ပေ့ါဘာကို ယူနိုက်တက် ဝတ်စုံနဲ့ ဆက်လင်မြင်တွေ့ရဦးမလား…
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲဖို့နီးစပ်နေပြီလို့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်လူပေ့ါဘာဟာ အသင်းမှာ ဆက်ကစားမယ့်အရိပ်အယောင်သဘောမျိုးဖွင့်ဟပြောဆိုခဲ့တာကြောင့် ယူနိုက်တက်အသင်းမှာ ပေ့ါဘာ ဆက်ရှိနေမလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့တာကြောင့် ၂၀၂၀-၂၁ ရာသီကို ဖလားလက်မဲ့အဖြစ် အဆုံးသတ်ခဲ့ရပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အဆင့်(၂)၊ FA ဖလားမှာ ကွာတားဖိုင်နယ်၊ လိဂ်ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်တွေကထွက်ခဲ့ရပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲအဆင့်တက်ရောက်ခဲ့ပေမယ့်
ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရလို့ (၄)ရာသီမြောက် ဖလားလက်မဲ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အတွက် ပေ့ါဘာဟာ အသင်းမှာဆက်ရှိနေဖို့မသေချာတော့ဘူးလို့ မီဒီယာတွေက ခန့်မှန်းနေကြပေမယ့် ပေ့ါဘာက လာမယ့်ရာသီမှာ သူတို့အသင်းအကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကြုံးဝါးပြောဆိုခဲ့လို့ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေမယ့်သဘောမျိုးဖြစ်နေပါတယ်။
သူ့ရဲ့ Twitter မှာ ပေ့ါဘာက “ဗိုလ်လုပွဲပြီးသွားပေမယ့် ဒီရလဒ်က ကျွန်တော့်စိတ်ထဲမှာ ရက်အတော်ကြာအောင် ထိခိုက်နေဆဲပါပဲ။
ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့လို့ ကျွန်တော်တို့ စိတ်ပျက်မိပေမယ့် ကျွန်တော်တို့အသင်းက အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ကြိုးစားနေတဲ့အသင်းဖြစ်ပါတယ်။ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပြီး အခုထက်ပိုကောင်းတဲ့ပုံစံနဲ့ ကျွန်တော်တို့ပြန်လာခဲ့ပါမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ပေ့ါဘာအနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်ကစားသမားအဖြစ် ဆက်ရှိနေမယ့်အနေအထားရှိပေမယ့် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ က အခုထိမသေမချာဖြစ်နေဆဲပါပဲ။
ပေ့ါဘာရဲ့ လက်ရှိစာချုပ်က လာမယ့်ရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ကို အလွတ်နဲ့လက်လွှတ်ရမှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ အခုနွေရာသီမှာ ရောင်းချဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေတာလည်းဖြစ်ပါတယ်။
zawgy
ပေါ့ဘာကို ယူနိုက်တက် ဝတ်စုံနဲ့ ဆက်လင်မြင်တွေ့ရဦးမလား…
ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အတွက် ပေါ့ဘာဟာ အသင်းမှာဆက်ရှိနေဖို့မသေချာတော့ဘူးလို့ မီဒီယာတွေက ခန့်မှန်းနေကြပေမယ့် ပေါ့ဘာက လာမယ့်ရာသီမှာ သူတို့အသင်းအကောင်းဆုံးပုံစံနဲ့ ပြန်လာမယ်လို့ ကြုံးဝါးပြောဆိုခဲ့လို့ ယူနိုက်တက်အသင်းမှာ ဆက်ရှိနေမယ့်သဘောမျိုးဖြစ်နေပါတယ်။
သူ့ရဲ့ Twitter မှာ ပေါ့ဘာက “ဗိုလ်လုပွဲပြီးသွားပေမယ့် ဒီရလဒ်က ကျွန်တော့်စိတ်ထဲမှာ ရက်အတော်ကြာအောင် ထိခိုက်နေဆဲပါပဲ။
။ပေါ့ဘာအနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက်ကစားသမားအဖြစ် ဆက်ရှိနေမယ့်အနေအထားရှိပေမယ့် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ က အခုထိမသေမချာဖြစ်နေဆဲပါပဲ
။ပေါ့ဘာရဲ့ လက်ရှိစာချုပ်က လာမယ့်ရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ကို အလွတ်နဲ့လက်လွှတ်ရမှာဖြစ်လို့ ယူနိုက်တက်အသင်းဟာ အခုနွေရာသီမှာ ရောင်းချဖို့စီစဉ်နေတယ်ဆိုပြီး သတင်းထွက်နေတာလည်းဖြစ်ပါတယ်။