ယူနိုက်တက်ရဲ့ နံပါတ် 10 ဂျာစီနဲ့ မထိုက်တန်ဘူးလို့ အပြောခံလိုက်ရတဲ့ ရက်ရှ်ဖို့

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်းကို နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာမှာ ရှူံးနိမ့်ခဲ့တာကြောင့် ဒီနှစ်လည်း ဖလားမရှိ ခွက်မမိကိန်း ဆိုက်ခဲ့ရပြန်ပါတယ်။

ဗိုလ်လုပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ အားရလောက်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ကစားသမားတချို့ကလည်းအဲ ဒီပွဲမှာ ခြေမပေါ်ဘဲ ဖြစ်ခဲ့ပါတယ်။


ခြေစွမ်းကောင်း မပြနိုင်တဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့လည်း ပါဝင်ခဲ့ပါတယ်။
ရက်ရှ်ဖို့ဟာ ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲရယူသွားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကို အသုံးမချနိုင်ခဲ့ပါဘူး။


ရှူံးပွဲဟာ အပြစ်ပြောစရာတွေကိုပါ ပေးခဲ့ပါတယ်။
ရက်ရှ်ဖို့က သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဆိုရင် လူမျိုးရေးခွဲခြားတဲ့ စာသားတွေချည်း အနည်းဆုံး (၇၀)နီးပါးလောက်ရှိနေတယ်လို့ တွစ်တာပေါ်ကနေ ရေးသားဖော်ပြခဲ့ပါတယ်။

ဂယ်ရီနဗီးလ် ကတော့ ရက်ရှ်ဖို့ကို ဂျာစီ နံပါတ် ၁၀ နဲ့ မထိုက်တန်ဘူးလို့ ဆိုထားတာပါ။

ဂယ်ရီနဗီးလ်က ” ကျွန်တော် အရမ်းဒေါသထွက်မိတယ်။
ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ဒီခရီးကို ဘော့စ်ဟာ နေမကောင်းတဲ့ကြားကနေလိုက်သွားခဲ့တယ်။


ဘော့စ်ရဲ့ သိက္ခာကို သူကကျဆင်းစေခဲ့တယ်”

“ဂိုးရနိုင်တဲ့ အခွင့်အရေးတွေဖြုန်းတယ်။

ယူနိုက်တက်ရဲ့ မျှော်လင့်ချက် ဖလားကို ရေစုန်မျှောပစ်တယ်။

အသည်းကွဲတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဘေးချိတ်ပြီး အကောင်းဆုံး ကစားသင့်တာပါ။”

“ကျောနံပါတ် ၁၀ကို ဝတ်ဆင်ပြီး လာကြည့်တဲ့ ဝိန်းရွန်းနီ ရဲ့ သိက္ခာကိုလည်း ဆက်တိုက်ချနေသလိုပါပဲ။
ဒီကောင်လေး ကနံပါတ် ၁၀နဲ့ ဘယ်လိုမှ မထိုက်တန်ဘူး။


အဲဒီဂျာစီကို ချွတ်ခိုင်းသင့်ပါပြီ” လို့ လူမှုကွန်ရက်တစ်ခုမှာ ရေးသားထားပါတယ်။

zawgyi

ယူနုိက္တက္ရဲ႕ နံပါတ္ 10 ဂ်ာစီနဲ႔ မထိုက္တန္ဘူးလို႔ အေျပာခံလိုက္ရတဲ့ ရက္ရွ္ဖို႔
ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာ ယူႏိုက္တက္အသင္းဟာ ဗီလာရီးရဲလ္အသင္းကို ေနာက္ဆုံး ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရာမွာ ရႉံးနိမ့္ခဲ့တာေၾကာင့္ ဒီႏွစ္လည္း ဖလားမရွိ ခြက္မမိကိန္း ဆိုက္ခဲ့ရျပန္ပါတယ္။

ဗိုလ္လုပြဲစဥ္မွာ ယူႏိုက္တက္တို႔ဟာ အားရေလာက္စရာေကာင္းတဲ့ ေျခစြမ္းမ်ိဳးကို မျပသႏိုင္ခဲ့တဲ့အျပင္ အသင္းရဲ႕ ကစားသမားတခ်ိဳ႕ကလည္းအဲ ဒီပြဲမွာ ေျခမေပၚဘဲ ျဖစ္ခဲ့ပါတယ္။
ေျခစြမ္းေကာင္း မျပႏိုင္တဲ့ ကစားသမားေတြထဲမွာ တိုက္စစ္မႉး ရက္ရွ္ဖို႔လည္း ပါဝင္ခဲ့ပါတယ္။

ရက္ရွ္ဖို႔ဟာ ဦးေဆာင္ဂိုးအျဖစ္ ေျပာင္းလဲရယူသြားႏိုင္မယ့္ အခြင့္အေရးေကာင္းတစ္ခုကို အသုံးမခ်ႏိုင္ခဲ့ပါဘူး။
ရႉံးပြဲဟာ အျပစ္ေျပာစရာေတြကိုပါ ေပးခဲ့ပါတယ္။
ရက္ရွ္ဖို႔က သူ႔ရဲ႕လူမႈကြန္ရက္ေပၚမွာဆိုရင္ လူမ်ိဳးေရးခြဲျခားတဲ့ စာသားေတြခ်ည္း အနည္းဆုံး (၇၀)နီးပါးေလာက္ရွိေနတယ္လို႔ တြစ္တာေပၚကေန ေရးသားေဖာ္ျပခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ ကေတာ့ ရက္ရွ္ဖို႔ကို ဂ်ာစီ နံပါတ္ ၁၀ နဲ႔ မထိုက္တန္ဘူးလို႔ ဆိုထားတာပါ။

ဂယ္ရီနဗီးလ္က ” ကြၽန္ေတာ္ အရမ္းေဒါသထြက္မိတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ပထမဆုံး ဒီခရီးကို ေဘာ့စ္ဟာ ေနမေကာင္းတဲ့ၾကားကေနလိုက္သြားခဲ့တယ္။
ေဘာ့စ္ရဲ႕ သိကၡာကို သူကက်ဆင္းေစခဲ့တယ္”
“ဂိုးရႏိုင္တဲ့ အခြင့္အေရးေတြျဖဳန္းတယ္။

ယူႏိုက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္ ဖလားကို ေရစုန္ေမွ်ာပစ္တယ္။
အသည္းကြဲတယ္ဆိုတဲ့ ကိုယ္ေရးကိုယ္တာ ကိစၥေတြကို ေဘးခ်ိတ္ၿပီး အေကာင္းဆုံး ကစားသင့္တာပါ။”
“ေက်ာနံပါတ္ ၁၀ကို ဝတ္ဆင္ၿပီး လာၾကည့္တဲ့ ဝိန္း႐ြန္းနီ ရဲ႕ သိကၡာကိုလည္း ဆက္တိုက္ခ်ေနသလိုပါပဲ။
ဒီေကာင္ေလး ကနံပါတ္ ၁၀နဲ႔ ဘယ္လိုမွ မထိုက္တန္ဘူး။
အဲဒီဂ်ာစီကို ခြၽတ္ခိုင္းသင့္ပါၿပီ” လို႔ လူမႈကြန္ရက္တစ္ခုမွာ ေရးသားထားပါတယ္။