ချန်ပီယံက မန်စီးတီးလား.. ချယ်လ်ဆီးလား..

၂၀၂၀-၂၁ ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ချယ်လ်ဆီးအသင်းတို့ဟာ ဒီည(မြန်မာစံတော်ချိန် တနင်္ဂနွေမနက် ၁:၃၀)မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ချန်ပီယံဆုဖလားရယူနိုင်ဖို့ နှစ်သင်းစလုံး အစွမ်းကုန်ကြိုးပမ်းကြမှာဖြစ်ပါတယ်။


မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ ၂၀၁၀-၁၁ ရာသီတုန်းက ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆုနဲ့ဝေးကွာနေပြီး သူက ဘာစီလိုနာနည်းပြဘဝမှာ ချန်ပီယံလိဂ်(၂)ကြိမ်ရယူခဲ့တာကြောင့် ဒီတစ်ကြိမ်ထပ်ရမယ်ဆိုရင်တော့ လီဗာပူးလ်ဂန္ထဝင်နည်းပြပီယာစလေ၊ အေစီမီလန်နဲ့ ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီ၊ ရီးယဲလ်နည်းပြဟောင်းဇီဒန်းတို့လိုပဲ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်အထိရယူနိုင်ခဲ့တဲ့နည်းပြတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ်ရပ်တည်နိုင်မှာပါ။


ချယ်လ်ဆီးနည်းပြတူချယ်လ်ကတော့ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်တာဖြစ်ပြီး ချယ်လ်ဆီးအသင်းသမိုင်းမှာ ဒီမတ်တီယို(၂၀၁၁-၁၂)ပြီးရင် ချန်ပီယံလိဂ်ဖလားကို ဒုတိယအကြိမ်မြောက်ရယူနိုင်မယ့်နည်းပြအဖြစ် မှတ်တမ်းဝင်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

မန်စီးတီးနဲ့ချယ်လ်ဆီးအသင်းတို့ဟာ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာ မကြာခဏဆုံတွေ့ခဲ့ဖူးပေမယ့် ချန်ပီယံလိဂ်မှာတော့ အခုမှပထမဆုံးအကြိမ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲသမိုင်းမှာတော့ ၁၉၇၀-၇၁ ရာသီ Cup Winners’ Cup ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး ချယ်လ်ဆီးအသင်းက အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံးမှာ (၁-ဝ)ဂိုးရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ပြည်တွင်းဖလားဗိုလ်လုပွဲအဆင့်မှာ ဒီနှစ်သင်းဆုံတွေ့ခဲ့ဖူးတာက ၂၀၁၈-၁၉ ရာသီ လိဂ်ဖလားဗိုလ်လုပွဲမှာဖြစ်ပြီး မန်စီးတီးအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ နည်းပြဘဝတစ်လျှောက် ဗိုလ်လုပွဲ(၂၂)ကြိမ်အထိဆင်နွှဲခဲ့ဖူးပြီး အံ့အားသင့်ဖို့ကောင်းတာက အဲဒီအကြိမ်တိုင်းမှာ ရှုံးပွဲလုံးဝမရှိဘဲ ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ခဲ့တာပါပဲ။

ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ၂၀၁၁-၁၂ ရာသီတုန်းက ဘယ်သူမှမထင်မှတ်ထားတဲ့အနေအထားကနေ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို အဲဒီရာသီကလိုပဲ ဒီရာသီ ရာသီဝက်မှာ နည်းပြအပြောင်းအလဲဖြစ်ခဲ့တာ၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ပေါ်တူဂီကလပ်၊ စပိန်ကလပ်တွေကိုကျော်ဖြတ်နိုင်ခဲ့တာစတဲ့အချက်တွေနဲ့တူညီနေတာကြောင့် ကံကြမ္မာရဟတ် တစ်ပတ်ပြန်လည်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။


ဒီရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပေါ်တိုမှာရှိတဲ့ Estádio do Dragão ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲကို ပရိသတ်(၁၅,၀၀၀)ကျော် ကြည့်ရှုခွင့်ရထားတာကြောင့်

ဘယ်အသင်းက ကိုယ့်ပရိသတ်တွေရှေ့ မှာ ချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

zawgyi

ခ်န္ပီယံက မန္စီးတီးလား.. ခ်ယ္လ္ဆီးလား..

၂၀၂၀-၂၁ ရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ မန္စီးတီးနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ဟာ ဒီည(ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြမနက္ ၁:၃၀)မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ၿပီး ခ်န္ပီယံဆုဖလားရယူႏိုင္ဖို႔ ႏွစ္သင္းစလုံး အစြမ္းကုန္ႀကိဳးပမ္းၾကမွာျဖစ္ပါတယ္။

မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာ ၂၀၁၀-၁၁ ရာသီတုန္းက ဘာစီလိုနာအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူခဲ့ၿပီးေနာက္ပိုင္း ခ်န္ပီယံဆုနဲ႔ေဝးကြာေနၿပီး သူက ဘာစီလိုနာနည္းျပဘဝမွာ ခ်န္ပီယံလိဂ္(၂)ႀကိမ္ရယူခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္ထပ္ရမယ္ဆိုရင္ေတာ့ လီဗာပူးလ္ဂႏၴဝင္နည္းျပပီယာစေလ၊ ေအစီမီလန္နဲ႔ ရီးယဲလ္နည္းျပေဟာင္း အန္ဆယ္ေလာ့တီ၊ ရီးယဲလ္နည္းျပေဟာင္းဇီဒန္းတို႔လိုပဲ ခ်န္ပီယံလိဂ္ဖလားကို (၃)ႀကိမ္အထိရယူႏိုင္ခဲ့တဲ့နည္းျပေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္ရပ္တည္ႏိုင္မွာပါ။
ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္ကေတာ့ နည္းျပဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ေရာက္ႏိုင္တာျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းသမိုင္းမွာ ဒီမတ္တီယို(၂၀၁၁-၁၂)ၿပီးရင္ ခ်န္ပီယံလိဂ္ဖလားကို ဒုတိယအႀကိမ္ေျမာက္ရယူႏိုင္မယ့္နည္းျပအျဖစ္ မွတ္တမ္းဝင္ႏိုင္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။
မန္စီးတီးနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ဟာ ျပည္တြင္းဖလားၿပိဳင္ပြဲေတြမွာ မၾကာခဏဆုံေတြ႕ခဲ့ဖူးေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ အခုမွပထမဆုံးအႀကိမ္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဥေရာပၿပိဳင္ပြဲသမိုင္းမွာေတာ့ ၁၉၇၀-၇၁ ရာသီ Cup Winners’ Cup ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီး ခ်ယ္လ္ဆီးအသင္းက အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့စလုံးမွာ (၁-ဝ)ဂိုးရလဒ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။

ျပည္တြင္းဖလားဗိုလ္လုပြဲအဆင့္မွာ ဒီႏွစ္သင္းဆုံေတြ႕ခဲ့ဖူးတာက ၂၀၁၈-၁၉ ရာသီ လိဂ္ဖလားဗိုလ္လုပြဲမွာျဖစ္ၿပီး မန္စီးတီးအသင္းက ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ မန္စီးတီးအသင္းနည္းျပဂြါဒီယိုလာဟာ နည္းျပဘဝတစ္ေလွ်ာက္ ဗိုလ္လုပြဲ(၂၂)ႀကိမ္အထိဆင္ႏႊဲခဲ့ဖူးၿပီး အံ့အားသင့္ဖို႔ေကာင္းတာက အဲဒီအႀကိမ္တိုင္းမွာ ရႈံးပြဲလုံးဝမရွိဘဲ ခ်န္ပီယံဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာပါပဲ။
ဒါေပမဲ့ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၁-၁၂ ရာသီတုန္းက ဘယ္သူမွမထင္မွတ္ထားတဲ့အေနအထားကေန ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့သလို အဲဒီရာသီကလိုပဲ ဒီရာသီ ရာသီဝက္မွာ နည္းျပအေျပာင္းအလဲျဖစ္ခဲ့တာ၊ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္၊ ဆီမီးဖိုင္နယ္အဆင့္ေတြမွာ ေပၚတူဂီကလပ္၊ စပိန္ကလပ္ေတြကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာစတဲ့အခ်က္ေတြနဲ႔တူညီေနတာေၾကာင့္ ကံၾကမၼာရဟတ္ တစ္ပတ္ျပန္လည္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ေပၚတိုမွာရွိတဲ့ Estádio do Dragão ကြင္းမွာ က်င္းပသြားမွာျဖစ္ၿပီး ဒီပြဲကို ပရိသတ္(၁၅,၀၀၀)ေက်ာ္ ၾကည့္ရႈခြင့္ရထားတာေၾကာင့္ ဘယ္အသင္းက ကိုယ့္ပရိသတ္ေတြေရွ႕ မွာ ခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ခြင့္ရမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ . .