စတာလင်းနဲ့ မာရက်ဇ်တို့ကို ဂွါဒီယိုလာ အလိုမရှိတော့ဘူးလား

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အင်္ဂလိပ်ဘောလုံးလောကို ဆက်လက်လွှမ်းမိုးနိုင်ရေးအတွက် နွေရာသီမှာ အသင်းကို အပြောင်းအလဲတွေပြုလုပ်ဖွယ်ရှိနေရာမှာ ထွက်ခွာမယ့်စာရင်းထဲမှာ တောင်ပံကစားသမား စတာလင်းလည်း ပါဝင်နေပါတယ်။


စတာလင်းဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရပြီး စီးတီးက သူ့အတွက် ကမ်းလှမ်းလာမှုတွေကို စောင့်မျှော်နေပါတယ်။


အသင်းကနေ ထွက်ခွာနိုင်ခြေရှိတဲ့သူတွေထဲမှာ စတာလင်းအပြင် နောက်ထပ်တောင်ပံကစားသမား မာရက်ဇ်လည်း ပါဝင်နေပါတယ်။

မာရက်ဇ်ဟာ အခုနောက်ပိုင်းမှာ ခြေစွမ်းပြနေပြီး အထူးသဖြင့် ပီအက်စ်ဂျီကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။


ဒါပေမဲ့ စီးတီးက မာရက်ဇ်အတွက် မှန်ကန်သင့်တော်တဲ့ကမ်းလှမ်းမှု ရရှိလာရင် လက်ခံစဉ်းစားဖွယ်ရှိနေပြီး တိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ နောက်ခံလူ လာပေါ့တို့လည်း အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အာဆင်နယ်က စတာလင်းနဲ့ မာရက်ဇ် နှစ်ယောက်စလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ မန်စီးတီးလက်ထောက်အဖြစ် တာဝန်ယူခဲ့စဉ်က သူတို့နဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။


ဒါပေမဲ့ သူတို့နှစ်ယောက်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်ရဲ့ကြိုးစားမှုက အခက်တွေ့လာနိုင်ပြီး ဘဏ္ဍာရေးအရ စဉ်းစားရမှာဖြစ်သလို ဥရောပပြိုင်ပွဲကစားခွင့်မရတဲ့အချက်ကလည်း တားဆီးလာနိုင်ပါတယ်။


ဘာစီလိုနာနဲ့ ရီးရဲလ်တို့က အင်္ဂလန်လက်ရွေးစင်စတာလင်းကို ခေါ်ယူဖို့ ကာလရှည်စိတ်ဝင်စားခဲ့ဖူးပါတယ်။

မန်စီးတီးကလည်း နွေရာသီမှာ အင်အားဖြည့်တင်းနိုင်ဖို့ ပြင်ဆင်နေပြီး ကွင်းလယ်ပိုင်းအတွက် အဓိကပစ်မှတ်အဖြစ် ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ချ်ကို ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

zawgyi

စတာလင္းနဲ႔ မာရက္ဇ္တုိ႔ကို ဂြါဒီယိုလာ အလိုမရွိေတာ့ဘူးလား

မန္စီးတီးနည္းျပ ဂြါဒီယိုလာဟာ အဂၤလိပ္ေဘာလုံးေလာကို ဆက္လက္လႊမ္းမိုးႏိုင္ေရးအတြက္ ေႏြရာသီမွာ အသင္းကို အေျပာင္းအလဲေတြျပဳလုပ္ဖြယ္ရွိေနရာမွာ ထြက္ခြာမယ့္စာရင္းထဲမွာ ေတာင္ပံကစားသမား စတာလင္းလည္း ပါဝင္ေနပါတယ္။
စတာလင္းဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ ပြဲထြက္ခြင့္ေပ်ာက္ဆုံးခဲ့ရၿပီး စီးတီးက သူ႔အတြက္ ကမ္းလွမ္းလာမႈေတြကို ေစာင့္ေမွ်ာ္ေနပါတယ္။
အသင္းကေန ထြက္ခြာႏိုင္ေျခရွိတဲ့သူေတြထဲမွာ စတာလင္းအျပင္ ေနာက္ထပ္ေတာင္ပံကစားသမား မာရက္ဇ္လည္း ပါဝင္ေနပါတယ္။
မာရက္ဇ္ဟာ အခုေနာက္ပိုင္းမွာ ေျခစြမ္းျပေနၿပီး အထူးသျဖင့္ ပီအက္စ္ဂ်ီကိုအႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ အထူးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ စီးတီးက မာရက္ဇ္အတြက္ မွန္ကန္သင့္ေတာ္တဲ့ကမ္းလွမ္းမႈ ရရွိလာရင္ လက္ခံစဥ္းစားဖြယ္ရွိေနၿပီး တိုက္စစ္မႉး ဂ်ီးဆပ္စ္နဲ႔ ေနာက္ခံလူ လာေပါ့တို႔လည္း အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနပါတယ္။

အာဆင္နယ္က စတာလင္းနဲ႔ မာရက္ဇ္ ႏွစ္ေယာက္စလုံးကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ မန္စီးတီးလက္ေထာက္အျဖစ္ တာဝန္ယူခဲ့စဥ္က သူတို႔နဲ႔ လက္တြဲခဲ့ဖူးသူျဖစ္ပါတယ္။
ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ကို ေခၚယူႏိုင္ဖို႔ အာဆင္နယ္ရဲ႕ႀကိဳးစားမႈက အခက္ေတြ႕လာႏိုင္ၿပီး ဘ႑ာေရးအရ စဥ္းစားရမွာျဖစ္သလို ဥေရာပၿပိဳင္ပြဲကစားခြင့္မရတဲ့အခ်က္ကလည္း တားဆီးလာႏိုင္ပါတယ္။

ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔က အဂၤလန္လက္ေ႐ြးစင္စတာလင္းကို ေခၚယူဖို႔ ကာလရွည္စိတ္ဝင္စားခဲ့ဖူးပါတယ္။

မန္စီးတီးကလည္း ေႏြရာသီမွာ အင္အားျဖည့္တင္းႏိုင္ဖို႔ ျပင္ဆင္ေနၿပီး ကြင္းလယ္ပိုင္းအတြက္ အဓိကပစ္မွတ္အျဖစ္ ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ခ်္ကို ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။