မေလဟာ ကာဗာနီအတွက်လား…

အသက်ကြီး ပေမယ့်မပျက်စီးသေးတဲ့ ဘောလုံးသမားထဲမှာ ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ပိုင်ရှင် ကာဗာနီလည်း ပါပါတယ်။

ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ဒဏ်ရာ ပြဿနာတွေနဲ့ ကြုံရပေမယ့်လည်း ယူနိုက်တက်အတွက် ဂိုးတွေ သွင်းပေးနိုင်ဆဲပါ။


မေလအတွက် ပရီမီးယားလိဂ်တစ်လတာအကောင်းဆုံးသွင်းဂိုးဆုအဖြစ် ယူနိုက်တက် (၁-၁) ဖူလ်ဟမ်ပွဲတွင်ကိုက် (၄၀)အကွာကနေ ဂိုး သွင်းယူခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီရဲ့ သွင်းဂိုးက သတ်မှတ်ခံခဲ့ရပါတယ်။


ကာဗာနီဟာ အဲဒီပွဲစဉ်တွင် ပွဲချိန် (၁၅)မိနစ်မှာ ဂိုးသမားဒီဂီယာ ကန်တင်ပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ချပေးရာကနေတစ်ဆင့် ရှေ့ထွက်နေတဲ့ ဖူလ်ဟမ်ဂိုးသမားအာရီယိုလာကိုကျော်ဖြတ်ကာ ကိုက် (၄၀)အကွာကနေ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။

ကာဗာနီဟာ
ယူနိုက်တက်ရဲ့ (2020-21) ရာသီအတွက် ဂိုး အများဆုံးသွင်းယူထားတဲ့ ကစားသမားသုံးဦးထဲမှာလည်းပါပါတယ်။

ဖာနန်ဒက်စ်က -(28)ဂိုး၊ ရပ်ရှ်ဖို့ဒ်က -(21)ဂိုး၊ ကာဗာနီက -(17)ဂိုး ဖြစ်ပါတယ်။

ယူနိုက်တက်ကနေ ပေးအပ်မယ့် မေလ တစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာလည်း တိုက်စစ်မှူး ကာဗာနီ ပါဝင်ထားပါတယ်။

တိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ ဗီလာရီးရဲလ်နှင့်ပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် ယူရိုပါလိဂ်သမိုင်းတစ်လျှောက်

ဖိုင်နယ်ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့တဲ့အသက်ကြီးဆုံး ကစားသမားအဖြစ် ပထမဆုံး မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ထားတဲ့ ကာဗာနီ တစ်ယောက် ရာသီ သစ်မှာလည်း အသင်းအတွက် ခြေစွမ်းကောင်းတွေ ပိုမို ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။

zawgyi

ေမလဟာ ကာဗာနီအတြက္လား…

အသက္ႀကီး ေပမယ့္မပ်က္စီးေသးတဲ့ ေဘာလုံးသမားထဲမွာ ယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၇ ပိုင္ရွင္ ကာဗာနီလည္း ပါပါတယ္။
ဝါရင့္ တိုက္စစ္မႉး ကာဗာနီဟာ ဒဏ္ရာ ျပႆနာေတြနဲ႔ ႀကဳံရေပမယ့္လည္း ယူႏိုက္တက္အတြက္ ဂိုးေတြ သြင္းေပးႏိုင္ဆဲပါ။

ေမလအတြက္ ပရီမီးယားလိဂ္တစ္လတာအေကာင္းဆုံးသြင္းဂိုးဆုအျဖစ္ ယူႏိုက္တက္ (၁-၁) ဖူလ္ဟမ္ပြဲတြင္ကိုက္ (၄၀)အကြာကေန ဂိုး သြင္းယူခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီရဲ႕ သြင္းဂိုးက သတ္မွတ္ခံခဲ့ရပါတယ္။
ကာဗာနီဟာ အဲဒီပြဲစဥ္တြင္ ပြဲခ်ိန္ (၁၅)မိနစ္မွာ ဂိုးသမားဒီဂီယာ ကန္တင္ေပးတဲ့ ေဘာလုံးကို ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ခ်ေပးရာကေနတစ္ဆင့္ ေရွ႕ထြက္ေနတဲ့ ဖူလ္ဟမ္ဂိုးသမားအာရီယိုလာကိုေက်ာ္ျဖတ္ကာ ကိုက္ (၄၀)အကြာကေန ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။
ဒါတင္မကေသးပါဘူး။

ကာဗာနီဟာယူႏိုက္တက္ရဲ႕ (2020-21) ရာသီအတြက္ ဂိုး အမ်ားဆုံးသြင္းယူထားတဲ့ ကစားသမားသုံးဦးထဲမွာလည္းပါပါတယ္။

ဖာနန္ဒက္စ္က -(28)ဂိုး၊ ရပ္ရွ္ဖို႔ဒ္က -(21)ဂိုး၊ ကာဗာနီက -(17)ဂိုး ျဖစ္ပါတယ္။
ယူႏိုက္တက္ကေန ေပးအပ္မယ့္ ေမလတစ္လတာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္စာရင္းမွာလည္း တိုက္စစ္မႉး ကာဗာနီ ပါဝင္ထားပါတယ္။
တိုက္စစ္မႉး ကာဗာနီဟာ ၿပီးခဲ့တဲ့ ဗီလာရီးရဲလ္ႏွင့္ပြဲစဥ္တြင္ ဂိုးသြင္းယူၿပီးေနာက္ ယူ႐ိုပါလိဂ္သမိုင္းတစ္ေလွ်ာက္ ဖိုင္နယ္ပြဲစဥ္တြင္ဂိုးသြင္းယူႏိုင္ခဲ့တဲ့အသက္ႀကီးဆုံး ကစားသမားအျဖစ္ ပထမဆုံး မွတ္တမ္းဝင္ခဲ့ပါေသးတယ္။
ယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ထားတဲ့ ကာဗာနီ တစ္ေယာက္ ရာသီ သစ္မွာလည္း အသင္းအတြက္ ေျခစြမ္းေကာင္းေတြ ပိုမို ျပသႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။