခဲ့ၿပီး ပြဲထြက္လူစာရင္းမွာ ဖာနန္ဒင္ဟိုနဲ႔ ႐ိုဒီတို႔ တစ္ေယာက္မွ မပါတဲ့ပြဲက အိုလံပိယာကို႔စ္နဲ႔ ၁ပြဲပဲ ရွိခဲ့ပါတယ္။
က်န္တဲပပြဲေတြမွာ တစ္ေယာက္မဟုတ္ တစ္ေယာက္ပါေနခဲ့တာပါ။

ကြင္းလယ္အဖ်က္ ကစားသမားတစ္ေယာက္မွမထည့္တဲ့ မန္စီးတီးေၾကာင့္ ခ်ဲလ္ဆီးကြင္းလယ္က ကန္တီက ေနရာလြတ္ေတြပိုရၿပီး လႈပ္ရွားသြားႏိုင္ခဲ့ပါတယ္။
မန္စီးတီးထပ္ၿပီး ကံဆိုးတာက ရႈံးေနတဲ့အခ်ိန္မွာ တစ္သင္းလုံးမွာ တိုက္စစ္လမ္းေၾကာင္း အဖြင့္တတ္ဆုံး ဒီဘ႐ိုင္းက ႐ူဒီဂါနဲ႔

တိုက္မီၿပီး မ်က္လုံး ဒဏ္ရာရသြားလို႔ မိနစ္ ၆၀မွာ ကတည္းက ဆက္မကစားႏိုင္ေတာ့တာပါပဲ။
ခ်ဲလ္ဆီးအတြက္ အႏိုင္ဂိုးကို ပထမပိုင္း ၄၂မိနစ္မွာကတည္းက ဟာဗက္ဇ္က သြင္းယူခဲ့တာပါ။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ နာမည္ေျပာင္းၿပီး ႏွစ္ေပါင္း ၂၀ေက်ာ္မွာ ၁၂သင္းသာ ဗိုလ္စြဲခဲ့ဖူးၿပီး အဂၤလိပ္အယူအဆအရ ကံမေကာင္းတတ္တဲ့ ၁၃ ဂဏန္း ခ်န္ပီယံအသင္းသစ္ဟာ ထြက္ေပၚႏိုင္ျခင္းမရွိေသးတာ ေတြ႕ရပါတယ္။ ဒီႏွစ္ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၁၂ပြဲကစားၿပီး ၁၁ပြဲအထိ ႏိုင္ခဲ့ေပမယ့္
ရႈံးသြားတဲ့ပြဲက ဗိုလ္လုပြဲမွာ ျဖစ္တာေၾကာင့္ မန္စီးတီးအတြက္ကေတာ့ ရင္ခံစရာပါပဲ။

ခ်န္ပီယံလိဂ္မရတာ ၁၀စုႏွစ္တစ္ခု ရွိၿပီျဖစ္တဲ့ ဂြာဒီယိုလာ အတြက္ကေတာ့ ဒီအရႈံးမွာ ကိုယ့္ကိုကိုယ္သာ အျပစ္တင္ရမွာျဖစ္ၿပီး စိတ္ႀကိဳက္ ကစားကြက္ေတြ လူထုတ္ပုံေတြ ေလွ်ာက္လုပ္မိတာကို
ေနာင္တရေနေလာက္ပါၿပီ။